" ဟောဗျာ... စောနပဲ ထသတ်ကြတော့မလိုနဲ့ အခုကျ ခွီနေကြပြန်ပီ... ဒီနှစ်ယောက် haha... ကဲ.... ဒီကိစ္စကို ဘာမှ စိတ်ပူမနေနဲ့ J1လေး.... နော် ။ PaPa ကြည့်လုပ်မယ် ။
အခု ကိစ္စအောင်မြင်လာလို့ Dalgomi လေးကိုလည်း မွေးခွင့်ပေးပြီးပီနော် ။ ကိုယ့်ခွေး ကိုယ်တော့ နိုင်အောင်ထိန်းနော် ။ Oppa BB တို့ အခန်းထဲ သွားမရှုပ်စေနဲ့ ရိုက်လွှတ်လိမ့်မယ် ကြားလား "

" Nae... ဟုတ်ကဲ့ပါ Pa Kim ရဲ့ ။ Ji အခန်းထဲပဲ ထည့်မွေးမှာ ။ ဆိုင်က ပြောလိုက်တယ် ။ Dalgomi က အပျင်းလေးတဲ့ အခန်းထဲပဲ အိပ်နေမှာ စိတ်ချ ဟီးဟီး "

" အဲ့ဒါ နင်နဲ့ တူသွားတာနေမှာ ။ နင် ခဏခဏ ဆိုင်မှာ သွားသွားကြည့်နေလို့ Dalgomi လေးက နင့်အကျင့်တွေ ကူးသွားတာ Haha. .."

" ဘာဖြစ်လဲ.... Dalgomi က ငါ့သားလေးပဲ... ငါနဲ့ တူမှာပေါ့ Blahhh... "

" ဟားးဟား... ဟုတ်ပါပီ ။ ဒါဆို J2 လေးရော ဘာလိုချင်တုန်း ။ ဒီကိစ္စမှာ J2 လေးရဲ့ သရုပ်ဆောင်ကွက်ကလည်း လုံးဝပီပြင်တယ်ဆို ။ PaPa က ဆုချမှာပေါ့ ပြော... ဘာလိုချင်လဲ "

" ဟင်း...ပြောပြန်ပီ စကားကြီးစကားကျယ်တွေ Yangi PaPa ကလည်း ပိုက်ဆံရှိတာကျနေတာပဲ "

" အမ်.... အဲ.. ရှိတော့မှာပေါ့ ဟ.... အခု နည်းနည်းစုထားတာ ရှိသေးတယ်... ဘာလိုချင်လဲသာ ပြောလိုက်"

" Heee.... စတာပါ... ဘာမှမလိုချင်ပါဘူး ။ ဒါမဲ့ ကစားကွင်းတော့ သွားချင်တယ် Yangi PaPa ။ Ice cream လည်း စားချင်တယ် "

" အာ... ဟုတ်ပီ... ဒါဆို မနက်ဖြန် သွားရစေမယ်ဗျာ ... J1 လေးရော ဘာလုပ်ချင်သေးလဲ "

" Hummmm ... ဘာမှမလုပ်ချင်ပါဘူး ။ အိပ်ရာထဲမှာ Dalgomi နဲ့ တစ်နေ့လုံး အိပ်နေချင်တယ် ဟီးးးး
အီးးးယားးးး"

Jisoo က အကျောဆန့်ရင်း ပြောလိုက်တော့ Jennie ဆီက ငပျင်းဆိုပြီး မျက်စောင်းက ဒိုင်းခနဲ ရောက်လာသည် ။

" အော်.. အဲ့ဒါဆို မနက်ဖြန် J2 လေးကို
Oppa BB တို့ကိုပဲ လိုက်ပို့ခိုင်းလိုက်တော့မယ် ။ J 1 ကတော့ အိမ်မှာပဲ အိပ်နေခဲ့ပေါ့နော့ "

Yang Hyun-Suk Jisooတို့ အကြောင်း
သိတာမို့ စ ပြီး ပြောလိုက်ခြင်း ဖြစ်သည် ။ Jennie ကတော့ Jisoo လိုက်မပို့ဘူးဆိုပြီး နှုတ်ခမ်းက တစ်တောင်လောက်ကို ထွက်ကာ စူနေလေရဲ့ ။

Jisoo လည်း Jennie ကို ကြည့်ပြီးမှ သွားဖြဲလေးလုပ်ကာ Pa Kim ကို ပြုံးပြလိုက်ပြီး

" အဟဲ... အိမ်မှာ အိပ်တာက ကစားကွင်းက ပြန်လာရင် အိပ်လို့ရပါတယ်... Jendeuk ကို Ji ပဲ လိုက်ပို့လိုက်မယ် Pa Kim... Oppa တို့လည်း အလုပ်ရှုပ်နေမှာစိုးလို့ ဟဲဟဲ "

Jisoo စကားသံကြားမှ စောနက တစ်တောင်လောက်စူနေတဲ့ နှုတ်ခမ်းလေးက မသိမသာလေး ပြုံးသွားကာ ကျေနပ်သွားတဲ့ ရုပ်ကလေးလုပ်နေတဲ့ Jennie ရယ်ပါ ။

Yang Hyun-Suk ကတော့ တဟားဟားနဲ့ ရီရင်း

" Aigoo... Kim Jisoo ကတော့ Kim Jisoo ပါပဲကွာ... hahaha... "

From Zero to Infinity ~~~Where stories live. Discover now