" ကဲ... နားငြီးတယ်... ကလေးတွေ... လာ ထမင်းစားကြမယ် "
" Nae... PaPa "
" Oppa Bobby... Jen ရဲ့ ဆိုင်ကယ်လေးကို ဘာလို့ အရောင်ပြောင်းလိုက်တာလဲ ... အနက်ရောင်လေး လှနေတာကို "
Jennie က Yangi Papa သူ့ကို ပေးထားတဲ့ ဆိုင်ကယ်လေးကို ခရမ်းရောင်သုတ်နေတဲ့ Bobby ကို နှုတ်ခမ်းလေးစူကာ လှမ်းပြောလိုက်သည် ။
" အာ.... J2 လေး.. PaPa ပြောင်းခိုင်းတာ
အဲ့ဒါက ။ J2 လေးက လိုင်စင်မလုပ်ရသေးတော့ ညဘက်တွေပဲ မောင်းလို့ရတာမလား ။ အဲ့ဒါကြောင့် အရောင်တောက်တောက်လေး ပြောင်းသုတ်ခိုင်းလိုက်တာ ။ ကားတွေ တော်ရုံမြင်ရအောင်လို့ "
Yang Hyun-Suk ခပ်တည်တည်ပဲ လိမ်ပြောလိုက်သည် ။ တကယ်က အဲ့ဆိုင်ကယ်က လမ်းထိပ်က စတိုးဆိုင်က သူခိုးလာတာမို့ ပိုင်ရှင်မမှတ်မိအောင် အရောင်ပြောင်းလိုက်ခြင်း ဖြစ်သည် ။ ဒီကလေးတွေသိရင် အိမ်နီးနားချင်းတောင် မချန်ဘူး ဆိုပြီး
ပွားနေအုန်းမှာမို့ ခပ်တည်တည်ပဲ လိမ်လိုက်ရသည် ။ Bobby ကတော့ အကြောင်းသိတာမို့ စပ်ဖြီးဖြီးနဲ့ လုပ်နေသည် ။
" ကောင်းပါတယ်... Jendeuk ရဲ့ ခရမ်းရောင်လေး Ji ကြိုက်တယ် ဟဲဟဲ "
" ဟင်းး.... ဒီခရမ်းသီးက တစ်မျိုး.. "
" Bor??? ခေါ်ပြန်ပီ အဲ့လိုကြီး... Spaghetti ကတော့ "
" Yaa... Kim Jisoo.. "
" Arr... ဗိုက်ဆာတယ်... ဗိုက်ဆာတယ်... Spaghetti စားမယ်... အဲ ဟုတ်ပါဘူး... ထမင်းစားကြမယ် .. Pa Kim ရေ့ Haha... "
" Yaa... Kim Jisoo... မပြေးနဲ့နော် "
Jisoo က အရှေ့ကပြေး Jennie က နောက်ကလိုက်နဲ့ အိမ်ထဲ ပတ်ဆော့နေကြတဲ့ ကလေးနှစ်ယောက်ကို BB တို့ ညီအစ်ကိုနဲ့ Yang Hyun-Suk ကတော့ ထိုင်ကြည့်ပြီး ရီနေကြလေသည် ။
" ဟော... မမောကြသေးဘူးလား... လာကြ... ထမင်းစားကြပါမယ်ဆို ... J1 J2... လာ ထိုင်ကြတော့ "
" Nae!!! "
Yang Hyun-Suk အသံကြားမှ Jisoo နဲ့ Jennie က ထမင်းဝိုင်းမှာ ဝင်ထိုင်တော့သည် ။ ဒါတောင် Jisoo က မျက်ခုံးပင့်ပြပြီး ပြောင်နေသေးတာမို့ Jennie က ပါးစပ်ကနေ
ပွစိပွစိနဲ့ လှမ်းရန်တွေ့နေသေးသည် ။
" ဒါနဲ့ Ji ya... နက်ဖြန် Oppa တို့ မြို့ထဲမှာ လှုပ်ရှားကြမှာ... လိုက်မလား ... ညဘက်ပဲ သွားကြတာပေါ့ "
" ဟင်... မြေအောက်ရထား ဘူတာဘက်
မသွားတော့ဘူးလား.. Oppa "
" အင်း... အခုတလော ဘူတာဘက်မှာ လှုပ်ရှားတာ စိပ်လာလို့ နေရာပြောင်းမလို့ "
" အော်... OK လေ... လိုက်မယ် Oppa "
" Jen ရော လိုက်မှာနော် Oppa "
" အာ... Jendeuk က ပြေးနိုင်လို့လား...
မြို့ထဲမှာဆို ရဲက ပေါတယ်နော်... အခန့်မသင့်ရင် ခြေထောက်စက်တပ်ပြီး မိုင်ကုန်ပြေးရမှာ ... Ji က အပြေးသန်ပြီးသားရယ်... "
" အာ့ဆို ဆိုင်ကယ်နဲ့ လိုက်မှာပေါ့ Ji ရဲ့.... မရဘူးနော်.. လိုက်မှာပဲ "
" ဟင်း.... မြို့ထဲ လိုင်စင်မရှိပဲ မောင်းလို့မရဘူးလေ "
" အာ.... မသိဘူး.. မသိဘူး.. အာ့ဆို ဒီတိုင်းလိုက်မှာ.... ဘယ်တုန်းက Ji သွားတာကို မလိုက်ရလို့လဲ ... မရဘူးနော်... Oppa တို့ Jen လိုက်မှာနော် "
Jennie က ဂျီကျနေတာမို့ BB တို့ ညီအစ်ကို ခေါင်းကုပ်နေကြသည် ။ Jisoo ကို
ကြည့်လိုက်တော့လည်း မနိုင်ဘူးဆိုတဲ့ အပြုံးနဲ့ ခေါင်းသာညိတ်ပြနေသည် ။
" အေးပါ အေးပါ... ပြီးရော.. ပြီးရော...
နင်ကလည်း တကယ့်ကို Jendeukie ပဲ
သိလား J1 ပေးထားတဲ့ နာမည်နဲ့ တကယ်လိုက်တယ်... အမြဲ တွယ်ကပ်နေတဲ့ ကလေး "
" ဟီး.... ဘာဖြစ်လဲ Ji ကိုပဲ ကပ်တာလေနော့ Ji ရာ... လိုက်မယ်နော် "
" ဟုတ်ပါပီ Jendeukie ရယ်... လိုက်ပါနော်... ဒါပေမယ့် ငါ့အနားမှာပဲ နေရမယ်နော်... မြို့ထဲဆိုတော့ သတိရှိမှ ဖြစ်မှာ .. ကြားလား "
" Nae... "
သူ ဖြစ်ချင်တာ ဖြစ်ရတော့ အသံလေးကအစ ရွှင်မြူးနေပြီး Gummy Smile လေးနဲ့ ပြုံးပြနေတဲ့ Jennie ကို Jisoo သဘောကျစွာပဲ ပါးလေးကို ဆွဲလိုက်သည် ။ ရီလိုက်ရင် မို့တက်သွားတဲ့ ဒီပါးလေးနှစ်ဖက်က Jisoo သဘောအကျဆုံး Jennie ရဲ့ မူပိုင်ပင်ဖြစ်သည် ။
☁️ အူယားလိုက်တာ.... ဒီပါးလေးတွေကို... ☁️
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 3
Start from the beginning
