ဒီအချိန်မှာပဲ Jisoo အပေါ်က ချုပ်ထားတဲ့ ရဲကို အားကုန်တွန်းထုတ်လိုက်တဲ့ တစ်စုံတစ်ယောက်ကြောင့် ထိုရဲခမျာ ဟန်ချက်ပျက်ကာ ဘေးကို တစ်ပတ်လှိမ့်သွားတော့သည် ။ Jisoo လည်း သူ့လက်က လွတ်တာနဲ့ အသဲအသန် ကုန်းထကာ တွန်းလိုက်တဲ့လူကို မော့ကြည့်လိုက်တော့
Jennie...

" ဟင်... Jendeuk.. "

" ဟီး...... "

Jennie က Jisoo ကို တစ်ချက်ရီပြလိုက်ကာ ပက်လက်လှန် လဲနေတဲ့ ရဲကို သူ့လက်ထဲက ပြုတ်ကျတဲ့ တုတ်နဲ့ပဲ နှစ်ချက်ဆင့်ဆော်
ထည့်လိုက်သည် ။

" အင့်ဟာ.... Ji ကို သူ့ကိုယ်ကြီးနဲ့ တက်ဖိအုန်း.. အင့်ဟာ.. အင့်ဟာ..."

သူ့စိတ်ကြိုက် ဆော်ပြီးတာနဲ့ ကြောင်ကြည့်နေတဲ့ Jisoo လက်ကို ဆွဲကာ မှောင်နေတဲ့ လမ်းကြားထဲ ဝင်ပြေးတော့သည် ။  

" လာ... Ji... ပြေးကြမယ်... "

တော်တော်ကြာကြာ နှစ်ယောက်သား ပြေးလိုက်ကြတာ လမ်းကြားတစ်နေရာရောက်မှ နောက်က လိုက်မလာတော့မှန်း သိတာမို့ ရပ်လိုက်ကြကာ အမောဖြေကြရတော့သည် ။

" ဟော.... ဟဲ.... မော... မောလိုက်တာ Ji ရာ.. "

ရင်ဘတ်ကလေးကို ဖိကာ ခါးလေးကုန်းပြီး မောနေတဲ့ Jennie ကို လမ်းရဲ့ အုတ်နံရံကို မှီပြီး အမောဖြေနေတဲ့ Jisoo က သဘောကျစွာ ကြည့်နေမိသည် ။ နှစ်ယောက်သား မျက်လုံးချင်းဆုံကြတော့ ဘာကြောင့်ရယ်မသိ ။
တဟားဟားနဲ့ အော်ရီမိကြတော့သည် ။

" Jendeuk.... နင်.. တော်တော်ဆိုးတာပဲ...နောက်လှည့်မကြည့်ပဲ ပြေး... ပြေးပါဆို... ဘယ်လိုလုပ် ပြန်ရောက်လာလဲ Hahaha... "

" Hee.... ငါလည်း  နင်ပြောခဲ့သလို ပြေးတာပဲ... ဒါမဲ့... ဖူးး.... မောလိုက်တာ.... နင့်ကို ဒီဘက်လမ်းကနေ လှမ်းတွေ့လိုက်တာ... အဲ့ဒါနဲ့ နောက်ပြန်လှည့်ပြေးပြီး လိုက်လာတာ.... တော်ပါသေးတယ်... ငါ အချိန်မီ ရောက်လာလို့.... ဖူး.... "

" ဟားဟားဟား... Jendeuk က ဒီညတော့ ငါ့ရဲ့ ကယ်တင်ရှင်ကြီးပဲ... ဟားဟား "

" ရီမနေနဲ့... ဘယ်လောက်ထိ ရင်ထိတ်သွားလဲ မသိဘူးမလား... ငါ့မှာ ပြေးနေရင်း ငိုလိုက်ရတာကို..နင့်... နင့်ကို မိသွားပြီလို့ပဲ  ထင်နေတာ... တော်ပါသေးတယ်... တော်ပါသေးတယ်... ဘုရားမတာ...  "

From Zero to Infinity ~~~Where stories live. Discover now