လမ်းကြားထဲ ပြေးနေရင်း အမှိုက်ပုံးကြီး တစ်ခု တွေ့တာမို့ Jisoo ခြေကုန်သုတ်ကာ အမှိုက်ပုံးနောက် နှစ်ယောက်သား ဝင်ပုန်းနေလိုက်သည် ။ ခဏလောက် အသံတိတ်နေပြီးမှ လေသံတိုးတိုးလေးနှင့် Jisoo Jennie ကို ပြောလိုက်သည် ။
" ဖူး..... Jen... Jendeuk... ဒီတိုင်းဆို သူတို့ လက်က လွတ်မှာမဟုတ်ဘူး ။ ငါတို့နှစ်ယောက်လုံး မိသွားလို့ မဖြစ်ဘူး ။ အဲ့တော့ .. ငါ ဒီဘက်လမ်းထဲကို မျှားသွားလိုက်မယ် ။ Jendeuk ... နင်က သူတို့မရှိတာနဲ့ Oppa တို့နဲ့ ချိန်းထားတဲ့ နေရာကို အသားကုန်သာပြေး... လုံးဝ နောက်ပြန်လှည့်မကြည့်နဲ့နော်... ငါ.... ငါ... လွတ်အောင်ပြေးပြီး နင်တို့ဆီ ပြန်လာခဲ့မယ်... နင်သာ လုံးဝ နောက်လှည့်မကြည့်ပဲ ပြေးနော်... ကြားလား Jendeuk "
" ဟင့်အင်း.... ဟင့်အင်း.... နင့်ကို အဲ့လို
မထားခဲ့ဘူးလေ... Ji.... နင့်ကို မိသွားရင် ဘယ်လိုလုပ်မလဲ... တော်ပြီ... Ji... ငါ... ငါ... မပြေးနိုင်ဘူး... မိလည်း အတူတူ အမိခံမယ်လေဟာ... နော် "
Jennie ပြောနေရင်းပင် အသံတွေတုန်လာကာ မျက်ရည်တွေလည်း ဝေ့တက်လာခဲ့သည် ။ လက်ကလေးကလည်း အဆမတန်မောနေတဲ့ ရင်ဘက်ကလေးကို ဖိထားရင်း ခေါင်းကို တွင်တွင်ယမ်းနေသေးသည် ။ Jisoo Jennie ပုံကို မြင်ပြီး ရင်ဘတ်ထဲ တင်းကျပ်လာတဲ့အထိ စိတ်မကောင်းဖြစ်သွားကာ သက်ပြင်းလေးတစ်ချက်ချလိုက်သည် ။
" Jen... ဒီမှာကြည့်... ငါ ပြောတာ သေချာနားထောင်... ငါက အပြေးမြန်တယ်လေ.... သိတယ်မလား... ငါ လွတ်အောင် ပြေးတတ်ပါတယ်ဟ... "
" တောက်.... ဒီ ကလေကချေလေးတွေ
ဒီနားလေးတင်ပျောက်သွားတာကွာ....
ဟေ့ကောင် မင်း... ဟိုဘက်လမ်းသွားရှာ ... ငါ ဒီနားတဝိုက် သေချာမွှေကြည့်အုန်းမယ် "
Jisoo ရဲနှစ်ယောက် ပြောနေသံကြားတော့ ပြောလက်စ စကားကိုဖြတ်ပြီး အသံတိတ်ပြီး ပုန်းနေလိုက်သည် ။ Jennie ကတော့ ကြောက်လို့ တုန်နေကာ မျက်လုံးကို မှိတ်ထားသည် ။
ရဲနှစ်ယောက်ထဲက တစ်ယောက်က မျက်နှာချင်းဆိုင်က လမ်းအတိုင်းဆင်းသွားတာမို့ ဒီအချိန် တစ်ယောက်ပဲ ကျန်ခဲ့တဲ့ ရဲကို Jisoo မျက်စိလှည့်နိုင်ဖို့ရာ အခွင့်အရေးကို တွေးမိလိုက်သည် ။
VOUS LISEZ
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 4
Depuis le début
