Extra-8

2.8K 294 13
                                    

Unicode...

"ဘာ!!! နင်​​​ပြော​တော့ ပိရိ​စေရပါမယ်ဆို...အခုဘယ်လိုဖြစ်ရတာလဲ"

"အဲဒါ အန်တီ့ကို​မေးရမှာပါ...ထွန်းသစ်စက သံသာနဲ့ အန်တီအဆက်အသွယ်ရှိတယ်ဆိုတာကို ဘယ်လိုသိသွားရတာလဲ...တစ်အိမ်တည်း​နေတာပဲ​...သံသာ့ထပ်ပိုပြီးဂရုစိုက်​ရမယ်ဆိုတာ မသိဘူးလား"

"ညည်း ငါ့ကိုချည်းအပြစ်​ပြောမ​နေနဲ့... ငါနဲ့ဆက်စပ်​​နေတယ်ဆိုတာ သိသွားရင်​တောင် ညည်းကရ​အောင်ချုပ်ထားရမှာ​ပေါ့"

"ဒါနဲ့ ​မေးပါရ​စေဦး​အန်တီ...အန်တီက ထွန်းသစ်စကို မိဘအရင်း​တွေဆီ​ရောက်သွား​စေချင်တယ်ဆိုတာ​သေ​ချာရဲ့လား... အိမ်က​နေ နှင်ထုတ်ချင်ရုံပဲ မဟုတ်ဘူးလား"

သံသာ့အ​မေးကြောင့် ​ဒေါ်နွယ်နွယ်မျက်နှာ ကွက်ခနဲပျက်သွား၏။ ဖုန်းထဲကမဟုတ်ဘဲ သံသာသာ ​ဘေးနားမှာရှိ​နေရင် ချက်ချင်းရိပ်မိသွားနိုင်သည်။

"နှစ်ခုလုံး​ပေါ့​အေ... အိမ်​ပေါ်မ​နေ​စေချင်​တော့လို့ ငါကိုယ်တိုင်ကြိုးစားပမ်းစား သက်​​သေ​တွေ ရှာ​ပေးထားတာ​လေ"

"ဟားး...​သေချာရဲ့လား အန်တီ...တစ်ခုခု​တော့လွဲ​နေပြီထင်တယ်​နော်...အန်တီ သံသာ့ကိုနဖားကြိုးလာမထိုးနဲ့... အန်တီနဲ့အ​ပေးအယူရှိလို့ ဒါကိုလက်ခံခဲ့တာ​​နော်...အန်တီ​ပြောတဲ့လူ​တွေသာ ထွန်းသစ်စရဲ့မိဘအရင်း​တွေမဟုတ်ရင်​တော့ ​ဆောရီးအန်တီ...သံသာ အဲ​​လောက်​တော့မပိန်း​သေးဘူး"

"​နေဦး သံသာ ​နေပါဦး...ငါအမှန်တိုင်း​ပြောတာပါ​"

"​တော်​တော့အန်တီ...သံသာကိုယ်တိုင် ကာယကံရှင်​တွေကိုသွား​မေးပြီးပြီမို့ အန်တီ့အလိမ်အညာ​တွေ​တော်လိုက်​တော့...အန်တီနဲ့ပတ်သက်မှု ဒီမှာရပ်ပြီ​​နော်...ဖုန်းထပ်မ​ခေါ်နဲ့"

သံသာ့ဘက်မှ ဖုန်းချသွားပြီဖြစ်သည်။ ​ဒေါ်နွယ်နွယ်မှာ​တော့ အံကိုကြိတ်လျက် အခဲမ​ကြေဖြစ်​​နေ​တော့၏။ အကြံအစည်​အောင်မြင်ခါနီးမှ သံသာ​ရော ထွန်းသစ်စ​​ရောက အဖြစ်မှန်ကို ဘယ်လိုက​နေသိသွားကြတယ်မသိ။

အကယ်၍ ဒီစ​​​နေ​နေ့မှာသာ သံသာက ထွန်းသစ်စကို မိဘအရင်း​တွေဆီ​ခေါ်သွားမည်ဟု လိမ်လည်ပြီး​နောက် သံသာနှင့်ထွန်းသစ်စ ကုတင်တစ်ခုတည်း​​ပေါ်အတူတူရှိ​နေသည့်ဓါတ်ပုံအား ဖြန့်လိုက်ရမည်ဆိုလျှင် သူ့အကြံအစည်​အောင်မြင်နိုင်ပြီ။ ဦးထိန်ဝင်းကိုလည်း ထွန်းသစ်စအား ​​ဒေါသထွက်​စေရန် ဆွ​ပေးလိုက်လျှင် သံသာနှင့်အတင်းအကြပ်လက်ထပ်​စေပြီး အိမ်​​က​နေ ထွက်သွားရ​ပေမည်။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now