" Jen... Jendeuk... ငါ ဒီတစ်ယောက်ကို ပထုတ်သွားမယ်.... နင် အပေါ်ကုတ်ကို ချွတ်ထားခဲ့လိုက် .. ပြီးရင် ဒီအပေါ်လမ်းအတိုင်း ခပ်တည်တည်ပဲ တက်သွားလိုက် သိလား... ရှေ့နားကျရင် ညာချိုးပြီး အောက်ပြန်ဆင်းလိုက်ရင် Bus ကားဂိတ်တွေ့လိမ့်မယ် အဲ့ဒီမှာ စီးသွားပြီး Oppa တို့ဆီ သွားလိုက်နော်....
မပြေးနဲ့တော့နော်.. နင် မောနေပြီ... ခပ်တည်တည်သာ လမ်းလျှောက်သွားလိုက်နော် "
Jisoo Jennie နားနားလေးကို ကပ်ကာ အသံတိုးတိုးလေးနဲ့ မှာပြီး Jen ရဲ့ ဆံပင်ကို သူ့လက်က သရေကြိုးနဲ့ စုစည်းပေးလိုက်သည် ။ ပြီးတော့ Jennie လက်ကလေးကို တစ်ချက် ညှစ်လိုက်ကာ
" Jendeuk... ငါ့စကားနားထောင်ပါနော်... စိတ်ချ... ငါ ပြန်လာခဲ့မယ်...သွားပြီ ... နောက်ကို လုံးဝ လှည့်မကြည့်နဲ့နော် ... "
Jennie ကတော့ မျက်ရည်တွေကျပြီး ပါးစပ်ကို လက်ကလေးနဲ့အုပ်ထားကာ ခေါင်းကို တွင်တွင်သာ ခါနေတော့သည် ။ Jisoo ပြောပြီးတာနဲ့ Jen လက်ကို လွှတ်လိုက်ကာ သူတို့ လာခဲ့တဲ့လမ်းအတိုင်း လှစ်ခနဲ ထပြေးသွားတော့သည် ။
Jisoo တော်တော်လှမ်းလှမ်းပြေးပြီးမှ အမှိုက်ပုံးနား ရောက်လာတဲ့ ရဲကို လှမ်းပြီး အော်ပြောလိုက်သည် ။
" Yorgii....Ahjashi ... Catch me if you can ... Blahhhhhh "
ရဲလည်း သူ့ကို ပြောင်ပြပြီး လှမ်းပြောနေတဲ့ Jisoo ကို ဒေါသထွက်ကာ လက်ကိုင်တုတ် ကို ထုတ်ပြီး ပြေးလိုက်တော့သည် ။ Jisoo ကတော့ အသားကုန်ကို ခြေကုန်သုတ် တင်ကာ ပြေးရတော့တာပေါ့ ။ Jennie နားမရောက်ဖို့သာ အဓိက မလား ။
လမ်းကြိုလမ်းကြားထဲ ပတ်ပြေးနေရင်း ဘယ်နားတွေရောက်လို့ ရောက်မှန်းလည်း
မသိတော့ ။ လမ်းမြင်သမျှသာ ဝင်ပြေးနေရသည် ။ တစ်နေရာအရောက် ခပ်မှောင်မှောင် လမ်းကြားထဲ မမြင်မစမ်းနဲ့ ပြေးလိုက်တာမို့ ခြေချော်သွားကာ လဲတော့သည် ။ ထိုအခါမှ မီသွားတဲ့ ရဲက Jisoo ပခုံးကို ဆွဲလှဲပစ်ကာ လက်နောက်ပြန်ချုပ်ထားလိုက်သည် ။
တောက်လျှောက်ပြေးလိုက်ရတာမို့
မောကလည်း မော Jisoo ကလည်း မရမက ရုန်းနေသည်မို့ လက်ထပ်ခတ်ဖို့ရာကို တော်တော်ကို ခက်ခဲနေခဲ့သည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 4
Start from the beginning
