------------------------------------------
" Pa Kim... ကျန်းမာရေးကိုသာ ဂရုစိုက်ပါနော် ။ Ji တို့ကို စိတ်ချပါ ။ Ji တို့ ကိုယ့်ဘဝကိုယ်ကျောင်းနိုင်အောင် ကြိုးစားပါ့မယ် ။ Pa Kim ကိုလည်း အမြဲလာတွေ့ပါ့မယ် ။ ထောင်ကထွက်လာရင်လည်း Pa Kim ကို လာကြိုမယ်နော် "
Jisoo က ခပ်ယဲ့ယဲ့ အပြုံးလေးနဲ့
ပြောနေပေမယ့် Jendeuk ကတော့ တအီအီနဲ့ ငိုနေလေသည် ။ ကလေးတွေကို ဒီလိုပုံစံနဲ့ ထွက်တွေ့ရတာ Yang Hyun-Suk တကယ်စိတ်မကောင်းဖြစ်မိပေမယ့် ဘယ်တတ်နိုင်မလဲလေ ။ ကိုယ်က ပိုင်မယ် ထင်ခဲ့တာကိုး ။ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ကလေးတွေကို ဝန်ထုတ်ဝန်ပိုးကြီး တစ်ခုလို မခံစားစေချင် ။
ထို့ကြောင့် စိတ်ထဲတွေးထားတဲ့အတိုင်းပဲ Jisoo ကို ပြောလိုက်သည် ။
" Pa Kim စိတ်ချပါတယ် ။ BB တို့ ညီအစ်ကို ကိုလည်း မှာပြီးပါပြီ ။ ဒီအလုပ်တွေ
ထပ်မလုပ်တော့ဖို့လေ ။ ဒါပေမယ့် အဲ့ကလေးနှစ်ယောက်က ပြောမရဘူး ။ ယောကျာ်းလေးတွေဆိုတော့လည်း Pa Kim အဲ့လောက် စိတ်မပူပါဘူး ။ အဓိက က J1J2 ပဲ ။ J 1 လည်း ပြောဖူးတယ်မလား ။
ဒီအလုပ်တွေ ဆက်မလုပ် ချင်တော့ဘူးဆို ။ အဲ့ဒါကြောင့် Pa Kim အခုပြောမှာကို သေချာနားထောင်နော် J1 လေး ။ Pa Kim ပြောတဲ့အတိုင်း လုပ်ရမယ်နော် "
Jisoo Pa Kim ဘာပြောမယ်မှန်းမသိပေမယ့် သူ စိတ်ချမ်းသာအောင် ပြောသမျှ နားထောင်မယ်ဟု တွေးကာ ခေါင်းညိတ်ပြလိုက်သည် ။ Jendeuk ကတော့ အငိုတိတ်ကာ မျက်လုံးဝိုင်းလေးနဲ့ ကြည့်နေသည် ။
" J1 နဲ့ J2 ဘူဆန် ကို ပြောင်းနေလိုက်ကြပါ ။ BB တို့ ညီအကိုကတော့ ဒီမှာပဲ ဆက်နေကြမှာမို့ သူတို့နဲ့ အတူတူဆက်နေရင် J1 တို့
ဒီ ဒုစရိုက်တွင်းထဲက ထွက်နိုင်မှာမဟုတ်ဘူး ။ နေစရာအတွက်က Pa Kim စုထားတာလေးတွေကို ခွဲယူလိုက်ကြပြီး ရတဲ့ ပိုက်ဆံနဲ့ ဖြစ်အောင်နေကြပြီး ဘဝကို ကြိုးစားပြီး ဖြတ်သန်းကြနော် ။ J1 ကို Pa Kim ယုံပါတယ် ။ J2 လေးကို သေချာစောင့်ရှောက်နိုင်မယ်ဆိုတာ ။ ရိုးရိုးသားသား အလုပ်တစ်ခုခုသာ ကြိုးစားပြီး လုပ်ကြနော် ။ Pa Kim လို လိုက်မမှားပါနဲ့ ။ ငါ့သမီးလေးတွေကို
Pa Kim ထောင်က ထွက်လာရင် တင့်တင့်တယ်တယ် ဘဝလေးနဲ့ ဖြစ်နေတာကို မြင်ချင်တယ် ။ နော် Pa Kim ပြောသလို လုပ်မယ်မလား "
BINABASA MO ANG
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 6
Magsimula sa umpisa
