"မင်းအဝတ်အစားအသစ်တွေမလိုချင်တော့ဘူးလား''

"ရှင်ပြောတော့ပြန်ရောက်ရင်ပေးမယ်ဆို''ရှီရှန်းကသူ့ကိုစိုက်ကြည့်လိုက်တယ်

ဖုန်းကျင်းကသူမကိုလျစ်လျူရှုပြီးတော့သန့်ရှင်းရေးလုပ်ဖို့ထွက်သွားတယ်

ရှီရှန်း ကသူ့နောက်ကိုပျံလိုက်လာပေမဲ့ခေါင်းကိုပြန်လှည့်ပြီးတော့ဧည့်ခန်းကိုထွက်သွားတယ်

.......

တစ္ဆေတွေအတွက်အဝတ်တွေကအထူးပြုလုပ်ထားတဲ့ပိတ်စနဲ့မှရတာ,ဖုန်းကျင်းကနှစ်စုံယူလာတယ်ပြီးတော့သူအဝတ်တွေယူလာတဲ့အခါ......

သူ့ရဲ့ဧည့်ခန်းကိုသူစိုက်ကြည့်လိုက်တယ်သူ့အိမ်အစစ်မှဟုတ်ရဲ့လား?

'ငါ့ပစ္စည်းတွေရော?ရှုပ်ပွနေတယ်ဆိုရင်တောင်နံရံကြီးပဲတော့ရှိနေတာမဟုတ်ဘူးလေ'

ရှီရှန်းကနံရံပေါ်ကနေပျံလာပြီးတော့ပြုံးဖြီးဖြီးလုပ်နေတယ်

"ငါ့ပရိဘောဂတွေရော'' ဖုန်းကျင်း ကဒေါသတစ်ကြီးမေးတယ်

"မီးရှို့လိုက်ပြီ'' ရှီရှန်းကအေးအေးဆေးဆေးဖြေတယ်

'မီး...မီးရှို့လိုက်တယ်!!'

ဖုန်းကျင်းကအသက်ပြင်းပြင်းရှူလိုက်တယ်''ငါကမင်းကိုအခန်းရှင်းခိုင်းတာလေ, ပစ္စည်းတွေရှင်းထုတ်ခိုင်းတာမဟုတ်ဘူး''

"ခုရှင်းသွားပြီပဲလေ'' ရှီရှန်းက မကျေမနပ်နဲ့ပြောတယ်
'ရှင့်ကိုကျေနပ်အောင်လုပ်ရတာကလည်းခက်ခဲလိုက်တာ,တစ်ခါတည်းကောင်းကင်ဘုံကိုတက်သွားပါလား'

'ဒါပေါ့, ခုမှအိမ်ပြောင်းလာတဲ့အတိုင်းကိုရှင်းလင်းနေတာပဲ,တော်သေးတယ်မင်းကိုဧည့်ခန်းပဲရှင်းခိုင်းမိလို့မဟုတ်လို့ကတော့,ငါနေလို့တောင်ရပါ့မလားပဲ'

ဖုန်းကျင်းကအဝတ်တွေကိုမီးရှို့ပေးပြီးတော့အိပ်ခန်းကိုရှင်းဖို့တစ်ယောက်တည်းထွက်သွားတယ်

'ငါဒီသရဲကိုဘာကိစ္စဆက်မွေးထားရမှာလဲ, ပြဿနာအရှာခံရဖို့လား'

ရှီရှန်းသူမအဝတ်တွေကိုသိပ်မကျေနပ်ဘူးအရောင်လေးတွေကလှပေမဲ့ခေတ်နောက်ကျနေတယ်'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now