22.Holding_You

Começar do início
                                    

.......................

"ပါးပါး...အီး...ဟီး...ဟီး...ဟင့်!..."

"မငိုနဲ့တော့သားငယ် ပါးပါးတို့ရှိတယ်..."

ဝမ်ပါးရင်ခွင်ထဲကလေးလေးတစ်ယောက်လိုငိုရိုနေသည့်ရိပေါ်ကိုကြည့်ပြီးရီလျှမ်းဒေါသကအုံတငွေ့ငွေ့။ဝမ်ပါးကတော့ရိပေါ်ကျောပြင်လေးကိုပွတ်ပေးရင်းအံတကြိတ်ကြိတ်နဲ့ရီလျှမ်းကိုမျက်လွှာချလို့ကြည့်တယ်။ဖြစ်သွားပြီးမှတော့ဘယ်တတ်နိုင်မလဲ။

"ရှောင်းကျန့်ကိုပြောပြသင့်တယ်လို့ထင်တယ်ရီလျှမ်း...ဒီကိစ္စကသူနဲ့တိုက်ရိုက်ပတ်သပ်နေတာဆိုတော့..."

"ပါးပါး!..."

ဝမ်ပါးစကားကြားမှအလန့်တကြားခေါင်းထောင်ကြည့်လာသည့်ကောင်လေး။သူတောင်စသိသိချင်းအရမ်းလန့်သွားခဲ့ရတာဆိုတော့ဦးငယ်လက်မခံမှာရိပေါ်တကယ်စိုးရိမ်သည်။နော်ဝေးရောက်ပြီးလပိုင်းလောက်မှာပဲသူ့မှာဦးငယ်နဲ့ရတဲ့ရင်သွေးလေးရှိနေကြောင်းရိပေါ်သိလိုက်ရတာ။

ပါးပါးတို့ပြောပြထားလို့သူကယောက်ျားလေးပေမဲ့သန္ဓေသားဆောင်နိုင်သည့်သားအိမ်ပါလာမှန်းရိပေါ်ငယ်ငယ်ကတည်းကသိထားပေမဲ့ဦးငယ်နဲ့တခါလောက်အတူနေမိရုန်နဲ့ဒီအခြေနေရောက်လိမ့်မယ်လို့မတွေးမိရိုးအမှန်။ဒါကြောင့်လည်းရိပေါ်ဦးငယ်ကိုဘယ်လောက်ချစ်ချစ်အနေအထိုင်ဆင်ခြင်ခဲ့တာပင်။

"ဝမ်လေးတားလို့မရဘူးနော်...ယောက်ျားဆိုတာလုပ်ရဲရင်ခံရဲရတယ်...တီလေးခုပဲရှောင်းကျန့်စီသွားမယ်!..."

"တီလေး!...မဟုတ် တီလေး!!!..."

ခပ်ပြတ်ပြတ်ပြောပြီးကားသော့ဆွဲကာလှည့်မကြည့်တမ်းထွက်သွားသည့်ရီလျှမ်းကြောင့်ရိပေါ်ရင်တွေပူလာသည်။ပထမအချက်ကဦးငယ်မယုံမှာ နောက်တစ်ခုကဦးငယ်ယုံရင်တောင်ဦးငယ်အသိုင်းအဝိုင်းကပေးလာမည့်ထင်ကြေးအမျိုးမျိုး ရိပေါ်ခံနိုင်ရည်မရှိပါ။သူ့ကိုသိပ်ချစ်ပါတယ်ဆိုသည့်ဦးငယ်ကနှုတ်မဆက်ပဲထွက်သွားပြီးမှပြန်လာသည့်သူ့ဗိုက်ထဲကကလေးလေးကိုလက်ခံနိုင်မှာလား။

....................

"မင်းတို့ရဲ့CEOရှောင်းနဲ့တွေ့ဖို့လာတာ!..."

FOLLOW ME[Complete]Onde histórias criam vida. Descubra agora