ရှောင်းကျန့်စကားကြောင့် အနည်းငယ် ရှက်မိသွားတဲ့ ဝမ်ရိပေါ်။ သူထင်တာက ကုမ္ပဏီကိုရောက်ရင် သူရှောင်းကျန့်ကို အားပေးနိုင်မယ်လို့ထင်ထားတာ ။ ဒါပေမယ့် ဒီများပြားလွန်းလှတဲ့ လူအုပ်ကြီးကိုမြင်တော့ သူထိတ်လန့်မိသွားမိတာလေ ။ အခု ရှောင်းကျန့်စကားပြန်ကြားလိုက်မှ သူအသိပြန်ကပ်ရသည်။ ကိုကို့လို့ အားနည်းချက်နဲ့ ရှင်သန်နေရတဲ့လူကတောင် သူ့ကိုပြန်ပြီး အားပေးစကားပြောရတယ်ဆိုတော့ သူအရမ်းသူရဲဘောကြောင်နေသလိုပဲ။ ဝမ်ရိပေါ်ခေါင်းလေးခါပြီး အားငယ်စိတ်တွေ မောင်းထုတ်ပစ်လိုက်တယ်။

" ကိုကို ကျွန်တော်အဆင်ပြေပါတယ် "

ညိုးငယ်တဲ့မျက်နှာလေးနဲ့ ငြိမ်သက်စွာတွေးနေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် မျက်မှန်မဲကြီးအောက်က မျက်ဝန်ညိုတွေနဲ့ စိုက်ကြည့်နေသည်။ တစ်ယောက်တည်း ခေါင်းငြိမ့် ခေါင်းခါလုပ်နေသည့် ဝမ်ရိပေါ်သည် အတန်ကြာမှ သက်ပြင်းအသာချပြီး ခေါင်းလေးငြိမ့်ပြန်သည်။ ပြီးမှ လေသံတိုးတိုးနဲ့သူ့ကို အဆင်ပြေပါတယ်တဲ့....။

ဝမ်ရိပေါ်အသံကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးသည် ပြုံးသွားရသည်။ အရင်တုန်းက သူ့ကိုပြောထားတာများ လေတစ်လုံး မိုးတစ်လုံး ။ ဒီရှောင်းကုမ္ပဏီကြီးကို သူ့ပါပါးနားက လုယူမယ်ဆိုပဲ။ အခုတော့ လုယူမယ့်ကောင်က ခြေကောင်းလက်ကောင်းနဲ့ ကြောက်နေလိုက်ပုံများ လက်တွေတောင်တုန်ရီပြီး အေးစက်နေလို့။ ရှောင်းကျန့်သူ့လက်ပေါ်ရှိ လက်ဖဝါးလေးကို အသာဖယ်ချတော့ သူ့ကို မျက်လုံးဝိုင်းလေးနဲ့ ပြူးကြည့်လာတဲ့ဝမ်ရိပေါ်။ ဒါကိုရှောင်းကျန့် မသိချင်ယောင်ဆောင်ပြီး ဝမ်ရိပေါ်လက်လေးကို သူ့လက်ဖက်ဝါးနွေးနွေးထဲထည့်ကာ ဆုတ်ကိုင်ထားပေးလိုက်သည်။

ဝမ်ရိပေါ် သူ့လက်လေးကို နွေးထွေးစွာ ဆုတ်ကိုင်ပေးလာတဲ့ လက်လေးကိုငုံ့ကြည့်ပြီး တွေးလိုက်မိသေးသည် ။ ကိုကိုက သူ့ကို မမုန်းတော့ဘူးလားလို့ ။ ခုနောက်ပိုင်း ကိုကိုက သူ့ကိုအရင်ကနဲ့မတူစွာ ဆက်ဆံမှုပြုလာသည်လေ။ ဒါပေမယ့် မသေချာတဲ့ အတွေးတွေပါ။

ထိုအချိန်မှာပင် ရှောင်းကျန့်ထိုင်နေတဲ့ဘက်ရှိ ကားတံခါးလေးဖျက်ကနဲပွင့်လာခဲ့ပြီး စကားသံလေးတစ်ခုထွက်လာခဲ့သည်။

Love is Blind ( Completed  )Where stories live. Discover now