" အင်း... ဟီးဟီး "

" ဘာရီတာလဲ "

" Arrnyi... ဘာမှမဟုတ်ပါဘူး ။ Dalgomi ကို ငါ့စောင် အပိုင်ပေးလိုက်တော့မယ်လို့ တွေးမိလို့ "

" ဟင်.... ဘာလို့လဲ "

" ဒီတိုင်း နင်နဲ့ တစ်စောင်တည်းခြုံရတာ ပိုနွေးတယ်လေ ဟဲဟဲ "

Jisoo စကားကြောင့် Jennie အပြုံးကြီးနဲ့ မျက်စောင်းထိုးလိုက်သည် ။ ပြီးတော့ ခေါင်မိုးကို ငေးကြည့်နေကာ ခဏလောက် ငြိမ်သွားပြန်သည် ။

" Ji "

" အင်း "

" နင်နဲ့ Pa Kim နဲ့ ပြောနေတာတွေ ငါ အကုန်ကြားတယ် ။ နင်... နင် ငါ့ကြောင့်နဲ့ ပင်ပန်းမှာကို မလိုလားဘူးဟာ ။ နင် ဘာလို့ ငါ့အတွက်ပဲ အမြဲတွေးနေရတာလဲ "

" အာ.... နင် ကြားသွားတာလား ။ ဒီမှာ Jendeuk သေချာနားထောင်နော် ။ ငါ နင့်အတွက်ပဲ တွေးပြီး လုပ်တာမဟုတ်ဘူး ။
ငါတို့နှစ်ယောက်လုံးအတွက်ပါ ။ ငါတို့နှစ်ယောက် အမြဲတူတူရှိနေနိုင်ဖို့ပဲ ငါ အမြဲတွေးတယ် ။ အဲ့ဒါကြောင့် နင် စိတ်ထဲမထားပါနဲ့ ။ နင်လည်း ငါနဲ့ မခွဲနိုင်ဘူးမလား Jendeuk ရဲ့ ။ အဲ့တော့ ခွဲရမယ့်အကြောင်းတွေ ဖြစ်စေမယ့် ဘာတစ်ခုမှ ငါတို့ မလုပ်ကြစို့လေ နော် "

Jisoo စကားကြောင့် Jennie Jisoo ကို တွေတွေလေး ငေးကြည့်နေမိသည် ။
ဘာမှမရှိဘူးလို့ ထင်ထားတဲ့ ဘဝမှာ Jisoo ရှိနေခြင်းက အရာရာအတွက် ပြီးပြည့်စုံနေတာမျိုးကို ခံစားရသည် ။

" အင်း.... ငါတို့ ဘယ်တော့မှ မခွဲဘူးနော် ။ ဟိုးငယ်ငယ်လေးတုန်းကလို အမြဲ အတူတူနေကြမယ်နော် ။ နောက်ထပ် အသက်တွေကြီးပြီး အဘွားကြီးတွေ ဖြစ်တဲ့အထိ ဟီးဟီး "

" အမ်.... နင်က အခုလည်း အဘွားကြီးပဲ မဟုတ်ဘူးလား "

" Borr???? Kim Jisoo...  "

Jennie ပြောလည်းပြော လက်ကလည်း စောင်အောက်က Jisoo ဗိုက်ကို လိမ်ပြီးသား ။

" Arhhh... Arhh.... စတာ.. စတာ လေ Jendeukie ရ... နာတယ် နာတယ်... မပြောတော့ဘူးနော် heee"

" ဟင်း..... မျက်နှာရူး "

" ဘာပဲဖြစ်ဖြစ် ချောတယ်မလား ဟဲဟဲ "

" Omo...ဘယ်သူက ပြောလဲ "

" မှန်က ပြောတာ ။ ငါ မှန်ကြည့်တိုင်း ချောတယ်လို့ပဲ အမြဲပြောခံရတယ် ။ ဖူး မလွယ်ပါဘူးနော် "

Jisoo မျက်မှောင်လေးကြုံ့ကာ မေးစေ့က
အချိုင့်လေးတွေပေါ်တဲ့အထိ မဲ့လိုက်ရင်း ခေါင်းတခါခါနဲ့  လုပ်ပြနေတာမို့ Jennie တစ်ခစ်ခစ်နဲ့ ရီမိတော့သည် ။

" အိပ်တော့ အိပ်တော့ ... ငါ အူတက်မသေခင်...
အမလေး!!! ဘုရားသခင်... "

Jennie ရီပြီးပြောနေတုန်းမှာပဲ အိမ်ဘေးက ရထားလမ်းက ရထားသွားလို့ ဝေါခနဲ ထမြည်တော့ ခန္ဓာကိုယ်လေး တုန်တက်သွားပြီး လက်ကလည်း Jisoo လက်ကို လှမ်းဆုပ်လိုက်သည် ။ Jisoo ကတော့ အခုချိန်ထိ ရထားသံတွေကို အသားမကျသေးတဲ့ အရမ်းလန့်တတ်တဲ့ Jennie ကိုကြည့်ကာ ရီနေမိသည် ။

" ဘာမှမဖြစ်ဘူး.... အိပ်တော့ အိပ်တော့ ။ ငါ ရှိတယ်နော် "

Jisoo ပြောလည်းပြော Jendeuk ရဲ့ ပခုံးလေးကိုလည်း ခပ်ဖွဖွ ပုတ်ပေးနေလိုက်သည် ။
အဲ့အခါကျမှ Jennie က ပါးလေးမို့တက်သွားတဲ့အထိ ပြုံးပြီး Jisoo ကိုယ်ပေါ်ကို လက်ရော ခြေထောက်ပါ တင်လိုက်တာမို့ Jisoo အင့်ခနဲ ဖြစ်သွားသည် ။

" Ooppsss... ဖြည်းဖြည်းလုပ်ပါ Jendeuk ရ... Aigoo.... Jendeukie ကတော့ Jendeukie ပါပဲ ... haha "

 haha "

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



** Sorry for not updating Yesterday,  cause Our Mother's Birthday🌺🌻🌼🌹🌸 **

From Zero to Infinity ~~~Where stories live. Discover now