ရှီရှန်းက ကြမ်းပြင်​တွေကိုဖြတ်ပြီး စတုတ္ထအထပ်ကိုသွားလိုက်တယ်  တစ်ထပ်လုံးကို​ဟောခန်းကျယ်ကြီးတစ်ခန်းနဲ့ဖွဲ့စည်းထားတယ်
သူမအထဲကို၀င်လိုက်တာနဲ့ ​ကျောချမ်းစရာအ​ငွေ့အသက်ကိုခံစားမိတယ် ဒါ​ပေမယ့် အဲ့ဒါက အိမ်ရဲ့အခြား​နေရာ​တွေမှာခံစားရတဲ့​အေးစက်မှုနဲ့​တော့မတူဘူး..

​​ကျောစိမ့်စရာအ​ငွေ့အသက်အပြင် ပြတင်း​ပေါက်​တွေကိုလည်း လိုက်ကာအနက်​ရောင်​တွေနဲ့ကာထားပြီး အလင်း​ရောင်တစ်စက်မှမ၀င်​အောင်လုပ်ထားတယ်

ရှီရှန်းက အခန်းကိုပတ်ကြည့်လိုက်​ပေမယ့်  သခင်မချီနဲ့တစ်ပုံစံတည်းတူတဲ့အမျိုးသမီးရဲ့ပန်းချီကားတစ်ချပ်ကိုပဲ​တွေ့ရတယ်

ဟင့်အင်း...သူတို့မှာကွာခြားမှု​တွေရှိတယ်..

"ငါတို့​တွေတူကြတယ်မလား.."
သူမရဲ့​နောက်က​နေ အသံတစ်သံရုတ်တရပ်ထွက်​​ပေါ်လာတယ်
ရှီရှန်းကချက်ချင်းလှည့်ကြည့်လိုက်တယ်
အနီ​ရောင်၀တ်ထားတဲ့အမျိုးသမီးတစ်​ယောက်က လိုက်ကာအနက်​ရောင်​ဘေးမှာရပ်​နေတယ် သူမက ပန်းချီကားထဲကအမျိုးသမီးပဲ..

အနီ​ရောင်နဲ့အဖြူ​ရောင်တ​စ္ဆေနှစ်​ယောက်က အခန်းထဲမှာ လိုက်ဖက်စွာရှိ​နေကြတယ်

အမျိုးသမီးကရှီရှန်းကိုပြုံးပြတယ်
''မင်းဘယ်လို​သေသွားတာလဲ''

"မမှတ်မိဘူး.."

"ငါ့အမြင်မှာ​တော့မင်းကကံ​ကောင်းတဲ့သူဘဲ...အသက်ရှင်တုန်းကအ​ကြောင်း​တွေကိုစဥ်းစား​နေစရာမလို​တော့ဘူး..ပြသနာနည်းတာ​ပေါ့.."

ရှီရှန်းကသူမကိုတိတ်ဆိတ်စွာစိုက်ကြည့်​နေတယ် သူမရဲ့စိတ်ထဲမှာ​တော့ ဒီမိန်းမကို ​​သေ​အောင်ဘယ်လိုရိုက်သတ်ရမလဲ​တွေးပြီး​တော့​ပေါ့

အမျိုးသမီးကစကားဆက်​ပြောတယ်
"ငါ​က ငါ့အသက် ၂၅နှစ်ပြည့်​မွေး​နေ့မှာသေသွားတာ​လေ....အဲ့ဒီအချိန်တုန်းက ငါ့ရဲ့နျန်နျန်​လေးကို​မွေးပြီးခါစ​လေး...ဒါ​ပေမယ့် သူမကြီးပြင်းလာတာကိုငါမမြင်လိုက်ရပါဘူး.."

...............

ပန်းချီကားထဲကအမျိုးသမီးရဲ့နာမည်ကို စုယွင် လို့​ခေါ်တယ်  သူမနဲ့ချီမိုက တက္ကသိုလ်မှာ ဘွဲ့မရခင်ကတည်းက ချစ်သူ​တွေဖြစ်ခဲ့ကြတာ..စုယွင်ရဲ့မိဘ​တွေနဲ့ ချီမိုရဲ့မိဘ​တွေက အရင်ကတည်းက ခင်မင်ခဲ့ကြတဲ့ မိတ်​ဆွေ​တွေဖြစ်ကြတာမို့ သူမတို့နှစ်​ယောက်လက်ထပ်ဖို့ကလည်း ​ချော​ချော​မွေ့​မွေ့ပဲပြီးဆုံးသွားတယ်.. လက်ထပ်ပြီး​တော့ သူတို့နှစ်​ယောက်ရဲ့ သံ​ယောဇဥ်​တွေက ပိုလို့​တောင်ခိုင်မာလာတယ် အဲ့ဒီ​နောက်မှာ စုယွင်က ကျန်းမာတဲ့သမီး​လေးတသ်​ယောက်ကို​မွေး​ပေးခဲ့တယ်..ပုံမှန်အားဖြင့်​တော့စုယွင်ကသက်​တောင့်သက်သာနဲ့​ပျော်ရွှင်စရာမိသားစုဘ၀ကိုပိုင်ဆိုင်ရ​တော့မလို​ပေါ့.....

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now