ဧည့်ခန်းဆောင်ရဲ့နှစ်ဖက်လုံးက ကျယ်ကျယ်ဝန်းဝန်းရှိပြီး ဆိုဖာထိုင်ခုံတွေကိုချပေးထားတဲ့အပြင် မဂ္ဂဇင်းစာအုပ်တွေကိုလည်း ချိတ်ဆွဲပေးထားသေးတယ်။ ဧည့်ကြိုကောင်တာရှေ့မှ လက်ထောက်လေးက ငါစာရင်းသွင်းဖို့ရည်ရွယ်ချက်မရှိတာကိုမြင်တော့  လာပြီးတော့မေးမြန်းခြင်းမလုပ်တော့ဘဲ သံပရာရည်တစ်ခွက်ကိုသာ လာပြီးချပေးလာတယ်။ အဲဒီနောက် သူမက ငါ့ဆီကိုလက်ကမ်းစာစောင်လေးလာချပေးပြီး တစ်ခုခုလိုတာရှိရင် မေးမြန်းနိုင်ကြောင်းပြောခဲ့တယ်။

ငါ ဆိုဖာခုံပေါ်မှာထိုင်နေရင်းနဲ့ စိတ်မပါစွာနဲ့ လက်ကမ်းစာစောင်ကိုကိုင်မြှောက်ပြီး Wang Dequan ရဲ့နာမည်ကိုရှာကြည့်လိုက်တယ်။  သူ့ရဲ့အထူးပြုဘာသာရပ်က ဘာများလဲဆိုတာကို ငါသိချင်ခဲ့တာ။

ငါပထမအကြိမ်ရှာကြည့်လိုက်တော့ သူ့ရဲ့နာမည်ကိုမတွေ့မိဘူး ။ ဒုတိယအကြိမ်ထပ်ရှာကြည့်တော့လဲ မတွေ့ပြန်ဘူး ။ နောက်ထပ် တတိယအကြိမ်...

ခဏနေပါဦး .. ငါအချိန်အကြာကြီးဖြုန်းတီးမိခဲ့တာပဲ ။ ငါ ဆေးရုံမှားပြီးရောက်လာပြီထင်တယ်

ဒီတော့ ငါ Wang Dequan ဆီကိုဖုန်းဆက်ပြီး Hesong clinic ကစုစုပေါင်းဘယ်နှစ်ခုဖွင့်ထားတာလဲဆိုတာကိုလှမ်းမေးလိုက်မိတယ်။

"ဒီတစ်ခုပဲရှိတာလေ "

သူကထပ်ပြီးပြောလာတယ်။

"မင်း လာမလို့လား "

ငါက ငါအခုဧည့်ကြိုခန်းမထဲမှာရောက်နေပြီဖြစ်ကြောင်းပြန်ပြောလိုက်တယ်။

"ကိုယ်မင်းကိုလာခေါ်လိုက်မယ် " သူကပြောပြီးပြီးချင်းပဲဖုန်းချသွားခဲ့တယ်။

သိပ်မကြာလိုက်ပါဘူး ။ Wang Dequan က အားအင်ပြည့်ဝနေတဲ့ ခြေလှမ်းကျဲကြီးတွေနဲ့ အပြင်ကိုထွက်လာတယ်။ သူ့ရဲ့ ဂျူတီကုတ်ကတော့ နောက်ကျောဘက်ဆီမှာ တဖျပ်ဖျပ်ခတ်ပြီးလွင့်နေလေရဲ့ ။ အဲဒီအချိန်ငါ့ရဲ့ခံစားချက်တွေက အဓိပ္ပာယ်ဖွင့်ဆိုဖို့တောင်ခက်ခဲလွန်းတယ်။

ငါချက်ချင်းပဲ လေထဲကိုအော်ဟစ်ပစ်လိုက်ချင်တယ်။

ဘာကို နာမည်ကဒိတ်အောက်နေတာလဲ ? ဘာကို လူအိုကြီးတွေသုံးတဲ့ emojiလဲ ? ဘာကိုစောစောထပြီးစောစောအိပ်တတ်တာလဲ ? သွားစမ်းပါ .. သူကသောက်ရမ်းကို ယောက်ျားပီသနေတာကွ !

တရုတ်ဆရာဝန်အိုကြီးတွေကို emojiတွေကောင်းကောင်းသုံးတတ်အောင်ဘယ်လိုသင်ပေးရမလဲWhere stories live. Discover now