⚠️Become Owned⚠️

Start from the beginning
                                    

လုပ်ငန်းရှင်တွေလည်း လာမယ်ဆိုပဲ...ဖခင်ဖြစ်သူကတော့ အလုပ်ကိုစိတ်ဝင်စားလာအောင် အငယ်ဆုံးသားဖြစ်သူထယ်ယောင်းကိုလွှတ်လိုက်ခြင်းဖြစ်သည်...သူ့အကိုတွေကတော့ သူ့အလုပ်နဲ့သူ နေရာတကျရှိနေပြီ..

ထယ်ကတော့ အငယ်ဆုံးဆိုတဲ့အတိုင်း ဘယ်နေရာမှ ရေရေရာရာမရှိ အလေလိုက် အပေါင်းအသင်းတွေနဲ့ပျော်ပါး မိန်းမရှုပ်...အဲ့အလုပ်တွေနဲ့သာ သူ့နေ့စဥ်ဘဝကို ပတ်ချာလည်ရိုက်ကာ လမ်းပျောက်နေသည်ပင်...

ခုလို ဖခင်ဖြစ်သူရဲ့မလွန်ဆန်နိုင်တဲ့ အမိန့်ကြောင့် သူမလာချင်တဲ့ဒီနေရာကို လာခဲ့ရပြီ...စိတ်မပါတဲ့ခြေလှမ်းတွေနဲ့ ဟိုတယ်ထဲ ဝင်လာခဲ့လိုက်သည်...

ဂုဏ်သရေရှိ လူကြီးမင်းတွေများသည်မို့ ထယ်နည်းနည်းတော့ ပျင်းခြောက်ခြောက်ရှိလာသည်...လက်ထဲ ရှန်ပိန်တစ်ခွက်ကိုင်ကာ ပါတီပွဲကို တက်ရောက်လာတဲ့ လုပ်ငန်းရှင်တွေဆီ အကြည့်တွေဝေ့ဝဲကစားကာ လိုက်လံစပ်စုနေမိသည်...

tae pov : ဟမ်း လုပ်ငန်းရှင်တွေထဲမှာ Alphaတွေက ဘာလို့အဲ့လောက်များနေရတာလဲ...သူတို့ ပါတနာတွေကလည်း Omegaတွေချည်း...

စိတ်မပါသလို နှာခေါင်းကိုတစ်ချက်ရှုံ့လိုက်ပြီး သောက်လက်စရှန်ပိန်ကို တစ်ငုံမော့လိုက်သည်...အာရုံထဲ တိုးဝင်လာတဲ့ အနံပြင်းပြင်းတခု..ခေါင်းထဲမိုက်ခနဲ ဖြစ်သွားသည်..

tae pov : ကျစ် ဘယ်လိုအယုတ်တမာကောင်မျိုးက ဒီလိုသုံးစားမရတဲ့ ဟော်မုန်းတွေလွှတ်နေတာလဲ

- ဟိတ် ကောင်လေး

အနောက်ဘက်က ခေါ်သံတိုးတိုး..နီးကပ်လာတဲ့ ရင်အုပ်ကျယ်ကျယ်...နောက်ကို ဇပ်ခနဲလှည့်ကြည့်လိုက်တော့ စောက်ချိုးမပြေတဲ့ မျက်ခွက်နဲ့တည့်တိုးတယ်...

- မင်းလား စောက်ဖြစ်မရှိတဲ့ ဟော်မုန်းတွေကို တရစပ်လွှတ်နေတာ

- အိုး ထိုးစစ်ကပြင်းလှချည်လား...မင်းလေးစိတ်ပါရင် ကိုယ်တို့တစ်ညလောက် တူတူကုန်ဆုံးလို့ ရပါတယ်ကွာ

ရိတိတိမျက်နှာထားနဲ့ အရှက်ကင်းမဲ့စွာပြောလာတဲ့ ထိုကောင့်မျက်နှာကြောင့် ထယ့်ဒေါသတွေ ငယ်ထိပ်တက်ဆောင့်ကုန်သည်...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❶{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔫}Where stories live. Discover now