🍊- 1

1.5K 164 26
                                    

[ Unicode ]

" ဟေ့! ကြားပြီးပြီလား? Professor အသစ်ရောက်တယ်တဲ့ "

" ကြားသားပဲ..."

" အဲ... အသစ်လာမှာလေ စိတ်မလှုပ်ရှားဘူးလား .."

" မရှားပါဘူး အရင်အခေါက်တွေလိုပဲ ဟိုအမွှေးတွေပါဖြူနေတဲ့ ဘိုးတော်ကြီးပဲဖြစ်မှာပေါ့ "

" ရိုင်းလိုက်တာ "

" မျက်ခုံးမွှေးကိုပြောတာ "

လင်းချူးချူးရဲ့စကားကို သူမမျက်နှာရှုံ့တွလိုက်မိသည်။ အမေဇုန်လူရိုင်းမရဲ့သွေးတွေစီးဆင်းနေတယ်ပြောရအောင်ကလည်း သူမကြောင်နေတဲ့ လင်းချူးရဲ့အမေ လင်းမေ့ကအဆင်ကြီး အလှတရားကြီး.. ဟိ...

" တော်စမ်းပါ.. အယ်ရီရယ်... အရင်အခေါက်တွေတုန်းကလည်း ဘိုးတော်ကြီးတွေပဲရောက်လာလို့ ဘယ်နှခေါက်စိတ်ပျက်ရပြီးပြီလဲ.. "

လင်းချူးက သူမရဲ့ပြုံးနေတဲ့မျက်နှာကိုစိတ်ကူးယဉ်နေတယ်အထင်နဲ့ပြောသည်။ သူမမျက်နှာပိုးသတ်လိုက်သည်။ သူမ လင်းချူးရဲ့အမေကိုကြံနေကြောင်း လင်းချူးသိစရာမလို...

ထိုအချိန်ပဲ Dean ရဲ့ assistant ကဒေါက်ဖိနပ်သံ ခပ်ကျော့ကျော့နှင့်ဝင်လာသည်။ လင်းချူးရော အယ်ရီရောရဲ့မျက်အိမ်တွေဟာကျယ်သွားပြီး သူမဆီမှာ ပြီးနောက်သူမနောက်ကလိုက်လာတဲ့အမျိုးသားတစ်ယောက် ... Suit jacket ကို denim နုနုနှင့်ဝင်ဆင်ထားပြီး ရွှေရောင်မှန်ကနှာတံပေါ်တင်လို့ ... အရှိန်အဝါဟာ ဆူညံနေသည့်အခန်းကိုငြိမ်သက်သွားစေသည်။ ပြုတ်မနူးလင်းချူးအပါအဝင် အခန်းထဲကလူအကုန်လုံး၏ မျက်လုံးများမှာ ဘလင်းဘလင်းဖြစ်သွားကြသည်။

" Hello everyone! Good Afternoon... ကျွန်မ မင်းတို့ကို major professor အသစ်နဲ့ပိတ်ဆက်ပေးချင်တယ် "

အခန်းထဲကအသံများလှုပ်ရွသွားပြီး လေချွန်သူကချွန်နှင့်။

" အိုဆယ်ဟွန်းပါ... ရှေ့လျှောက်ပူးပေါင်းပါဝင်ပေးကြပါအုံး "

ပရော်ဖက်ဆာအိုမှ အခန်းကိုခပ်တည်တည်ရုပ်နှင့်ဝေ့ကြည့်လိုက်ခြင်းအပြီးမှာ celebrity တစ်ယောက်ကိုတွေ့သလိုဆူညံသံတွေရှူပ်ယှက်သွားသည်။

Mr. Professor, please love me back! ><Where stories live. Discover now