အထူးသဖြင့် Jisoo နဲ့ Jennie က ပိုဆိုးသည် ။ တစ်ယောက်မျက်စိအောက်က တစ်ယောက် အပျောက်မခံကြ ။ နှစ်ယောက်သားရန်ဖြစ်ကြရင်လည်း Jisoo က အမြဲ ပြန်ချော့ပြီး ပြန်တည့်သွားကြသည်မို့ ဘယ်တော့မှ
အကြာကြီး စိတ်ကောက်ကြတယ်ဆိုတာ မရှိ ။ နှစ်ယောက်ထဲက ဘယ်သူကြီးမှန်းမသိပေမယ့် Jisoo ကတော့ သူကြီးတာတဲ့ ။
အဲ့ဒါကြောင့် အမြဲ Protective ဆန်ဆန် Jennie ကို ကာကွယ်စောင့်ရှောက်ချင်စိတ်
ရှိသည် ။ Jennie ကကျတော့ Possessive ဆန်သည် ။ Jisoo က သူ့အပိုင်ဆိုပြီး ဂျီတိုက်ကာ ချွဲတတ်သည် ။ အကြီးလို့လည်း
မသတ်မှတ်ပါဘူး ။ နင်နဲ့ ငါနဲ့ပဲ ပြောကာ Jisoo ကို နိုင်ချင်သည် ။ အဲ့အခါကျရင်လည်း Kim Jisoo တို့က ပြုံးတုံးပြုံးတုံးနဲ့ အရှုံးပေးနေကျပင် ။ ဒီကလေးနှစ်ယောက်ကြားက သံယောဇဉ် ကိုတော့ Yang Hyun-Suk သြောချရလောက်အောင် အံ့သြမိတာ အမှန်ပင်ဖြစ်သည် ။ ဘာလုပ်လုပ် ဘယ်သွားသွား အမြဲအတူတူမို့ အမွှာလေးမွေးထားတာလို့ပင် ကိုယ့်ကိုယ်ကို မာန်တက်ချင်သေးသည် ။ တကယ်ပဲ Dara နဲ့ သူနဲ့ ရတဲ့ အမွှာသမီးလေးတွေဖြစ်ရင် ဘယ်လောက်ကောင်းမလဲပေါ့ ။

" နေပါအုန်း Pa Kim ရ... ဘာလို့ ဒီပစ္စည်းကို ယူခိုင်းတာလဲ... ဘာလဲ Pa Kim မူးယစ်လိုင်းဘက် ပြောင်းတော့မလို့လား တစ်ခါမှလည်း လုပ်ဖူးတာမဟုတ်ပဲနဲ့ .. အဖမ်းခံနေရအုန်းမယ်နော် "

Jisoo က Dalgomi ကိုဆော့နေရင်း
မေးလိုက်သည် ။ Jennie ကတော့ ရေစွတ်ထားတဲ့ အဝတ်နဲ့ Jisoo မျက်နှာပေါ်က မိတ်ကပ်တွေကို လာဖျက်ပေးနေသည် ။

" အင်း.... ပိုက်ဆံပိုရတယ် ကြားလို့ပါကွာ... ပြီးတော့ တစ်ယောက်ချိတ်မိထားတယ်... ပစ္စည်းရရင် နောက်အရောင်းအဝယ် လုပ်မယ်တဲ့ လမ်းပေါက်သွားရင် PaPa တို့ ထောပြီကွ J1 ရ... ခြေတိုအောင် ဘူတာပတ်နေစရာမလိုတော့ဘူးလေ "

" အာ.... ပိုက်ဆံကတော့ ရတာသိတယ်လေ ။ ပိုပြီး အန္တရာယ်များလားလို့ပါ ။ ပြီးတော့ Pa Kim လက်ထဲ ပစ္စည်းလည်း ရှိတာမဟုတ် ။ အခုတောင် သူများဆီက အလစ်သုတ်ရတာကို ။ နောက်ခါတော့ ထပ်ဝင်လို့ မရလောက်တော့ဘူးနော် Pa Kim ။ အဲ့ Club က လုံခြုံရေးအရမ်းတင်းတာ ။ Ji တို့ကို အသက်မပြည့်သေးတာ သိတယ်.. မယုံသင်္ကာ နဲ့ရယ်... ဒါတောင် မိတ်ကပ် အသေလိမ်းပြီး လူကြီးပုံစံ မနည်းပြင်ထားရတာ "

From Zero to Infinity ~~~Where stories live. Discover now