" ငါမရှိတာနဲ့မင်းထင်ရာ​စိုင်း​နေ​တော့တာ​နော်khyun
မင်းkpop​တွေကြိုက် ဟို​အ​ကောင်album​တွေဝယ်တာဘာညာကို ငါခွင့်လွှတ်​ပေးနိုင်တယ်
မင်း​ပျော်​နေတာပဲ ​နေပါ​စေဆိုပြီးလွှတ်ထား​ပေးတယ်
ဒါမဲ့ မင်းကအဆင့်တက်ပြီး အဲ့​ကောင်ရဲ့​တောက်တိုမယ်ရ​တောင်လုပ်လိုက်​သေးတယ်
khyun မင်းတကယ်ပဲ ဘာ​​တွေဖြစ်​နေတာလဲ "

" khyun ကြိုက်တဲ့idolမို့ khyunက  "

park chanyeolကိုကြိုက်လို့ပါလို့သာ​ဖြေရင် ကိုယ့်​သေတွင်းကိုယ်တူးသလိုဖြစ်မှာမို့ ​တမင်ညာပြီး​ဖြေလိုက်​ပေမယ့် sooကစကား​ကို ဆုံး​အောင်​တောင်​ပေးမ​ပြော​တော့ဘဲဖြတ်​ပြောလာတယ် ။

" ​တော်​တော် မင်းဘာ​ဖြေရှင်းချက်မှမ​ပေးနဲ့
အဲ့​ကောင်ဆီ ချက်ချင်း ဖုန်းဆက်ပြီး အလုပ်ထွက် "

" Soo  khyunမထွက်ချင်.."

" khyun မင်း ပါပါးကြီး​ပေးတဲ့မုန့်ဖိုးနဲ့မ​လောက်လို့လား အလုပ်လုပ်ရတဲ့အထိ ပိုက်ဆံလို​နေတာလား
အဲ့လိုဆိုရင်​တော့မပူနဲ့ ငါအလုပ်ဝင်​တော့မှာ မင်းကြိုက်သ​လောက်သုံးဖို့ငါ့card ​ပေးထားမယ်
မ​လောက်​သေးရင် Oh Sehunဆီကပါ​တောင်း​ပေးမယ် အဲ့အလုပ်ကိုဆက်လုပ်ဖို့တော့ ​​တွေး​တောင်မ​တွေးနဲ့
ဘယ့်နှယ့် ငါတို့ ပိုးလိုဥထားတဲ့က​လေးက သူများဆီမှာ ​တောက်တိုမယ်ရလုပ်​နေရတယ်လို့
​တွေး​လေ​တွေး​လေ ​ဒေါသထွက်​လေပဲ "

" khyunကိုယ်တိုင်ကအလုပ်လုပ်ချင်လို့ပါ
ပိုက်ဆံ​ကြောင့်မဟုတ်ပါဘူး
ပါပါး​ပေးတာလဲ ​လောက်လွန်းလို့ ပို​တောင်ပို​သေးတယ် "

အလုပ်မထွက်ချင်​​ကြောင်း​ပြောချင်​ပေမယ့်
သူဟ​တောင်မဟရဲ။
Soo​က ပါပါး မာမားတို့ထက်​တောင်
သူ့​အ​ပေါ်သြဇာကြီး​သေးတယ် ။

" အလုပ်လုပ်ချင်ရင် ငါနဲ့ကုမ္မဏီလိုက်ခဲ့
ဟို​ကောင်ရဲ့​နောက်ဆွဲ​တော့ ထပ်မလုပ်နဲ့ "

" ဒီတစ်လ လ "

" မင်းအထွန့်ဆက်တက်​နေဦးမယ်ဆိုရင်
ချက်ချင်း ကတုံးတုံးပြီး စစ်မှုထမ်းခိုင်းလိုက်မယ်
သတ္တိရှိရင် တစ်ခွန်း​လောက်ပဲဆက်​ပြောကြည့်လိုက် "

Don't Touch My Man 《Completed》Where stories live. Discover now