ကလေးနှစ်ယောက် ရန်ဖြစ်ပြီး စကားနိုင်လုနေတာကို Yang Hyun-Suk သဘောကျစွာ ကြည့်နေမိသည် ။ သူ ဒီကလေးနှစ်ယောက်ကို စတွေ့တုန်းက ၁၂ နှစ် ၁၃ နှစ်လောက်ပဲ ရှိအုန်းမည်ထင်သည် ။ နှစ်ယောက်သား
လက်ကို ကျစ်နေအောင် တွဲထားကြပြီး မြေအောက်ရထားဘူတာမှာ တောင်းစားနေလို့ ကိုယ်လည်း သနားတာနဲ့ ခေါ်လာခဲ့လိုက်တာ ။ ကျွေးထားနိုင်လို့ရယ်တော့
မဟုတ်ပေမယ့် ကိုယ့်ဆီမှာလည်း လူပျိုပေါက်စ ယောကျာ်းလေးတွေချည်းပဲဆိုတော့ မိန်းကလေးတွေလည်း ဖြစ်ပြန် အသက်ကလေးတွေကလည်း ငယ်ကြတော့ ဒီတိုင်းချစ်လို့ဆိုပြီး ခေါ်လာမိတာပါ ။
ကြီးလာတော့လည်း ကိုယ့်အလုပ်ကို ကူလုပ်ပေးခဲ့ရင် အကျိုးမယုတ်ဘူးပေါ့ ။
အလုပ်ဆိုတာလည်း ကြီးကြီးကျယ်ကျယ်ရယ်ပါ ။ မြေအောက်ရထားဘူတာတွေမှာ ခါးပိုက်နှိုက် ခေါင်းဆောင်ပေါ့ ။
နေတော့ ချောင်ကျကျရပ်ကွက်ထဲက ရထားလမ်းဘေးမှာ ခပ်ယဲ့ယဲ့ဆောက်ထားတဲ့
နှစ်ထပ်အိမ်မှာ အကုန်စုနေကြတယ် ။ အိမ်ခြေယာမဲ့တော့ မဟုတ်ဘူးပေါ့ ။
ဒါကိုက မာန်တက်စရာ ။ ကောင်လေးတွေက သူ့အမွေကို ဆက်ခံပြီး အဖွဲ့လိုက် ခါးပိုက်နှိုက်ကြသလို ဒီကလေးနှစ်ယောက်ကလည်း နည်းနည်းကြီးလာတော့ တစ်ခါတလေ ဟိုလိမ်ဒီလိမ် နဲ့ တော်တော်လိမ်စားတတ်နေကြပြီ ။
Jisoo ကတော့ ဖြတ်ထိုးဉာဏ် လည်း ကောင်းတဲ့အပြင် ပေါက်တက်ကရလည်း လုပ်တတ်တာမို့ တစ်ခုခုဆို အားကိုးရသည် ။ သူ့ကိုခိုင်းတာမှန်သမျှ ထောင့်စေ့နေအောင် လုပ်တတ်သည် ။ လိမ်တတ်သည် ။
Jennie ကျတော့ အငြိမ်သမား ။
ဒါပေမယ့် သရုပ်ဆောင်အရမ်းကောင်းသည် ။ တစ်ခါတလေ ကျောင်းသူယောင်ဆောင်ပြီး ဆရာမတွေဆီက စာအုပ်ဖိုးတွေ သနားကမားနဲ့ လိုက်လိမ်တောင်းကာ
ခပ်တည်တည်ပဲ ပိုက်ဆံအပ်တတ်သေးသည် ။
အစကတော့ ဒီတိုင်းသနားလို့
ခေါ်လာပေမယ့် ကြီးလာတော့လည်း သူ့နေရာနဲ့သူ အသုံးဝင်လာတော့ ဒီကလေးနှစ်ယောက်ကို တခြားကောင်လေးတွေထက်
ပိုအချစ်ပိုရသည် ။ အချစ်ပိုဆို သူ့ကိုထားသွားတဲ့ ရည်းစားဟောင်း တဖြစ်လဲ ဇနီးဟောင်းနဲ့လည်း ခပ်ဆင်ဆင်လေး တူကြသည်ကိုး ။ Jisoo က Dara နဲ့ ပိုတူသည် ။ Kim Dara ဆိုတာ Yang Hyun-Suk ရဲ့ ဇနီးဟောင်းပေါ့ ။ ဂျလေဘီ တဖြစ်လဲ
ဆိုးတေနေတဲ့ သူ့ကို ယူပြီးမှ ဒဏ်မခံနိုင်တော့လို့ ပစ်သွားတဲ့ ဇနီးချောလေး ။
ရည်းစားဦးလည်း ဖြစ်တာကြောင့် မမေ့နိုင်သေးတာနဲ့ပဲ ဒီကလေးနှစ်ယောက်ကိုပါ
သူ့သမီးလေးတွေအဖြစ် သတ်မှတ်ပြီး သူ့ရဲ့ မူရင်း Yang မျိုးရိုးတောင်မတပ်ပဲ Kim မျိုးရိုး တပ်ပေးထားတာ ကြည့်လေ ။
စခေါ်လာတုန်းကလည်း သူတို့ကိုသူတို့ နာမည်အပြည့်အစုံမသိကြတော့ Kim Jisoo နဲ့ Kim Jennie လို့သာ နာမည်တပ်ပေးလိုက်သည် ။ ခေါ်တာတော့ J1 J2 ပဲ အလွယ်ခေါ်သည် ။ ကလေးတွေကလည်း သူ့ကို အဖေအရင်းမဟုတ်တာ သိနေတာမို့ အဖေလို့ မခေါ် ။ တခြားသူတွေလို PaPa လို့လည်း တရိုတသေ မခေါ်ကြပါဘူး ။
J1 Jisoo ခေါ်တာကိုပဲကြည့် ။ ဇနီးဟောင်းကို အရမ်းချစ်လို့ သူ့နာမည်ကို ယူပြီး Pa Kim တဲ့ ခေါ်ပုံက ။ တခါတခါ အားစိုက်ပြီး ခေါ်လိုက်ရင် Yang Hyun-Suk ခမျာ တွန့်တွန့်သွားရသည် ။ Parking နဲ့ ခင်ဆင်ဆင်ကိုး ။ သူအရင်က Hotel တွေမှာ Parking ထိုးတဲ့အလုပ် လုပ်ဖူးတာမို့ သွားသွား သတိရမိလို့ ဖြစ်သည် ။
J2 Jennie ကတော့ Yangi PaPa တဲ့
ဘာအဓိပ္ပာယ်နဲ့ရယ်တော့ မသိ ။ အခုဆို
နှစ်အနေနဲ့ တွက်ကြည့်ရင် သူ ဒီကလေးနှစ်ယောက်ကို ခေါ်လာတာ ၄ နှစ်ထဲ ရှိပြီမို့ အသက်တွေက ၁၆ ၁၇ တော့ ရှိလောက်ပြီပေါ့ ။ မွေးနှစ်အတိအကျလည်း မသိကြတော့ ဒီလိုပဲ ခန့်မှန်းလိုက်တာပါပဲ ။ ခန္ဓာကိုယ်လေးတွေကလည်း သေးသေးကွေးကွေးလေးတွေမို့ ကလေးသာသာရယ်ဆိုတော့ သူတို့ လူလိမ်အဖွဲ့ထဲမှာ အငယ်ဆုံးလေးတွေအဖြစ် အကုန်လုံးက ဝိုင်းချစ် ဝိုင်းအလိုလိုက်ထားကြသည် ။ ဆင်းရဲဒဏ်လည်း တူတူ ခံကြရတာမို့ သံယောဇဥ်တွေကတော့ ပိုလို့တောင် ခိုင်မြဲသေးသည် ။
BINABASA MO ANG
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 2
Magsimula sa umpisa
