" ရိုးရိုးသားသား သမ္မာအာဇီဝ ကျကျ အလုပ်တွေက ပိုက်ဆံမရဘူး J 1 ရဲ့ ။
ရရင်တောင် ပင်ပန်းတယ် ။ ပြီးတော့ ရိုးသားနေရင် လူတွေက နှိမ်တတ်တယ် ကလေးရ ။ အဲ့တော့ ဆိုးတေနေမှ လူလေးစားတာ "

Pa Kim က သူ့ဘဝအတွေ့အကြုံနဲ့ ချီပြီး ပြောနေတဲ့ မှတ်သားစရာစကားတွေကို Jisoo စဥ်းစားခန်းတွေ ဖွင့်နေမိသည် ။

☁️ တစ်ခါတလေကျတော့လည်း အမှန်တရားတွေက ဇောက်ထိုးကြီးပါလား... ☁️

" ဒီမှာ ဘာမှ အတွေးရှည်ရှည်တွေ တွေးမနေနဲ့  ခရမ်းသီးလေး.. နော် ။ Pa Kim ကိုလည်း ချွတ်ဖို့ မကြိုးစားနေနဲ့ ။ အဟင်း... J1 ကလေ... Dara နဲ့ အရမ်းတူတာ သိလား ။ Pa Kim ကိုဆို ဒီအလုပ်မလုပ်ဖို့ကို အမြဲပွားနေကျ.. Haha... နောက်ဆုံးတော့လည်း လက်မြှောက်ပြီး ထားသွားတာပဲ ။ အဲ့တော့ J1 လည်း စိတ်လျှော့လိုက် သိလား ။ တစ်ခုရှိတာ J1 လေး သမ္မာအာဇီဝ ကျကျ အလုပ်တစ်ခုခုလုပ်ချင်တယ်ဆို Pa Kim ရှာပေးမယ် ။ နက်ဖြန်ကျ ဟိုကိစ္စ သွားရင်းနဲ့ ရှာခဲ့ပေးမယ် သိလား ။ အဲ့ကျမှ ကိုယ့်ဘာသာ
စဥ်းစားပေါ့ လုပ်နိုင်လား မလုပ်နိုင်လားဆိုတာ နော် "

" Nae... Pa Kim ။ Ji က ဘာမဆို လုပ်နိုင်ပါတယ် ဟဲဟဲ... Kim Jisoo ပါ Pa Kim ရဲ့ "

အခုမှ ပြုံးပြီး smirk တစ်ချက်လုပ်ကာ မျက်ခုံးပါ ပင့်ပြနေသည့် Jisoo ကြောင့် Yang Hyun-Suk  သဘောကျစွာ ရီနေမိသည် ။

သူ လုပ်ချင်တာကို မဖြစ်မနေလုပ်တတ်တဲ့ ကလေးမို့ Jisoo ကိုတော့ သူ စိတ်ချသည်လေ ။ သူလုပ်ချင်တာကို တားဖို့မကြိုးစားတော့ပဲ အားပေးရမှာပေါ့ ။

-------------------------------

Pa Kim နဲ့ စကားပြောပြီး အိပ်ဖို့ရန်အတွက် အခန်းထဲဝင်လာတော့ Jendeuk  ပိစိလေးက စောင်လေးခြုံပြီး ကွေးနေပြီ ။ Dalgomi ကလည်း ခြေရင်းမှာ ကွေးနေလေရဲ့ ။ Jisoo လည်း ကိုယ့်စောင်လေးကို Dalgomi ကို ခြုံပေးလိုက်ပြီး Jendeuk ဘေးနား ခွေခွေလေး ဝင်အိပ်လိုက်သည် ။ ထိုအခါမှ Jendeuk က ဒီဘက်လှည့်လာပြီး သူ့စောင်လေးကို Jisoo ကိုပါ ခြုံပေးလိုက်သည် ။

" ဟင်... Jendeuk မအိပ်သေးဘူးလား "

" ဟင့်အင်း.... နင့်ကို စောင့်နေတာလေ ရော့ စောင်ခြုံထား အေးတယ် "

From Zero to Infinity ~~~Where stories live. Discover now