"အရှင်မင်းကြီး..."

ချန်ဧကရာဇ်ရဲ့မျက်နှာထားက ​ဒေါသအလွန်ထွက်​နေပုံ​ပေါ်တယ် " ချစ်လှစွာ​သောအမတ်မင်း...ဒီကိစ္စက မင်းနဲ့ပတ်သက်တဲ့ကိစ္စပဲ..ဒါကိုဘယ်လို​ဖြေရှင်းရမယ်လို့ထင်လဲ..."

ချန်းလန်ကအမူအရာနဲနဲ​လေးမှ​ပြောင်းလဲမသွားပဲ တည်ငြိမ်စွာ​ပြောလိုက်တယ် 
"ကျွန်တော်မျိုးက ဆင့်​​ခေါ်စာရလို့ နန်းတွင်းထဲကို အခုမှ၀င်လာတာပါ..ကျွန်​တော်မျိုးက လက်ရှိဖြစ်​နေတဲ့အ​ခြေအ​နေကို​သေချာနားမလည်​သေးပါဘူး.."

ချန်းလန်ရဲ့စကားကိုကြားတာနဲ့ ယွဲ့​ယောင်ကရုတ်တရပ်လှမ်း​ပြောလိုက်တယ် "ကျွန်မ မင်းသမီးချင်းကွမ်းကို လုပ်ကြံဖို့မကြိုးစားခဲ့ဘူး...သူ ကျွန်မကို စွပ်စွဲ​နေတာ..."

"အတင့်ရဲလိုက်တာ!!!! " ချန်ဧကရာဇ်က ​ဒေါသတကြီးလှမ်း​အော်လိုက်တယ် သူ့အပြုအမူက ခုနကထပ်​တောင်ပိုပြင်းထန်လာ​သေးတယ်

သူ့သမီး​ဘေးနားမှာဒူး​ထောက်​နေတဲ့၀န်ကြီးချုပ်က ယွဲ့​ယောင်ကိုစကားဆက်မ​ပြောဖို့စူးရှတဲ့အကြည့်တစ်ချက်နဲ့အချက်ပြလိုက်ပြီး ​တောင်းပန်လိုက်တယ် "အရှင်မင်းကြီး..
ကျွန်​တော်မျိုးကိုခွင့်လွှတ်​တော်မူပါ...ကျွန်​တော်မျိုး ဒီသမီးမိုက်ကို ​ကောင်း​ကောင်းမသွန်သင်နိုင်ခဲ့ပါဘူး...ကျွန်​တော်မျိုးဖခင်တာ၀န်မ​ကျေပါဘူး.."

ချန်ဧကရာဇ်က​ကျောက်စိမ်းစားပွဲ​ပေါ်မှာတင်ထားတဲ့ လက်ဖက်ရည်ခွက်ကို ၀န်ကြီးချုပ်ဆီပစ်​ပေါက်လိုက်တယ် "မင်းကဒါကိုဖခင်တာ၀န်မ​ကျေဘူးလို့​ပြော​နေ​သေးတယ်​ပေါ့.. မင်းသမီးချင်းကွမ်းသာတစ်ခုခုဖြစ်သွားရင် မင်းတို့အန်းအိမ်​တော်တစ်ခုလုံးကသူ​တွေကို​သေဒဏ်​ပေးလိုက်ရင်​တောင် အပြစ်​ကျွေးမ​ကျေနိုင်ဘူးကွ!!!!...."

လက်ဖက်ရည်ပူပူအပြည့်ပါတဲ့လက်ဖက်ရည်ခွက်က ၀န်ကြီးချုပ်ရဲ့​ကျောကိုထိမှန်သွား​ပေမယ့် ကံ​ကောင်း​ထောက်မစွာနဲ့ရာသီဥတုကအရမ်း​အေး​နေ​တော့ လက်ဖက်ရည်ရဲ့အပူချိန်ကတန်းပြီး​ပျောက်ကွယ်သွားတယ်.....

"မှန်ပါ..မှန်ပါ..ကျွန်​တော်မျိုးကြီး အမှားကိုသိပါပြီ...​ညှာတာ​ထောက်ထား​တော်ပါ..အရှင်မင်းကြီး"  ၀န်ကြီးချုပ်က ဆက်ပြီး​တောင်းပန်​နေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now