ပြောပြောဆိုဆိုနဲ့ ဆံပင်ကို လာကိုင်ကာ ဖွနေသောကြောင့် လက်ကို ပုတ်ချလိုက်ပြီး
အနှီးသကောင့်သမီးလေးကို
တွန်းလွှတ်လိုက်သည် ။ ကိုယ်တွန်းလိုက်တဲ့အရှိန်ကြောင့်လား သူ့ဘာသူ တစ်ခွက်လုသောက်ပြီးမူးသွားလို့လားတော့မသိ
သူလဲကျသွားတာက ကောင်တာနဲ့ခပ်ဝေးဝေးက စားပွဲဝိုင်းဆီ လက်ထောက်လျက်သား ။ စားပွဲဝိုင်းမှာ ထိုင်နေတဲ့သူတွေကတော့ မျက်လုံးအပြူးသားနဲ့ ထိုမိန်းကလေးနှစ်ယောက်ကို ကြည့်နေကြလေရဲ့ ။
" Yaa... Spaghetti !!! နင်... နင် ငါ့ကို တွန်းတယ် ... ငါ့ကိုများ ရာရာစစ တွန်းရဲတယ်... နင် ငါ့ကိုမသိဘူးလား ဟမ်... ငါ့အဖေဘယ်သူလဲ နင်သိလား ဒီကိစ္စ ငါ့အဖေသာ သိရင် နင်.. နင် မလွယ်ဘူး "
" အံမာ.. သူများအရက်လည်း လုသောက်သေးတယ်... အဖေရှိတယ်ဆိုပြီး မာန်တက်နေသေးတယ် ဒီမှာ... နင့် အဖေ ဘယ်သူဖြစ်ဖြစ် ငါ မကြောက်ဘူး ခရမ်းသီးရဲ့ haha ...ပြောကြည့်လေ နင့်အဖေက ဘယ်သူလဲလို့ "
" ဟေ့ ဟေ့ ငါ့ကို ခရမ်းသီးလို့ မခေါ်နဲ့နော် ... ငါ့အဖေက Mr.Kim ပဲ ...နင့်ကို ငါ့အဖေနဲ့ အခုတိုင်ပြောမယ် ....Arrshii.. ဖုန်းကလည်း ဘယ်နားကျန်ခဲ့ပြန်ပီလဲမသိဘူး "
ကောင်မလေးနှစ်ယောက် စကားနိုင်လုရန်ဖြစ်နေတာကို ကြည့်နေကြရင်း တစ်ဖက်က ခရမ်းရောင်ဆံပင်ရှည်နဲ့ ကောင်မလေးရဲ့ ပြောလိုက်တဲ့ စကားကြောင့် စားပွဲဝိုင်းမှ လူတစ်ယောက် ခါးမတ်ခနဲ ဖြစ်သွားသည် ။
☁️ Mr.Kim ရဲ့ သမီးဆိုပါလား ... ဒါဆို ဒီ Club ပိုင်ရှင် Jonas Kim ရဲ့ သမီးပေါ့... အငယ်ဆုံးသမီးရှိတယ်ကြားပေမယ့် ဒီအရွယ်ထိရောက်နေမှန်း မသိသလို တခါမှလည်း မမြင်ဖူးဘူး ... အင်း.... ဂျစ်ကန်ကန်ဒီဇိုင်းကတော့ အဖေတူသမီးပဲ... ဟုတ်ပီ ... ဒါ ငါ့အတွက် အခွင့်ကောင်းပဲ.... ☁️
သူ့အတွေးနဲ့သူ ကျေနပ်ပြုံးကြီးနဲ့ ထရပ်လိုက်ပြီး ရန်ဖြစ်နေတဲ့ နှစ်ယောက်ကြား ဝင်လိုက်ကာ တားလိုက်သည် ။
" ခဏ.. ခဏလေး... ညီမလေးတို့ ။ ရန်မဖြစ်ကြပါနဲ့ကွာ ။ အကိုကြီး ရှင်းပေးမယ်နော် ။ ဒီဘက်က ညီမလေးက Mr.Kim ရဲ့ သမီးဆိုတာ တကယ်လား ဟုတ်လား "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...
Chapter ~ 1
Start from the beginning
