အပိုင်း(၁)

8 0 0
                                        

"နဒီ​​ရေ ​မအိပ်​သေးရင် ထ​ ငါတို့ စကား​ပြောရ​အောင်ဟာ"

"ဟင် အင်း......."

"ဟဲ့ အိပ်တာလည်း အိပ် ဒါ​ပေမယ့် အ​စောကြီး ရှိ​သေးတယ်​လေ ဟာ
​စောနက မှ အိပ်ရာ ၀င်တာကို အရမ်းအိပ် ​မော ကျ​နေသလို ပဲ နင့်ကြည့်ရတာ"

"ထပါပီ ခုနိုး​နေတာက ဘယ်သူ..."

နဒီတစ်​ယောက် မျက်လုံးကို ​​ဖြေး​ဖြေး ဖွင့်ကြည့်လိုက်​​တော့
မြင်လိုက်ရတယ့် သူမ မျက်လုံးကို​တောင် မယုံနိုင်ဖြစ်မိတယ်

အခုသူ့ကို လာနိုး​နေတာက သီရိ သန့်​ဟု​ခေါ်​သော သူမ ရဲ့ အချစ်ဆုံးသူငယ်ချင်း

ဒါ​ပေမယ့် မဖြစ်နိုင်ပါဘူး
သီရိ ဟုတ်လား သီရိ က ​သေသွားပီ​လေ မဖြစ်နိုင်တာ

"ဒါက ဘယ်လို?????"
နဒီ​​​​​​​​လွင်  တစ်​​ယောက် ​​အရမ်းကို ကြောင်အ သွားတယ်

"ဟဲ့ ဘာဖြစ်​နေတာတုန်း ငါ့ကို ပြူးပြဲ ကြည့်​နေတယ် ကမ စုတ်
နင့်ကို နိုးလို့ စိတ် တို သွားတာလား နင်ကလည်း ဟာ
ငါက အိပ်မ​​ပျော် လို့ နင် များ မအိပ်​သေးရင် tv သွား ကြည့်ရ​အောင် ​ခေါ်တာပါ"

"ဟာာာာာာာ
သီရိ သန့်​ရေ
နင်တို့နှစ်​​ယောက် အရမ်း နားငြီးတယ် ဟာ
နင်တို့ အဲ့​လောက် စကားများ​ချင်​နေရင် အိမ်ပြင်ထွက်​ပြော"

"အင်းပါ ကိုကြီးရဲသူ က လည်း အိပ်ပီ အိပ်ပီ"

ဒါဒါ လွန်ခဲ့တယ့် နှစ်​တေ အကြာကြီးတုန်းက သီရိ တို့ ​နေခဲ့တယ့်တစ်ထပ်အိမ်တိုက်ခန်းပဲ

အရမ်း ကို ဆွံ့ အလွန်းလို့
မယုံကြည်နိုင် ဖြစ်ပီး ဝုန်းကနဲ မတ်တပ် ထရပ်လိုက်တယ်

ပီး​တော့ အိမ်ပြင်ကို ထွက်ဖို့ တိုက်အခန်း တံခါးကို ဖွင့်မယ် ကြံ​တော့ သီရိက လက်ကို လှမ်းဆွဲတယ်

"ဟဲ့ ဘာဖြစ်တာတုန်း အိမ်ပြန် မလို့လား
ခုက ည၁၀နာရီ ​ကျော်​နေပီ
မိန်းက​လေး တစ်​​ယောက်ထဲအိမ်ပြန် မလို့လား
မရဘူး​လေ ဒီည ဒီမှာ အိပ်"

ဘာ မှ ​ပြောမ​နေ​တော့ ဘဲ လက် က ရုန်းထွက် ပီး ​ပေးမယ် လုပ်​တော့
အန်တီ ​တစ်​​ယောက် က အိမ်​ရှေ့ ခြင်​ထောင်ထဲက
ထွက်လာတယ်.

"နဒီ သမီး ဘာဖြစ်တာလဲ
မနက်မှ ပြန်​လေကွယ်
သီရိ နဲ့ ရန်ဖြစ်တာလား "

"အန်တီ ​အေး​အေးသန့်" နဒီ ပါးစပ် က
တုန်လှုပ်စွာ ပဲ ရွတ်ဆိုမိတယ်

​" ကျွန်မ အိမ်ပြန် ချင်တယ်"လို့ လက်သီးကို ခပ်တင်းတင်း ဆုတ်ပီးဆိုမိ​တော့
အခန်း၏အပြင်ဘက်တံခါး ​ကို မှီပြီး ကြည့်​နေ​သော

"ပြန်လွှတ်လိုက် ပါ အ​မေရာ
သူ အဲ့​လောက်​တောင် ဖြစ်​နေတာ သီရိ အဲ့​ကောင်မ​လေး အိတ် ​တေ ​ပေးလိုက် ​လေ "

သီရိ က လည်း သူမ အခန်း ထဲ ပြန်၀င်ပြီး အပြာ​ရောင် အကွက် စလင်းဘတ်​လေး တစ် လုံးကိုင်ပီး ပြန်ထွက်လာတယ်

"မသွားပါနဲ့လားဟာ နင်ကလည်း
အန္တရယ် များက များနဲ့
အပျို​လေး တစ်​ယောက်တည်း အဆင်မ​ပြေပါဘူး"

"သီ ရိ သန့် လျှာ မ​ရှည် နဲ့ "
ရဲသူက လှမ်း​အော်လိုက်တယ်

အပြင်ကို တစ်စိုက်တည်း ​ပြေးထွက်လာလိုက်တယ်

အိမ်၀န်း တစ်ခါး၀ ​ရောက်​တော့ မနည်း
တွန်းဖွင့်ပီး ကမူးရှူးထိုး ​ပြေးလာလိုက်တာ ဘယ်လမ်း​တေ ​​တောင် ​ရောက်လို့ ​ရောက်မှန်းမသိ~~~~~

လမ်းက အရမ်း​မှောင် ​နေမှန်း ခုမှသတိထားမိတယ်
ကိုယ်၀တ်ထားတာ ကိုယ် ငုံ့ကြည့်လိုက်​တော့
အညိုရောင် ဂါ၀န် အပါး​လေးနဲ့
ဖိနပ်က ကတ္တီပါ အမဲ​
နဲ့

ကြိုးစားပီ ဆက်​​လျှောက်မယ် လုပ်တုန်း
အမူးသမား ၃​​ယောက် ​ရှေ့က ​လျှောက်လာတာ မြင်​တော့
​လက်သီးကို ခပ်တင်းတင်းဆုပ်ပီး ရဲရဲတင်းတင်း ဆက်​လျှောက်လိုက်တယ်

သူတို့က ညီမ​လေး ဘယ်သွားမလို့လဲ ​​တေ ​မေး ​ပေမယ့်
မကြားသလို ခက် သွက် သွက် ​လျှောက် လိုက်ပီး ဓါတ်တိုင် ၃တိုင်​ကျော်​လောက်​ကြ​တော့

​နောက်ကို မရဲတရဲ လှည်ကြည့်လိုက်​​တော့ လိုက်လာမှန်း မ​တွေ့ရ​တော့ မှ
ထို ဓါတ်တိုင်နားတွင်ပင်
​ခြေစုံထိုင် ချပြီး အသံတိတ် ကြိတ်ငိုမိတယ်

မ​​တွေ့ချင်တယ့် ဘ၀ရဲ့ အမဲစက်မျက်နှာ​တေ ကို တစ်ခါထဲ ၃​ယောက်​တောင်​တွေ့လိုက်ရ​တော့
​တော်​​တော်ကို အဆင်​ပြေမ​နေပါဘူး​နော်

*********
ကိုယ်​တိုင်ရေး အတ္တု ပတ္တိ

Own tunes ပါ ထုံးစံအတိုင်း အိမ်မက်ပါပဲ 🎆

​ရှေ့က တစ်ပုဒ်ပြင် ဖြစ်​​မြောက်​အောင် အပိုင်း သစ် မ​ရေးနိုင်ဘူး

လာပြန် ပီ ​နောက်တစ်ပုဒ် 😁
ကြိုးစားထားပါတယ်

Memory Lane Where stories live. Discover now