" ဘာလဲ... ခင်များက ။ ကျွန်မဘာသာ သူနဲ့ ပြောနေတာလေ ။ မယုံဘူးလား ဘာသဘောလဲ ခင်များက Appa နဲ့ သိလို့လား "
" Arr.. Arrnyi... Arrnyi... ယုံပါတယ်
ဟဲဟဲ ။ မင်း Appa ကိုလည်း သိပါတယ် ။ အကိုကြီးတို့က လုပ်ငန်းတူတွေပဲလေ ဟဲဟဲ "
ထိုသူက ပြောရင်း စားပွဲပေါ်က အရောင်းအဝယ်လုပ်နေတဲ့ အထုတ်တွေကို မျက်စပစ်ပြလိုက်သေးသည်။
" အော်... သဘောပေါက်ပြီ ။ အာ့ဆို အတော်ပဲ ။ ဒီမှာ အကိုကြီး တစ်ခုလောက်ကူညီ ။ ဒီက Spaghetti က သူ့အရက်လုသောက်လို့ ပြဿနာရှာနေတယ် ။ အဲ့ဒါ ရှင်းပေးပြီးတော့ ဖုန်းလေးတစ်ချက်လောက် ငှားပေးပါ ။ အခုချက်ချင်း Appa ကိုဖုန်းဆက်ပြီးခေါ်လိုက်မယ်။ အကိုကြီးကို ကျေးဇူးဆပ်မယ် ။ လုပ်လိုက်တော့ "
" ဒီမှာ အကိုကြီးတွေ ညီလေးတွေ ငါ မသိဘူး ။ ငါ့ကို Spaghetti လို့ ခေါ်တဲ့အတွက်လည်း လုံးဝ မကျေနပ်ဘူး ။ ငါ့အရက်လည်း အခု ပြန်ပေး ပြန်ပေး နင် "
" အာ.... စိတ်.. စိတ်ထိန်းပါ ညီမရယ်... ဒီ ဒီက သူ့အဖေ Mr.Kim သိရင် မင်း မလွယ်ဘူးနော် ။ အကိုကြီး ရှင်းပေးပါ့မယ် "
" Arrshii... နားငြီးလိုက်တာကွာ.... တော်ပီ.. ခဏလေး.."
ပြောပြောဆိုဆိုနဲ့ မျက်လုံးကစားလိုက်ကာ စားပွဲပေါ်က အထုတ်တစ်ထုတ်ကို လှမ်းယူလိုက်ပြီး စွာတေးနေတဲ့ Spaghetti လေးလက်ထဲ ထည့်ပေးလိုက်သည် ။
" ရော့ ဒီမှာ ... နင့် အရက်ဖိုး ။ ဒါက နင့်အရက်ထက် အများကြီး တန်ဖိုးရှိတာ နင် သိပါတယ် ။ ဒါယူပြီး နင် လစ်လိုက်တော့ "
" အဲ... ညီမ... အဲ့ဒါက အကိုကြီးဟာလေ "
" Shuuuu... သိတယ်လေ ။ အခု Appa ဆီ ဖုန်းဆက်ပြီး ပြန်လာပေးခိုင်းမယ် ။ တစ်ထုတ်ပဲကို ။ Appa ဆီက Quality အကောင်းဆုံးဟာ ပြန်ပေးမယ် ယုံတယ်မလား"
" အာ... အဲ့လိုလားး... ယုံတယ်.. ယုံတယ် ဟဲဟဲ... လုပ် လုပ်.. ညီမလေး ရတယ် "
" ဒီမှာ ခရမ်းသီး... ငါ ပြဿနာ အကျယ်အကျယ်ဖြစ်မှာစိုးလို့ လက်ခံလိုက်တယ်မှတ်ပါ... ငါ့အဖေ ဘယ်သူဆိုတာလည်း နင် သိရင် မလွယ်ဘူးမှတ် "
" Arrr.. နားငြီးတယ် လစ် လစ် လိုက်တော့ Spaghetti .. haha "
" နင်.. နင်... နောက်တစ်ခါ ငါနဲ့ ထိပ်တိုက် ထပ်မတွေ့စေနဲ့ ခရမ်းသီးအစုတ်အပဲ့ "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 1
Start from the beginning
