အခန်းတံခါးကို ဖွဖွလေး ‌ခေါက်ရင်း ခွင့်ပြုချက်မမည်သော အသိပေးချက်လေးအား

"မေမေ ကျဝောာ် သွားတော့ မယ်နော်"

"......."

"နေမကောင်းရင် အခန်းတွင်းပဲ အောင်းမနေနဲ့အုံး အစာလေးတော့၀င်အောင်စားပြီး ဆေးသောက်အုံးနော် မေမေ"

"......."

ထုံစံအတိုင်း ဘာမှတုံ့ပြန်လာမှူမရှိသဖြင့်
သက်ပြင်းတစ်ချက်ကိုမှုတ်ထုတ်ရင်း
ထိုနေရာမှ လှည့်ထွက်လာခဲ့လိုက်သည်

နံရံတဖက်ခြားထားတဲ့  သူမရဲ့ ၀မ်းနည်းပူဆွေးခြင်းတွေ နဲ့ အတူ အကျည်းတန်တဲ့
မျက်ရည်တွေကိုတော့ Taehyung ဘယ်မြင်နိုင်ပါ့မလဲ

.........။

အခန်းတံခါးရဲ့ အလယ်ပိုင်းနား အထက်ပိုင်းလောက်မှာ လေးထောင့်စတုရန်းပုံအကွက်
လေးရှိသည် ။ ထိုနေရာကနေ Hoseok ကို
မြင်ရကောင်းချည်ရဲ့ဆိုပြီး ခဏခဏ
ချောင်းကြည့်တတ်ပေမယ့်လည်း အရာမ၀င်
တစ်ဖက်က အ၀တ်လွှာပါးပါး နဲ့ ကာထားပုံရတယ်ထင်ပါရဲ့

သူ့မျက်နှာလေးကို မြင်ရရုံတင် လုံလောက်ပါပြီ

"Taehyung ..."

ပခုံးပေါ်ကျရောက်လာသော နူးနူးညံ့ညံ့
အထိအတွေ့ကြောင့် ရုတ်ချည်းလှည့်ကြည့်
လိုက်တော့ သူ့ကို နွေးထွေးစွာ ပြုံးပြနေတဲ့
Jimin အား တွေ့လိုက်ရသည်

"ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်အုံးမှပေါ့ကွာ
အချိန်တောင် လင့်နေပြီ လာ ငါနဲ့အတူတူ
နေ့လည်စာသွားရအောင်"

ခေါင်းတချက်သာ ငြိမ့်ပြလိုက်ရင်း
ထိုအခန်းအတွင်းမှာ လဲလျောင်းနေပုံရသည့်
လူသားအား စိတ်ထဲက မှန်း၍ ပုံဖော်ကြည့်ကာ
အမြန်သတိရပါစေလို့ ထပ်ပြီး ဆုတောင်းလိုက်မိသည်

..........။

အငွေ့တစ်ထောင်းထောင်း ထ နေသော ခေါက်ဆွဲ
ပြုတ်ပန်းကန်ကို ကြည့်ပြီး စားချင်စိတ် ဆိုတဲ့
အရာကို မနည်းလိုက်ပြီး စုစည်းနေရသည်
အမှန်တိုင်းပြောရရင် သူတစ်စက်မှ စားချင်စိတ်မရှိပါ
အရင်နေ့တွေတုန်းကလည်း အစားကို တို့ကနန်းဆိတ်ကနန်းပင်စားရင်း ပြီးဆုံးသွားခဲ့သည်ကများ၏
ယခုလည်း Jimin ကို အားနာ ၍ သာ ထိုနေရာထိရောက်လာခဲ့ခြင်းဖြစ်သည်

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now