Jisoo စကားကြားတော့ Jennie က ခွီးခနဲရီပြီး နှုတ်ခမ်းနီရဲရဲကို ဆွဲပွတ်ပေးနေသည် ။
" ဒါမဲ့ နင်က ဘယ်လောက်ပြင်ပြင် ကလေးရုပ်ပဲ အာ့ကြောင့်မယုံတာ နေမှာ heehee... ငါကတော့ ခပ်တည်တည်နဲ့ ပိတ်ဟောက်ပစ်တာပဲ ဟဲဟဲ "
" အံမယ် တူတူပဲကို တမူးသာချင်ပြန်ပီ နင့်လိုပိစိလေးလည်း ဘယ်သူက လူကြီးလို့ ထင်မှာလဲ HaHa... "
" ဟွန်း... သူကျ ကြီးတာကျလို့ Blahhh... "
" ကဲ.. ကဲ... နှစ်ယောက်သား ငြင်းမနေပါနဲ့တော့ ။ PaPa သိပါတယ် J1 ရယ် ။ အခုက အစဦးဆုံးမို့ J 1 တို့ကို ဝင်ယူခိုင်းတာပါ ။ Bobby တို့ BI တို့ကျ အဲ့ Club ထဲ ခြေချနေကျတွေဆိုတော့ သူတို့နောက်ကြောင်းလိုက်ပြီး သိနိုင်တယ်လေ ။ အဲ့ဒါကြောင့် မျက်နှာစိမ်းဖြစ်တဲ့ J 1 တို့ကို ယူခိုင်းတာပါ ။ နောက်မခိုင်းတော့ဘူး စိတ်ချ ။ ဒီဟာနဲ့ပဲ ပွားမယ် ဟဲဟဲ "
" အင်းပါ... အခုတောင် Dalgomi လေးကို ဝယ်ပေးမယ်ဆိုလို့ လုပ်ပေးတာနော် ။ မူးယစ်လိုင်းတော့ တကယ်မလုပ်ချင်ဘူး
Pa Kim ရာ ။ သေးသေးလေးတွေ လုပ်ရင်
မိတတ်တယ် ။ အကြီးကြီးလုပ်မှ မမိတာ "
" ဟမ်... နင့် စကားကြီးကလည်း ဘယ်လိုကြီးလဲ Ji ရဲ့ ပြောင်းပြန်ကြီးဖြစ်နေသလိုပဲ ။ အကြီးကြီးလုပ်မှ ပိုအန္တရာယ်များ ပိုဖမ်းမှာ မဟုတ်ဘူးလား "
" ဟင့်အင်း ငါ ကြားဖူးတာတော့ သေးသေးလေးလုပ်ရင် မိတယ်ပဲ ကြားဖူးတယ် ။
ပြီးတော့ Pa Kim က အပြင်မှာလုပ်မှာလေ
ပိုဖမ်းမိနိုင်တယ် ။ အဲ့ Club ထဲ လုပ်မှ ရဲတွေက ဖမ်းမရတာ Jendeuk ရဲ့ ။ ငါ သေချာစုံစမ်းထားတာပါ "
" အော်... အာ့ကြောင့်မို့ Club ပိုင်ရှင်က Mr.Kim ဆိုတာ သိနေတာပေါ့ ဟုတ်လား "
" ဟင့်အင်း မသိပါဘူး ငါ့ဘာသာ အမှန်အတိုင်းပြောလိုက်တာ... Kim Jisoo ရဲ့ အဖေက Mr.Kim ပဲပေါ့ဟ ။ အာ့ကြောင့် ငါ့အဖေက Mr.Kim လို့ပြောလိုက်တာ။
အဲ့ကြောင်နာမည်နဲ့ လူကြီး သူ့ဘာသာ တလွဲထင်သွားတာတော့ ငါ ကံကောင်းသွားတာပေါ့ ဟီးဟီး "
Jisoo က တဟီးဟီးနဲ့ ရီပြီး ရှင်းပြနေတာကို Jennie တစ်ယောက်ကလည်း မျက်လုံးလေးပျောက်တဲ့အထိ တခစ်ခစ်နဲ့ ရီနေပြန်ပါသည် ။
ŞİMDİ OKUDUĞUN
From Zero to Infinity ~~~
Hayran Kurguဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 2
En başından başla
