" အင်း... အဲ့ဒါဆို J1 က ဘယ်လိုတွေးထားလဲ ။ J2 လေးကို အမြဲ ဘေးနားကမခွာပဲ
စောင့်ရှောက်နိုင်ဖို့ ရှေ့ဆက်ပြီး ဘာလုပ်မယ်တွေးမိလဲ "
Yang Hyun-Suk အဖြေကို ကြိုသိနေပေမယ့် Jisoo စိတ်ထဲ သေချာသွားအောင် သူ့အတွေးကို လွတ်လွတ်လပ်လပ် ထုတ်ပြောတတ်အောင် မေးလိုက်သည် ။
" ဟို.. ဟို... Ji ဒီအလုပ်ကို မလုပ်... ချင်.. တော့ဘူး... Pa Kim "
အသံလေး တိမ်ဝင်သွားကာ အပြစ်ရှိတဲ့သူတစ်ယောက်လို ခေါင်းလေးငုံ့သွားပြီး တစ်လုံးချင်းပြောနေတဲ့ Jisoo ကို ကြည့်ကာ Yang Hyun-Suk ခေါင်းညိတ်နေမိသည် ။
" ဟူး.... Pa Kim သိပါတယ် ။ ဒီအလုပ်ကို တစ်ချိန်ကျရင် J1 တို့ စိတ်ကုန်သွားမယ်ဆိုတာ ။ အဲ့ဒါကြောင့်မို့လည်း J1 လေးတို့ အဆင်ပြေပြေနဲ့ အန္တရာယ်ကင်းကင်းဖြစ်စေဖို့ Pa Kim မူးယစ်လိုင်းဘက် ပြောင်းမလို့
စဥ်းစားထားတာလေ "
" ဟမ် "
Jisoo က အလန့်တကြားနဲ့ မျက်နှာလေးမဲ့ပြီး မော့ကြည့်တော့မှ Pa Kim က တဟားဟားနဲ့ ရီနေသည် ။
" ဟားဟားဟား .. J 1 တို့ကို မလုပ်ခိုင်းပါဘူး ။ Pa Kim တစ်ယောက်ပဲ လုပ်မှာ ။ ဒီဘက်က အရောင်းအဝယ်သာ ဖြစ်ရင် အခုလုပ်နေတာတွေ အကုန်ရပ်ပြီး အေးဆေး ဒူးနှံ့နေရုံပဲ J1 ရ ။ Pa Kim နက်ဖြန်တောင် ချိန်းထားသေးတယ် ။ အဲ့ဒါ အဆင်ပြေသွားရင်
Pa Kim တို့ ပွဲသိမ်းပြီ ။ J1 တို့ ဘာမှလုပ်စရာမလိုတော့ဘူး ။ အန္တရာယ်တောထဲလည်း ပြေးစရာမလိုတော့ဘူး နော် ။ စိတ်ချပါ ။
J2 လေးကို ထပ်မငိုစေရဘူး ဟုတ်ပြီလား "
ဘယ်သူမြှောက်ပေးလိုက်မှန်းမသိပေမယ့်
ဒီ မူးယစ်လိုင်းဘက်ပဲ စိတ်အားထက်သန်နေတဲ့ Pa Kim ကိုကြည့်ကာ Jisoo ခေါင်းကုပ်နေမိသည် ။ မကောင်းတဲ့ အန္တရာယ်များတဲ့ အလုပ်မလုပ်ချင်ပါဘူးဆိုမှ Pa Kim တစ်ယောက်ကတော့ ဘယ်တော့မှ ချွတ်မရမယ့် ကျေးဇူးရှင် လူပေတေကြီးပါပဲ ။
" Humm... အဲ့လိုကြီး Pa Kim တစ်ယောက်တည်းလည်း မလုပ်ခိုင်းရက်ပါဘူး ။ တော်ကြာ Pa Kim အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ ။ J1 တို့ တခြားစီးပွားရေး လုပ်ရအောင်လေ Pa Kim ။
တခြား သမ္မာအာဇီဝ ကျကျ ... "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 5
Start from the beginning
