တကယ်တော့ Jennie စိတ်မကောင်းဖြစ်တာ Jisoo အတွက်ပါ ။ သူ့ကြောင့်သာ Jisoo က ဂေဟာကနေ ထွက်လာခဲ့ရတာလေ ။ သူ့ကြောင့်သာ မဟုတ်ရင် Jisoo က အခုချိန်မှာ မွေးစားမိဘတွေဆီမှာ ပြည့်ပြည့်စုံစုံနေရတဲ့ သူဌေးသမီးလေး ဖြစ်နေမှာ ။
Jennie နဲ့ သူနဲ့က မိဘမဲ့ဂေဟာတစ်ခုမှာ
ငယ်ငယ်လေးကတည်းက တူတူကြီးပြင်းလာကြတာပါ ။ ဘယ်သူက အရင်ရောက်မှန်းမသိပေမယ့် သိတတ်စအရွယ်ကတည်းကတော့ ဂေဟာမှာ သူတို့နှစ်ယောက်က
အမြဲတတွဲတွဲပင် ။ မိဘဆိုတာ ဘာမှန်းမသိတဲ့ ဘဝမှာ Jisoo သည်သာ သူ့အတွက် တစ်ဦးတည်းသော မိသားစု ၊ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်ခဲ့သည် ။ အသက်အရွယ်အရတော့ မတိမ်းမယိမ်း ဖြစ်ပေမယ့် Jisoo ကတော့ အမြဲတမ်း သူ ကြီးတယ်ချည်း ပြောကာ Jennie ကို အစစအရာရာကာကွယ်ပေးသည် ။ အလိုလိုက်သည် ။ အရမ်းလည်း ဂရုစိုက်တတ်သည်လေ ။ မျက်နှာတစ်ချက်မညှိုးရအောင် အမြဲတမ်းပျော်အောင် လုပ်ပေးခဲ့သူ ။ အဲ့ဒါကြောင့် Jennie က Jisoo ကို အရမ်းခင်တွယ်ခဲ့တာ ။ ချစ်မှန်းသိတော့
တခါတလေ ဆိုးတတ်သေးသည် ။ Jisoo က သူ့ကို ဘယ်တော့မှ စိတ်မဆိုးဘူးဆိုတာ
သိလို့လေ ။ သူတို့နှစ်ယောက် ဘယ်တော့မှ မခွဲဘူးလို့လည်း စိတ်ထဲမှာ တွေးထားမိသည် ။
ဒါပေမယ့် တနေ့မှာ
ဂေဟာကိုလာတဲ့ သူဌေးလင်မယားက Jisoo ကို မွေးစားချင်သည်ဆိုပြီး ဂေဟာက Sister ကြီးတွေဆီက ခွင့်ပြုချက်တောင်းလာခဲ့သည် ။ Jennie တို့ ၁၀ နှစ်ကျော်ကျော် ၁၁ နှစ်လောက်ပဲ ရှိအုန်းမည်ထင်သည် ။
ထိုသတင်းကို ကြားတော့ Jisoo ကို မခွဲနိုင်လို့ဆိုပြီး Jennie အလူးအလဲ ငိုခဲ့ရသည်လေ ။
နောက်တော့ Jisoo က အဲ့ဒီ သူဌေးလင်မယားကို Jennie ကိုပါ မွေးစားပေးဖို့ တောင်းပန်ခဲ့သည် ။ ဒါပေမယ့် သားယောက်ျားလေးရှိပြီးသားဖြစ်တဲ့အတွက် သမီးမိန်းကလေးတစ်ယောက်ပဲ မွေးစားချင်သည်ဆိုပြီး လက်မခံခဲ့ ။ ဂေဟာက Sister ကြီးတွေကလည်း ဘာပဲဖြစ်ဖြစ် Jisoo ကိုတော့ လိုက်သွားစေချင်သည်လေ ။ သူ ကောင်းစားမယ့်အရေးမို့ အတင်းအကျပ်ထည့်ပေးဖို့ ပြင်ဆင်ခဲ့ကြသည် ။
အဲ့ဒါကြောင့် Jisoo က သူ့ကို လာခေါ်မယ့်နေ့မှာပဲ ငိုနေတဲ့ Jennie လက်ကို ဆွဲကာ ဂေဟာကနေ ထွက်ပြေးခဲ့ကြသည် ။ ခြေဦးတည့်ရာ ပြေးလာကြရင်း အခု Gangnum ကို ရောက်လာခဲ့တာ ဖြစ်သည် ။ သူတို့ရဲ့ ဂေဟာလေးက Jeju မှာ ရှိတာလေ ။ ပြေးလာတုန်းကလည်း ကလေးအရွယ်တွေမို့ တော်တော်ကို ဒုက္ခရောက်ခဲ့ကြသည် ။ တိုင်းတစ်ပါးကို မရောင်းစားခံရတာပဲ သူတို့နှစ်ယောက်လုံးရဲ့ ကံကောင်းမှုလို့ ဆိုရမလား ။ Jisoo ကတော့ အရာရာကို ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံနဲ့ Jennie လက်ကို တွဲကာ ဘယ်လောက်ပင်ပန်းဆင်းရဲပါစေ အမြဲတပြုံးပြုံးနဲ့ပင် ။
Jennie လည်း Jisoo သာ အနားရှိရင် လုံခြုံသလို ခံစားရပြီး Jisoo လက်ကိုဆွဲကာ သူ ဦးဆောင်တဲ့နောက် အမြဲလိုက်ခဲ့သည်သာ ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 3
Start from the beginning
