"နဒီရေ မအိပ်သေးရင် ထ ငါတို့ စကားပြောရအောင်ဟာ"
"ဟင် အင်း......."
"ဟဲ့ အိပ်တာလည်း အိပ် ဒါပေမယ့် အစောကြီး ရှိသေးတယ်လေ ဟာ
စောနက မှ အိပ်ရာ ၀င်တာကို အရမ်းအိပ် မော ကျနေသလို ပဲ နင့်ကြည့်ရတာ"
"ထပါပီ ခုနိုးနေတာက ဘယ်သူ..."
နဒီတစ်ယောက် မျက်လုံးကို ဖြေးဖြေး ဖွင့်ကြည့်လိုက်တော့
မြင်လိုက်ရတယ့် သူမ မျက်လုံးကိုတောင် မယုံနိုင်ဖြစ်မိတယ်
အခုသူ့ကို လာနိုးနေတာက သီရိ သန့်ဟုခေါ်သော သူမ ရဲ့ အချစ်ဆုံးသူငယ်ချင်း
ဒါပေမယ့် မဖြစ်နိုင်ပါဘူး
သီရိ ဟုတ်လား သီရိ က သေသွားပီလေ မဖြစ်နိုင်တာ
"ဒါက ဘယ်လို?????"
နဒီလွင် တစ်ယောက် အရမ်းကို ကြောင်အ သွားတယ်
"ဟဲ့ ဘာဖြစ်နေတာတုန်း ငါ့ကို ပြူးပြဲ ကြည့်နေတယ် ကမ စုတ်
နင့်ကို နိုးလို့ စိတ် တို သွားတာလား နင်ကလည်း ဟာ
ငါက အိပ်မပျော် လို့ နင် များ မအိပ်သေးရင် tv သွား ကြည့်ရအောင် ခေါ်တာပါ"
"ဟာာာာာာာ
သီရိ သန့်ရေ
နင်တို့နှစ်ယောက် အရမ်း နားငြီးတယ် ဟာ
နင်တို့ အဲ့လောက် စကားများချင်နေရင် အိမ်ပြင်ထွက်ပြော"
"အင်းပါ ကိုကြီးရဲသူ က လည်း အိပ်ပီ အိပ်ပီ"
ဒါဒါ လွန်ခဲ့တယ့် နှစ်တေ အကြာကြီးတုန်းက သီရိ တို့ နေခဲ့တယ့်တစ်ထပ်အိမ်တိုက်ခန်းပဲ
အရမ်း ကို ဆွံ့ အလွန်းလို့
မယုံကြည်နိုင် ဖြစ်ပီး ဝုန်းကနဲ မတ်တပ် ထရပ်လိုက်တယ်
ပီးတော့ အိမ်ပြင်ကို ထွက်ဖို့ တိုက်အခန်း တံခါးကို ဖွင့်မယ် ကြံတော့ သီရိက လက်ကို လှမ်းဆွဲတယ်
"ဟဲ့ ဘာဖြစ်တာတုန်း အိမ်ပြန် မလို့လား
ခုက ည၁၀နာရီ ကျော်နေပီ
မိန်းကလေး တစ်ယောက်ထဲအိမ်ပြန် မလို့လား
မရဘူးလေ ဒီည ဒီမှာ အိပ်"
ဘာ မှ ပြောမနေတော့ ဘဲ လက် က ရုန်းထွက် ပီး ပေးမယ် လုပ်တော့
အန်တီ တစ်ယောက် က အိမ်ရှေ့ ခြင်ထောင်ထဲက
ထွက်လာတယ်.
"နဒီ သမီး ဘာဖြစ်တာလဲ
မနက်မှ ပြန်လေကွယ်
သီရိ နဲ့ ရန်ဖြစ်တာလား "
"အန်တီ အေးအေးသန့်" နဒီ ပါးစပ် က
တုန်လှုပ်စွာ ပဲ ရွတ်ဆိုမိတယ်
" ကျွန်မ အိမ်ပြန် ချင်တယ်"လို့ လက်သီးကို ခပ်တင်းတင်း ဆုတ်ပီးဆိုမိတော့
အခန်း၏အပြင်ဘက်တံခါး ကို မှီပြီး ကြည့်နေသော
"ပြန်လွှတ်လိုက် ပါ အမေရာ
သူ အဲ့လောက်တောင် ဖြစ်နေတာ သီရိ အဲ့ကောင်မလေး အိတ် တေ ပေးလိုက် လေ "
သီရိ က လည်း သူမ အခန်း ထဲ ပြန်၀င်ပြီး အပြာရောင် အကွက် စလင်းဘတ်လေး တစ် လုံးကိုင်ပီး ပြန်ထွက်လာတယ်
"မသွားပါနဲ့လားဟာ နင်ကလည်း
အန္တရယ် များက များနဲ့
အပျိုလေး တစ်ယောက်တည်း အဆင်မပြေပါဘူး"
"သီ ရိ သန့် လျှာ မရှည် နဲ့ "
ရဲသူက လှမ်းအော်လိုက်တယ်
အပြင်ကို တစ်စိုက်တည်း ပြေးထွက်လာလိုက်တယ်
အိမ်၀န်း တစ်ခါး၀ ရောက်တော့ မနည်း
တွန်းဖွင့်ပီး ကမူးရှူးထိုး ပြေးလာလိုက်တာ ဘယ်လမ်းတေ တောင် ရောက်လို့ ရောက်မှန်းမသိ~~~~~
လမ်းက အရမ်းမှောင် နေမှန်း ခုမှသတိထားမိတယ်
ကိုယ်၀တ်ထားတာ ကိုယ် ငုံ့ကြည့်လိုက်တော့
အညိုရောင် ဂါ၀န် အပါးလေးနဲ့
ဖိနပ်က ကတ္တီပါ အမဲ
နဲ့
ကြိုးစားပီ ဆက်လျှောက်မယ် လုပ်တုန်း
အမူးသမား ၃ယောက် ရှေ့က လျှောက်လာတာ မြင်တော့
လက်သီးကို ခပ်တင်းတင်းဆုပ်ပီး ရဲရဲတင်းတင်း ဆက်လျှောက်လိုက်တယ်
သူတို့က ညီမလေး ဘယ်သွားမလို့လဲ တေ မေး ပေမယ့်
မကြားသလို ခက် သွက် သွက် လျှောက် လိုက်ပီး ဓါတ်တိုင် ၃တိုင်ကျော်လောက်ကြတော့
နောက်ကို မရဲတရဲ လှည်ကြည့်လိုက်တော့ လိုက်လာမှန်း မတွေ့ရတော့ မှ
ထို ဓါတ်တိုင်နားတွင်ပင်
ခြေစုံထိုင် ချပြီး အသံတိတ် ကြိတ်ငိုမိတယ်
မတွေ့ချင်တယ့် ဘ၀ရဲ့ အမဲစက်မျက်နှာတေ ကို တစ်ခါထဲ ၃ယောက်တောင်တွေ့လိုက်ရတော့
တော်တော်ကို အဆင်ပြေမနေပါဘူးနော်
*********
ကိုယ်တိုင်ရေး အတ္တု ပတ္တိ
Own tunes ပါ ထုံးစံအတိုင်း အိမ်မက်ပါပဲ 🎆
ရှေ့က တစ်ပုဒ်ပြင် ဖြစ်မြောက်အောင် အပိုင်း သစ် မရေးနိုင်ဘူး
လာပြန် ပီ နောက်တစ်ပုဒ် 😁
ကြိုးစားထားပါတယ်
YOU ARE READING
Memory Lane
Romancetime travel 🎑 OC (Uni code only) Normal myanmar **အတိတ်က အချိန်တေထဲ မင်းရှိမနေသင့်ဘူး** **ငါသာ ငါ့သမိုင်းကို ရေးဆွဲခွင့်ရခဲ့ရင်**
