အရာရာမှာ သူ့ကိုပဲ အမြဲဦးစားပေးခဲ့တဲ့ Jisoo ဟာ Jennie အတွက်တော့ ကံဆိုးခြင်းတွေကြားထဲက ဘုရားပေးတဲ့  ကံကောင်းခြင်းလေး တစ်ခု ပဲဖြစ်သည်  ။ မပြည့်စုံခြင်းတွေကြားထဲက ဆုလာဘ် လေးတစ်ခု ။ ဆင်းရဲခြင်းတွေကြားထဲက ပျော်စရာကမ္ဘာလေးတစ်ခု ။

Jennie Jisoo ကိုကြည့်ပြီး မျက်ရည်တွေကျလာတော့ ထုံးစံအတိုင်း Kim Jisoo တို့ကတော့ ပြာပြာသလဲပါပဲ ။ Jennie ငိုတာဆို သူက မကြိုက်ဘူးလေ ။

" Wae?... Jendeuk .. ဘာဖြစ်လို့လဲဟင်... စိတ်မကောင်းမဖြစ်ပါနဲ့... ဘာမှ ပြန်မတွေးနဲ့နော်... ငါ ရှိတယ်... နင့်အနားမှာ ငါရှိတယ်လေနော်.. "

ပြောရင်းဆိုရင်း သူ့အကျီလက်လေးနဲ့ Jennie ပါးမို့မို့လေးတွေကို သုတ်ပေးနေသေးသည် ။

" Arr.. Arrnyi... ဘာမှမဖြစ်ပါဘူး ။ ဒီတိုင်း လျှောက်တွေးမိလို့ပါ ။ ရပီ မငိုတော့ဘူးနော် ။ တနေကုန်  ပျော်ထားတဲ့ အပျော်လေးတွေ ပျက်သွားမယ်.... လာ ပြန်ရအောင် Ji... ငါတို့ Dalgomi ကို အစာကျွေးရအုန်းမယ် "

" အာ... ဟုတ်သားပဲ... Pa Kim ကို မပြောခဲ့ရဘူး... ပြန်မယ်... ပြန်မယ်.... "

ပြောပြောဆိုဆိုနဲ့ပဲ Jennie လက်ကို ဆွဲကာ နှစ်ယောက်သား ကစားကွင်းထဲက ထွက်လာခဲ့ကြသည် ။ အပြန်လမ်းမှာတော့ အပေါက်ဝက Jennie စားချင်တယ်လို့ပြောတဲ့ Cotton Candy တစ်ခုကို နှစ်ယောက်သား မျှစားရင်း အပြုံးတွေကိုယ်စီနဲ့ပေါ့ ။
ဘယ်သူ သိမှာလဲ ဒီ ၁၆ ၁၇ အရွယ် ကောင်မလေးနှစ်ယောက်ရဲ့ ငယ်ဘဝက ပင်ပန်းကြမ်းတမ်းခဲ့တယ်ဆိုတာ ။ ဘယ်သူမှ မသိနိုင်လောက်အောင်ကို အပြုံးတွေက တောက်ပနေကြသည်လေ ။ တကယ်တော့ သူတို့နှစ်ယောက်က တစ်ယောက်ရှိရင် တစ်ယောက်ပြီးပြည့်စုံနေတာမျိုးမို့ နှစ်ယောက်သားအတူရှိရင်ကို အပြုံးတွေက  တောက်ပနေကြပြီး အရာအားလုံးကို ဖြတ်ကျော်နိုင်နေကြခြင်း ဖြစ်သည် ။

" Pa Kim ရေ ... Ji တို့ ပြန်ရောက်ပြီ "

" Yaaa... Ji ya... နင့်ကို ငါ စောင့်နေတာ... ဒီမှာ နင့်ခွေး ငါတို့အခန်းထဲ လာပြီး အီးပါသွားတယ်... ငါ့စောင်ပေါ်မှာဟ... အခု လျှော်လိုက်ရပီ... Gerrrr... စိတ်တိုလိုက်တာ... နင် ကိုယ့်ခွေးကို သေချာအခန်းထဲ ထားခဲ့လေဟာ "

From Zero to Infinity ~~~Where stories live. Discover now