Part-32

3.3K 383 26
                                    

Unicode...

"ကိုသရက်သီး...ကိုသရက်သီး...အီးဟီးးး"

ခန့်ပိုင် ကိုသရက်သီးကို​တွေ့တာနှင့်  အားကိုးတကြီး ​အ​ပြေးသွားကာ ဖက်လိုက်သည်။ ခန့်ပိုင်ကို ဂြိုကြည့်ကြည့်​နေကြ​သော ဝိတ်တာ​လေးများပင် ဆက်ဉာဏ်​ရောက်လာ​တာ​ကြောင့် အကြည့်​​တွေကို ပြင်လိုက်ရသည်။

"ဘယ်လိုဖြစ်တာလဲကွာ...ဒါနဲ့ ​ဘေလ်ကဘယ်​လောက်ကျလဲ"

ဘယ်လိုက​နေဘယ်လိုသူ့ရင်ခွင်ထဲ​ရောက်​နေတယ်မသိ​သော နှာတိုမျက်​​မှေး​ကို​မေး​နေရာမှ သူနှင့်မျက်နှာချင်းဆိုင်ရပ်​နေကြ​သော ဝိတ်တာနှစ်​ယောက်ကို ​ကျသင့်​ငွေ​မေးလိုက်ခြင်းဖြစ်သည်။

"32000 ပါခင်ဗျ...ဒီမှာ ​ဘောက်ချာပါ"

ဆက်ဉာဏ် ​ကမ်း​ပေး​လာ​သော​ဘောက်ချာစာရွက်ကိုတစ်ချက်ကြည့်ပြီး ခါးကြားထဲက ပိုက်ဆံအိတ်ကိုထုတ်လိုက်ကာ 32000​ပေးလိုက်သည်။ ထို့​နောက် အခုထိ သူ့ကို​တောက်တဲ့လိုကပ်​နေပါ​သော နှာတိုမျက်​မှေးကို ခွာပြီး Barထဲက​နေထွက်လာခဲ့သည်။

"ဘယ်လိုဖြစ်ပြီး ပိုက်ဆံအိတ်​ပျောက်သွားရတာလဲ"

အငိုမတိတ်​သေး​သော ချာတိတ်က နှာတရှုံ့ရှုံ့နှင့် ​ဖြေဖို့ရာအားယူ​နေသည်။

"မသိဘူး...ကျွန်​တော်လည်း ထိုင်​နေတာပဲ...ဘယ်​တုန်းကအနှိုက်ခံလိုက်ရလဲမသိဘူး"

"မင်းက ပိုက်ဆံအိတ်ကို ဘယ်နားထားလို့လဲ"

မူး​နေပြီဟုဆိုနိုင်​သော ရီ​ဝေ​ဝေယိုင်တိုင်တိုင်ချာတိတ်က ဆက်ဉာဏ်နှင့်မျက်နှာချင်းဆိုင်​နေရာမှ အ​နောက်ကိုလှည့်ပြီး သူ့တင်ပါးကို သုံး​လေးချက် ဆက်တိုက်ပုတ်ပြသည်။

"ဟဲ့...ဟဲ့​ကောင်​လေး...ဘာ​တွေလုပ်​နေတာလဲ"

ဆက်ဉာဏ် အလန့်တကြားဝင်တားရ၏။ ​ဘေးနားက ဖြတ်သွားဖြတ်လာများကိုလည်း ​ဝေ့ဝဲကြည့်ရ​သေးသည်။

"ဟမ်...ကိုသရက်သီးပဲ ဘယ်နားထားလဲဆို...ကျွန်​​​တော် ဒီထဲပဲ ထည့်ထားတာဗျ"

​နောက်တစ်ကြိမ် တင်ပါးကိုပုတ်ပြန်သည်။ သူပြချင်သည့်​နေရာက ​ဘောင်းဘီအ​နောက်ဘက်က အိတ်​ထောင်ဖြစ်မည်။ သို့​သော် သူ့ပုံစံက​တော့ အိတ်​ထောင်ကိုပြ​နေတာနှင့်မတူ။

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now