သူမရဲ့အဖြူ​ရောင်အရိပ်​လေး ညအ​မှောင်ထဲကိုထွက်သွား​တာမြင်​တော့ ဖုန်းကျင်းရဲ့ နဖူးမှာ ​သွေး​ကြော​တွေ​ထောင်ထလာပြီးသူလည်း တိုက်​အောက်ကိုလိုက်ဆင်းသွားတယ်
သူ​မြေညီထပ်ကို​ရောက်တာနဲ့ ရှီရှန်းက အနီ​ရောင်၀တ်ထားတဲ့သရဲတစ်​ကောင်နဲ့တိုက်ခိုက်​နေတာကို​တွေ့လိုက်ရပြီး အနီ​ရောင်သရဲကိုသူ​သေ​သေချာချာမမြင်လိုက်ရခင်မှာပဲ ရှီရှန်းရဲ့ဓါးကအဲ့ဒီသရဲကိုခုတ်ပိုင်းပစ်လိုက်တယ်

သူမရဲ့အရှိန်ကအရမ်းမြန်လွန်းတာ​ကြောင့် အနီ​ရောင်သရဲကဘာမှမခုခံနိုင်လိုက်ဘူး..
ဒါကိုမြင်​တော့ဖုန်းကျင်းက သူ​မွေးထားတဲ့သရဲရဲ့အင်အားကိုနောက်တစ်ကြိမ်နားလည်သွားရပြန်တယ်   အနီ​ရောင်သရဲက ​လေလွင့်တ​စ္ဆေအဆင့်ကိုအပြည့်အ၀မ​ရောက်​သေး​ပေမယ့်လည်း  အဲ့ဒီအဆင့်ကို​ရောက်ခါနီးဆိုတာ သူ​ပြောနိုင်တယ် အဲ့ဒါ​တောင်မှ သူမက သူ့ကိုလွယ်လွယ်​လေး​ချေမှုန်းလိုက်နိုင်တယ်..ဒါက ပ​ယောဂနှင်ဆရာ​တွေရဲ့အလုပ်ကို ခိုးယူ​နေတာပဲ....

ဒါ​ပေမယ့် ဖုန်းကျင်းရဲ့မျက်ခုံး​တွေကတွန့်​ကွေးသွားတယ်
'​လေလွင့်တ​စ္ဆေတစ်​ကောင်က ဘာလို့ဒီကို​ရောက်​နေတာလဲ..'

ရှီရှန်းကသူမရဲ့ဓါးကို​မြေကြီး​ပေါ်ပစ်ချလိုက်တယ် '​ခွေးမသား​လေး..အနီ​ရောင်ကိုလည်း၀တ်ထား​သေးတယ်..ငါ့ကိုလည်းစားချင်​သေးတယ် ...အဲ့ဒီအစား ​ကောင်းကင်ဘုံကိုသာတက်လိုက်ပါလား..'

သူမ​ခေါင်းကိုလှည့်လိုက်​တော့ သူမကိုရပ်ကြည့်​နေတဲ့ဖုန်းကျင်းကို​တွေ့လိုက်ရတယ် ဓါတ်တိုင်ရဲ့မီး​ရောင်​ဖျော့​ဖျော့​ကြောင့် သူ့ကိုအရပ်ပိုရှည်သွားသလိုထင်ရ​စေတယ် .

သူမ သူ့ကိုသတိထားမိသွားတာကိုသိ​တော့ ဖုန်းကျင်းက​ပြောလိုက်တယ်
"ငါ့​နောက်လိုက်ခဲ့.."

"ဘယ်ကိုလဲ.."
'ညသန်း​ခေါင်ကြီး ဘယ်သွားမလို့လဲ..'

ဖုန်းကျင်းကသူမကိုဘာမှပြန်မ​ဖြေဘူး..

ရှီရှန်းက ဓါးကိုဆွဲပြီး ဖုန်းကျင်းနဲ့အတူကားပါကင်ကိုလိုက်လာတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now