ကောင်တာက ကောင်လေးကို အနောက်မှာစီထားတဲ့ ပုလင်းတွေထဲက တစ်ခုကို လက်ညှိုးထိုးပြပြီး တစ်ခွက်လောက် ဟု ပြောကာ ခပ်မိုက်မိုက်အကြည့်နဲ့ ကြည့်နေလိုက်သေးသည် ။ ကောင်လေးက သေချာအကဲခတ်ပြီးမှ

" ဟို... ဒီက မိန်းကလေးက အသက်ပြည့်ရဲ့လား "

ဟုတ်တယ်လေ ။ မျက်နှာလေးကသာ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေနဲ့ လူကြီးစတိုင်ဖြစ်နေပေမယ့် ခန္ဓာကိုယ်လေးက တကယ့်သေးသေးပိစိကွေးလေးကိုး ။

" ဟ မင်း ဘာကြည့်ပြောတာလဲ အသက်မပြည့်ရင် ကျွန်မ ဒီထဲတောင် ဝင်မလာနိုင်ဘူး
ဒါလေးတောင် မတွေးတတ်ဘူးလား ပေးမှာဖြင့် မြန်မြန်ပေး "

ခပ်တည်တည်နဲ့ လေသံမာမာပြောပြီး ငေါက်လိုက်တော့မှ သကောင့်သားက အင်တင်တင်နဲ့ အရက်ခွက်ကို အရှေ့ကို လာချပေးသည် ။ ဒါတောင် မယုံတဲ့အကြည့်နဲ့ ကြည့်နေသေးတာ ။

မာန်ပါပါနဲ့ အရှေ့ကခွက်လေးကို ကိုင်ကာ ပါးစပ်နား တေ့မလို့ရှိသေး ဆွဲလုခံလိုက်ရပြီး သူ သိပ်သောက်ကြည့်ချင်ခဲ့တဲ့အရည်လေးတွေကတော့  တခြားသူရဲ့ပါးစပ်ထဲကို ဝေါခနဲ ရောက်သွားလေရဲ့ ။

" အားးးးရိုးးးး Geezzz... ကောင်းလိုက်တာ လည်ချောင်းထဲကို ပူဆင်းသွားတာပဲ ဟဲဟဲ "

ပါးစပ်ထဲရောက်ခါနီးမှ ဖြတ်လုခံလိုက်ရလို့ ဒေါသတကြီး လှည့်ကြည့်လိုက်တော့ ပြီတီတီနဲ့ ပြုံးပြီးပြောနေတဲ့  ဆံပင်ခရမ်းရောင်နဲ့ ကောင်မလေးတစ်ယောက် ။

" Yaa...  ဒီမှာ နင် ဒါ ဘာလုပ်တာလဲ ။ ငါ သောက်မလို့ မှာထားတာလေ နင် သောက်ချင်ရင် ကိုယ့်ဘာသာကိုယ် မှာသောက်ပါလား "

" မှာနေရင် ကြာတယ်လေ ဟဲဟဲ ဘာလဲ မကျေနပ်ဘူးလား မကျေနပ်လည်း မတတ်နိုင်ဘူး ငါ့ဗိုက်ထဲရောက်သွားပြီ "

" တောက် !!! အရက်တောင် လာလုသောက်ရအောင် ဘာလဲ နင်က လူမိုက်လား "

" လူမိုက်တော့ မဟုတ်ပါဘူး ။ ဒါမဲ့ လိမ်တော့ မလိမ်မာဘူး ဟဲဟဲ ။ သွားလိုက်အုန်းမယ်နော် တစ်ခွက်တိုက်တာ ကျေးဇူးပဲ Spaghetti "

" Bor???... နင်... နင်.. ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ "

" ဟမ်.. Spaghetti လို့လေ... မတူဘူးလား ဒီမှာ ဆံပင်လေးတွေက ဟားဟား "

From Zero to Infinity ~~~Where stories live. Discover now