Sooက​ပြောပြီးတာနဲ့ သူ့လက်​မောင်းကို ဆွဲထားတဲ့
Baekhyunလက်​တွေကိုဖြုတ်ချပြီးအ​ပေါ်ထပ်တက်သွားတယ် ။
baekhyun တစ်​ယောက်တည်းပဲ ဧည့်ခန်းမှာ ​လဒမှိုင်မှိုင်ပြီးကျန်​နေခဲ့ရတယ် ။

သူအခုမှ chanyeolကိုစလိုက်ခါစပဲရှိ​သေးတာကို
အလုပ်ကထွက်ရ​တော့မယ် ။
အလုပ်မထွက်ရင်လည်း Sooက​ပြောရင်​ပြောတဲ့အတိုင်း စစ်ထဲပို့လိုက်လိမ့်ဦးမယ် ။
တကယ်ပဲဘာဆက်လုပ်ရမလဲ ။chanyeolနဲ့လဲမခွဲနိုင်ဘူး ။Soo ကိုလည်း​ကြောက်တယ် ။

Oh Sehunလို idolဖြစ်​အောင်လုပ်ရ​အောင်ကလည်း သူ့အသက်က သင်္ချိုင်းကုန်းကို ​ခြေတစ်ဖက်လှမ်း​နေပြီ ။ ထရိန်နင် ဆင်းမှာနဲ့ဆို ဘိုးဘွားရိပ်သာ​ရောက်မှပဲပွဲဦးထွက်ရလိမ့်မယ် ။
တကယ်​သေချင်​တော့တာပဲ ။

" ဟဲ့ ဧည့်ခန်းထဲ ​ခွေးမှိုင်မှိုင်မ​​နေနဲ့
ငိုခြင်းချချင်ရင် အခန်းထဲသွား "

" သားကိုကယ်ပါဦး မာမား
မားရဲ့က​လေး​လေးကို ကယ်တင်​ပေးပါဦးဗျာ "

ပန်းသီးပန်းကန်နဲ့ ​ရောက်ချလာတဲ့မာမားကိုသူအကူအညီ​တောင်း​မိတယ် ။ မဖြစ်နိုင်မှန်းသိ​ပေမယ့်...

" ဘရိတ်ဓါး အဆင်သင့်ဝယ်ထားပြီးပြီ 
မပူနဲ့ khyun​လေးကတုံးကို ​ပြောင်ရှင်း​နေ​အောင် ဒီကမာမားကိုယ်တိုင်ရိတ်​ပေးမယ် "

" မီ​ဝေါ့ "

သူ့ရင်ဘတ်သူပုတ်ပြပြီး အာကြိုးမာန်တက်​ပြော​နေတဲ့မာမားကို မျက်​​စောင်းတစ်ချက်ထိုးပြီး​ဆောင့်​ဆောင့်​အောင့်​အောင့်နဲ့ ထထွက်လာခဲ့တယ် ။
ကိုယ့်သား​လေးကို စိတ်ချမ်းသာ​အောင်ထားမယ်မရှိဘူး မုန်းတယ် မုန်းတယ် မာမားကိုမုန်းတယ် ။
Soo့ကိုလဲ မုန်း  အဲ မမုန်းရဲဘူး ​​ကြောက်တယ် ။

ကိုယ့်အခန်းကို ပြန်​ရောက်တာနဲ့ ကုတင်​ပေါ်ပက်လက်လှန်ချကာ သက်ပြင်း​တွေပဲချ​​နေမိ​တော့တယ် ။ သူတကယ် park chanyeolနဲ့​ဝေးရ​​တော့မှာပဲ ။
လွယ်အိတ်ထဲကဖုန်း​လေးနှိုက်ပြီး ကတုန်ကယင်နဲ့ပဲ
park chanyeolဆီ သူအလုပ်မလာနိုင်​တော့​ကြောင်းmessageတို​လေးပို့လိုက်တယ် ။
Do Kyung Sooဆိုတဲ့လူရဲ့စကားကို သူမဆန့်ကျင်ရဲဘူး ။

Don't Touch My Man 《Completed》Where stories live. Discover now