သူတို့ အခန်းတစ်ခန်းထဲကို၀င်သွား​တော့ ​ဆေးနံ့ခပ်ပြင်းပြင်းနဲ့အတူ ​စိတ်မသက်သာစရာ အနံ့အသက်ကိုရှူရှိုက်မိလိုက်တယ်

ဖြူ​ဖျော့​နေတဲ့သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အိပ်ရာ​ပေါ်မှာလှဲ​လျောင်း​နေတယ်  မျက်နှာက​သွေး​ရောင်မရှိဘဲ ခန္ဓာကိုယ်ကလည်း အရိုးစုသာသာပဲကျန်​အောင်ပိန်ပါး​နေတယ် သူ့နှုတ်ခမ်းက​ခြောက်ကွဲ​နေပြီး အသက်ရှူသံကလည်း ပါးလျ​နေတယ်
"မစ္စတာဖုန်း..တစ်ချက်​လောက်ကြည့်ကြည့်ပါအုံး.." အဘိုးအိုက အိပ်ရာ​ပေါ်မှာလှဲ​လျောင်းနေတဲ့သူကိုကြည့်ရင်း မျက်ရည်​တွေကျ​နေတယ်
"သခင်ကြီးကရုတ်တရပ်​နေမ​ကောင်းဖြစ်သွားတာ..သူ့အ​ခြေအ​နေကတဖြည့်ဖြည်းဆုတ်ယုတ်လာပြီး အခုလိုအ​ခြေအ​နေကို​ရောက်သွားတော့တာပါပဲ...ကျွန်​တော်တို့စဥ်းစားရသမျှနည်းလမ်း​တွေကိုသုံးပြီးကု​ပေမယ့်လည်း သူက ပြန်​ကောင်းမလာဘူး..ကျွန်​တော်​တို့မှာ အခြား​မျှော်လင့်စရာလည်းမရှိ​တော့တာ​ကြောင့် ဆရာ့ကို ဖိတ်လိုက်ရတာပါပဲ.."

ဖုန်းကျင်းက အဘိုးအိုကို ​မေးခွန်း​တွေအများကြီး​မေးတယ် အဲ့ဒီအချိန်မှာ ရှီရှန်းက​တော့ အခန်းထဲမှာ ပတ်သွား​နေပြီး သူတို့​ပြော​နေတာ​တွေကိုဂရုမစိုက်ဘူး..

'ဒီအခန်းထဲက အ​ငွေ့အသက်က အပြင်က​လောက်မပြင်းထန်ဘူး..'

ရှီရှန်းက  ဖုန်းကျင်း လူနာကို စမ်းသပ်​နေတာကို ကုတင်ပေါ်က​နေငုံ့ကြည့်​နေတယ်
သူ့အပြုအမူ​တွေက ​နှေး​ပေမယ့်လည်း ချီတုံ့ချီချဖြစ်သွားတာမျိုး မရှိဘူး
သူ့ရဲ့​ချော​မောတဲ့ရုပ်ရည်​လေးနဲ့ပါ​ပေါင်းလိုက်​တော့ ကြည့်လို့​ကောင်းတဲ့ မြင်ကွင်း​လေးဖြစ်​နေတယ်

ရှီရှန်းက​မေး​စေ့ကိုပွတ်လိုက်တယ်
'သူကဖုန်းစီဟုတ်မဟုတ် အမြန်သိရမှဖြစ်မယ်.'

"အိမ်​တော်ထိန်း..အိမ်​တော်ထိန်း..​ကောင်မ​လေးတစ်​ယောက်က ဒီမှာ ဒီတစ်ည​လောက်တည်းချင်တယ်လို့ ​ပြော​နေတယ်  "
အ​စေခံတစ်​​ယောက်​ရောက်လာပြီး အမြန်​ပြောတယ်
အဘိုးအိုကလည်းအံ့ဩသွားပုံရတယ်
"ဒီမှာ​နေမယ်?,"

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Opowieści tętniące życiem. Odkryj je teraz