မျက်စောင်းလေးထိုးပြီး ပါးစပ်ကလည်း ပွတ်တွတ်ပွတ်တွတ်ပြောနေတဲ့ Jennie ကို ကြည့်ကာ Jisoo ခေါင်းထဲကို အတွေးတစ်ခု ဝင်လာခဲ့သည် ။
စောနက  Jennie မျက်ရည်ကျတာကိုလည်း ပြန်မြင်ယောင်လာရင်း

☁️ အင်း... ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်တော့ဘူးထင်တယ်... ဒီအလုပ်သာ ဆက်လုပ်နေရင် Jendeuk လည်း အန္တရာယ်ရှိသလို သူတစ်ခုခုဖြစ်သွားရင်လည်း Jen ငိုနေရမှာ...Jen မျက်ရည်ကျတာတော့ အဖြစ်မခံနိုင်ဘူး....  ငါတို့  တစ်ခုခုကို ပြောင်းလဲမှ ရတော့မယ် Jendeuk  ရယ်... ☁️

" Ji...Ji လို့ ... အဲ.... Kim Jisoo ရေ... ဘာတွေ ငေးနေတာတုန်း "

Jennie သူ့ကို ငေးနေတဲ့ Jisoo နဖူးကို လက်ဖဝါးလေးနဲ့ အသာပုတ်လိုက်ပြီး မေးလိုက်သည် ။

" အမ်... Arr.. Arrnyi.. ဟဲဟဲ... ဘာမှ မငေးပါဘူး.. ဟို... ဟို.. ဒီနားက နည်းနည်းမှောင်နေတော့  အမှောင်ထဲမှာ နင်က ပိုလှနေသလားလို့ ဟဲဟဲ "

" အမယ်... နင့်ကို ငါ ကယ်ထားလို့ ဖားနေတာလား..Ji... မရဘူးနော် ကိုယ်တွေက အရင်ကတည်းက လှပြီးသား ဟင်း... "

" HaHa.. ဟုတ်တယ် ဒါပေမယ့်  အခုက အမှောင်ထဲမှာမို့ ဘာမှမမြင်ရလေ ပိုလှလေပဲ... ဟားဟားဟား "

" Yaa... Kim Jisoo... နင် တော့... "
" ဟားဟားဟား  Kim Jennie လေး ပိစိကွေး... Blahh.. "

Jisoo က စပြီး အရှေ့က ပြေးတော့ Jennie က အနောက်က လိုက်တော့သည် ။

" Yaa... ငါ မောနေပါပြီဆို... မပြေးနိုင်တော့ဘူး... Kim Jisoo ya... မပြေးပါနဲ့တော့ဆို... "

Jennie စကားကို ကြားမှ Jisoo ရပ်ပေးလိုက်ကာ သူရိုက်တာကို ပြုံးပြီး ခံပေးလိုက်သည် ။

" Ah... Ahh yaa.. နာတယ်ဟ... ဖြည်းဖြည်းလုပ်ပါ Jendeuk ရ... တော်ပီ... တော်ပီ...
မရိုက်နဲ့တော့နော်... လာ ပြန်ကြမယ်... Oppa တို့ စိတ်ပူနေလောက်ပြီ "

ဒီလိုနဲ့ အဲ့ညက Jisoo တို့နှစ်ယောက် အပြန်လမ်းရှာရင်းနဲ့ BB တို့ ညီအစ်ကိုနဲ့ ချိန်းထားတဲ့ နေရာကို မသွားတော့ပဲ အိမ်ကိုသာ ပြန်လာခဲ့ကြတော့သည် ။ အိမ်ရောက်တော့ စိုးရိမ်တကြီးနဲ့ Oppa တို့က ဆီးကြိုကာ
Pa Kim ကတော့ အပြုံးနဲ့ပဲ လက်ပိုက်ကြည့်နေခဲ့သည် ။
အလစ်ယူထားသမျှလည်း ပြေးရင်းလွှားရင်း ဘယ်နားကျ ကျန်ခဲ့လို့ ကျန်ခဲ့မှန်းမသိတော့ Jisoo ထဲမှာ တစ်ခုမှကို မရှိတော့ ။ 
Jennie ဆီကတော့ ထူးထူးဆန်းဆန်း ပိုက်ဆံအိတ် တစ်ခု ထွက်လာခဲ့သည် ။
အထဲမှာ ပိုက်ဆံအပြည့်နဲ့ ဝန်ထမ်းကတ် တစ်ခု ။ Jisoo ထိုကတ်ကို ယူကြည့်လိုက်တော့ အံ့သြလွန်းလို့ မျက်လုံးတွေတောင်ပြူးသွားသည် ။

" ဟင်... Jen... Jendeuk .. ဒါ ဟိုရဲကြီး ဟာ... နင်... နင်.. ဘယ်လိုများ နှိုက်လိုက်တာတုန်း"

" Hee... သူ့ကို တွန်းလှဲလိုက်တုန်းက
သူ့ဘာသူ ထွက်ကျလာလို့ ကောက်ယူလာလိုက်တာ... ငါ မနှိုက်ပါဘူး.. ဟဲဟဲ... "

" အာ.... လက်သွက်ချက်ကတော့...
ဟားဟားဟား.. Jendeuk  မလွယ်ကြောပဲ... hahaha "

" ဟီးဟီး... အဲ့ဒါ Yangi PaPa နဲ့ တူလို့လေ "

" အမလေးဗျာ... ဟုတ်ပါပီ... J2 ရာ.... ဟားဟားဟား"

From Zero to Infinity ~~~Where stories live. Discover now