Jisoo တို့ရောက်တာနဲ့ BI Oppa က ပွစိပွစိနဲ့ ကောတော့သည် ။ Pa Kim ကတော့
ကွကိုယ်ရှင်း ဆိုတဲ့ သဘောနဲ့ ပုခုံးပဲ တွန့်ပြသည် ။ Jisoo လည်း ခေါင်းကုပ်လိုက်တာ ခပ်တည်တည်နဲ့ပဲ
" အာ... Dalgomi ကို Ji တို့ အခန်းထဲမှာပဲ ထားခဲ့တာပါ ။ အဲ့ဒါ Dalgomi ဟာ မဟုတ်လောက်ဘူး ။ Oppa Bobby ဟာ နေမှာပေါ့ "
Jisoo စကားကြားတော့ Jennie က ခွီးခနဲ ရီနေလေရဲ့ ။ ထိုအခါမှ ဆိုင်ကယ်ကို ဆေးသုတ်နေတဲ့ Bobby က အလန့်တကြား ထလာသည် ။
" ဟ... ငါ က စောင်ပေါ်မှာ အီးပါမလားဟ Ji စုတ်ကတော့... ပေါက်တက်ကရတွေ ပြောပြန်ပီ "
" ဟီးး.... မသိဘူးလေ ။ ညဘက် သရဲကြောက်ပြီး မထပဲ လုပ်ချင်လုပ်လိုက်မှာပေါ့ "
" ငါ.. တယ်... ဒီကောင်မလေးတော့... မဟုတ်ပါဘူးဆို "
" Oppa BI... နမ်းကြည့်လိုက်သေးလား... Oppa Bobby အနံ့ရလား Dalgomi အနံ့ရလား "
" Arrshii... ဒီကောင်မလေး ငါ လုပ်လိုက်တော့မယ်... ဘယ်လိုလုပ် နမ်းကြည့်မှာတုန်း... မသိဘူး.. အဲ့ဒါ နင့်ခွေးလုပ်တာပဲ... ဒီည ငါ့စောင်မခြောက်ရင် ဘယ်လိုလုပ်မှာလဲ... နင့်စောင် ငါ့ပေး ဒါပဲ. "
" မပေးပါဘူး... တစ်ညတလေပဲဟာ... Oppa Bobby နဲ့ တူတူ ခြုံလိုက်လေ... Ji လည်း ချမ်းမှာပေါ့ "
" အာ... အဲ့ကောင်နဲ့ ငါ တူတူမခြုံချင်ဘူးနော် သူက အငြိမ်အိပ်တာမဟုတ်ဘူး "
Bobby က ပြာပြာသလဲ ထငြင်းတော့ Jennie ကပဲ ကြားထဲကနေ ဝင်ရှင်းပေးရတော့သည် ။ မဟုတ်ရင် BB နှစ်ယောက်နဲ့ Ji နဲ့ ငြင်းနေတာပြီးမှာမဟုတ်တော့ ။
" ကဲပါ... Ji ရာ.... နင်နဲ့ ငါ တူတူ ငါ့စောင်ပဲ ခြုံကြတာပေါ့... နင့်စောင် ပေးလိုက်... Oppa BI ကို "
" ဟင်း..... ပြီးးရော... ။ အကြီးတွေဖြစ်ပြီး လိုက်တွက်နေတယ်... Wori Jendeukie လေးပဲ အကောင်းဆုံးပဲ ဟဲဟဲ "
" အံမာ... အံမာ.. သူ့ခွေး လုပ်ပြီးတော့ "
" ခွေးလို့မပြောပါနဲ့ Oppa... Dalgomi က Ji သားလေး "
" Blahhh... အဲ့သားလေးကို ကြီးလာမှ မိန်းမပေးစားပစ်အုန်းမယ် Haha... "
" OPPA!!! No... နော်... Never... Dalgom is Mine ပဲ "
Jisoo က မျက်လုံးပြူးကာပြောပြီး လက်ညိုးကလည်း ယမ်းပြသေးသည် ။ BI ကတော့ Jisoo ပုံကိုကြည့်ကာ တဟားဟားနဲ့ ရီနေသည် ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 3
Start from the beginning
