" သားရှောင်း "

" မာမား "

သားရှောင်းလို့ခေါ်လိုက်သံသည် လီလီရဲ့အသံဖြစ်သလို မာမားဆိုပြီးဆိုးရိမ်တကြီး ခေါ်လာတဲ့အသံသည် အခန်းထဲပြေးဝင်လာသည့် ဝမ်ရိပေါ်အသံဖြစ်သည်။

" ခင်ဗျား ဘာလုပ်တာလည်း "

ရိပေါ်ကျကွဲထားတဲ့ ပန်းကန်ကိုကျော်ခွပြီး ရှောင်းကျန့်နားကောက်သွားတဲ့ ဝမ်ရိပေါ်ဟာ ဝီးချဲပေါ်မှာထိုင်နေတဲ့ ရှောင်းကျန့် အိကျီစကို ဆုတ်ကိုင်ပြီးမေးတယ်။

" သား ရိပေါ် "

" မာမားထွက်သွား ဒီကောင်နဲ့ ကျွန်တော် စကားပြောဦးမယ် "

" သား "

" မာမားကျေးဇူးပြုပြီးထွက်သွားပေးပါ "

လီလီသက်ပြင်းလေးအသာချပြီးအခန်းထဲမှ ထွက်ခဲ့လိုက်သည်။ လီလီထွက်သွားတာနှင့် ရှောင်းကျန့်ရဲ့ အခန်းတံခါးကိုသွားပိတ်ပြီး ဂျက်ချလိုက်တဲ့ ဝမ်ရိပေါ်။

" ခင်ဗျား ဘာဖြစ်ချင်နေတာလည်း ကိုကို "

" ....... "

ဝမ်ရိပေါ်ဒေါသနဲ့မေးလိုက်ပေမယ့် စကားပြန်ပြောမလာတဲ့ရှောင်းကျန့်က သေနေတဲ့ မျက်ဝန်းတွေနဲ့ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။ မျက်လုံးထဲမှာရှိနေတဲ့ မျက်ဆံညိုညိုကြီးဟာ မရွေ့လျားပဲ ရှေ့တည့်တည့်ကိုသာ ကြည့်နေတာကြောင့် မျက်လုံးတည့်တည့်မှာရပ်နေမိတဲ့ဝမ်ရိပေါ်ဟာ နေရာအနည်းငယ် ရွေ့ရပ်လိုက်မိသည်။

" ကိုကို ငါမေးနေတယ်လေ "

" ........ "

စကားပြန်မပြောတဲ့ရှောင်းကျန့်ဟာ နှုတ်ခမ်းပါးလေးကို တင်းတင်းစေ့ထားပြီး လုံးဝ ဝမ်ရိပေါ်ကို ဥပေက္ခာပြုထားသည်။

" ကိုကိုရာ ခင်ဗျား...."

" ထွက်သွား "!!

ဝမ်ရိပေါ်လေသံ အနည်းငယ်လျော့ချလိုက်ချိန်မှ လှုပ်ရှားလာတဲ့ နှုတ်ခမ်းပါးလေးက ဝမ်ရိပေါ်ကို ထွက်သွားတဲ့ ။ ဝမ်ရိပေါ် လက်သီးကိုတင်းနေအောင်ဆုတ်ပြီး အံ့ကျိတ်လိုက်သည်။

" ကျွန်တော့ကို ထွက်သွားစေချင်ရင် ခင်ဗျားကိုယ်တိုင် မောင်းထုတ်နိုင်ရမှာပေါ့ကိုကို။ ခုတော့ ခင်ဗျားကကျွန်တော့ကို မောင်းထုတ်နိုင်ဖို့နေနေသာသာ မျက်လုံးတောင်မမြင်ရဘူးမလား။ ကျွန်တော်ဘယ်မှာရှိနေတယ်တောင်မသိပဲ ထွက်သွားလို့အော်နေလို ထွက်သွားရအောင် ကျွန်တော် မအဘူးကိုကို။ ကျွန်တော်က အပိုင်သိမ်းဦးမှာ ဒီအိမ်ကြီးကို ပြီးတော့ ကျွန်တော့မာမားရဲ့ဒုတိယအမျိုးသားပိုင်တဲ့ ရှောင်းကုမ္ပဏီကြီးကိုရော "

Love is Blind ( Completed  )Where stories live. Discover now