သူမတို့​တွေခြံ၀င်းထဲကို၀င်လိုက်တာနဲ့ ရှီရှန်းကမသက်မသာခံစားလိုက်ရတယ် သူမကို တစ်​ယောက်​ယောက်က အ​မှောင်ရိပ်​တွေထဲက​နေ​စောင့်ကြည့်​နေသလိုမျိုးပဲ...
အိမ်​တော်၀င်းထဲမှာလည်း အလင်း​ရောင်လုံလုံ​လောက်​လောက်မရတဲ့အပြင် ထူးဆန်းတဲ့မြူခိုးတစ်ထပ်ကလည်းအုပ်ဆိုင်း​နေ​သေးတယ်
အဘိုးအိုက သူတို့ကို ဒုတိယထပ်ကို​ခေါ်သွားတယ် ​လှေကားတစ်ထစ်လှမ်းတက်လိုက်တိုင်းမှာ သူတို့ရဲ့နှလုံးကို ​လေးလံတဲ့စိတ်ခံစားချက်ကပိုပိုဖိစီးလာတယ်

'အ​ခြေအ​နေကသိပ်​တော့မ​ကောင်းဘူး..'

ရှီရှန်းကစိတ်အ​နှောင့်အယှက်ဖြစ်လွန်းလို့ ပုန်းပြီး​စောင့်ကြည့်​နေတဲ့ဟာတွေကို ဆွဲထုတ်ပစ်ချင်စိတ်​ပေါက်​နေတယ်
ရှီရှန်းရဲ့စိတ်လှုပ်ရှားမှုကို ဖုန်းကျင်းကသတိထားမိသွားပုံ​ပေါ်တယ်

"သူတို့ ငါ့အနားမကပ်နိုင်ပါဘူး..စိတ်​ကိုလျှော့ထား.." ဖုန်းကျင်းရဲ့တည်ငြိမ်တဲ့အသံကရှီရှန်းရဲ့နားထဲကို၀င်သွားတယ်

ရှီရှန်းက​အေးစက်စက်ပြုံးပြလိုက်တယ်
"ကျွန်မကို​ကြောက်​နေတယ်လို့ထင်​နေတာလား.."
သူမရဲ့အသံထဲမှာ​လှောင်​ပြောင်တဲ့အ​ငွေ့အသက်​တွေပါ​နေတယ်  သူမရဲ့မျက်လုံး​တွေက​အေးစက်​နေ​ပေမယ့် ​သေချာစိုက်ကြည့်မယ်ဆိုရင် ပုံမှန်မဟုတ်တဲ့တည်ငြိမ်မှုကိုလည်း​တွေ့နိုင်တယ်
ဖုန်းကျင်းကအကြည့်အမြန်လွှဲလိုက်ရတယ်
အတွင်းထဲမှာ​တော့ သူ့နှလုံးကပရမ်းပတာခုန်​နေတယ် အသက်ရှူသံ​တွေ​တောင်သိပ်မမှန်ချင်​တော့ဘူး..
နဥ်ရင်းရဲ့ဒီလိုဘက်ခြမ်းကို သူတစ်ခါမှမမြင်ဖူးဘူး..သူမရဲ့မျက်လုံးကိုစိုက်ကြည့်မိလိုက်တဲ့အချိန်မှာ အသက်ရှူ​တောင်ကြပ်လာသလိုပဲ..အန္တရာယ်​တွေနဲ့ပြည့်​နေတဲ့အခန်းကျဥ်းတစ်ခန်းထဲမှာအပိတ်ခံထားရသလိုမျိုးခံစားရ​စေတယ်

"မစ္စတာဖုန်း?" အဘိုးကြီးရဲ့အသံကိုကြားလိုက်ရတယ်
ဖုန်းကျင်းကသူ့အသိစိတ်ကိုပြန်ဆွဲ​ခေါ်ပြီး လက်ရှိအ​ခြေအ​နေကိုအာရုံစိုက်ကာ အဘိုးကြီး​နောက်ကိုလိုက်သွားလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now