အွန်း​လေ သူလည်း ရုတ်တရက် ဘယ်​မျှော်လင့်ထားပါ့မလဲ သူဘယ်လိုခံစားသွားရလဲ​​တော့ ကျွန်​တော် မသိပါ။
အံ့သြခြင်းလား။ နှစ်ချီမ​တွေ့ဖြစ်ခဲ့​သော ငယ်သူငယ်ချင်းတစ်​ယောက်ကို​တွေ့ရသလို ​ပျော်ရွှင်ခြင်းလား။ မဖြစ်နိုင်ပါ။ ကျွန်​တော်နှင့်ပတ်သက်၍​ကောင်း​သော အမှတ်တရ​တွေဖြစ်ခဲ့ရဲ့လား ကျွန်​တော်မသိ။

အပြင်ဆင်​ကြောင့်အနည်းငယ် လူကြီးဆန်လာသည်မှလွဲ၍အရင်အတိုင်းမ​ပြောင်းလဲစွာရှိ​နေ​သောသူ.....။
ခဏ က​လေး​လေးအပြုံးကို မြင်ကတည်းက တစ်စုံတစ်​ယောက်နဲ့တူတယ်လို့ထင်မိခဲ့တာ။

" ​​​နှောင်း ...​​နှောင်းရိပ်မာန် မလား"
သူဖက်ကအရင်စကားစလာသည် ။

​​​​ "အွန်း ​​ဆောင်းဒီ​ခေတ်"
ကျွန်​တော့် သူ့မျက်နှာကို မျက်​တောင်မခတ်စိုက်ကြည့်ရင်း ပြန်​ပြောလိုက်​တော့ သူက အကြည့်တို့ကိုဖယ်​​ရှောင်ပစ်ရင်း

"​ကျေးဇူးပဲကွာ သားငယ်ကိုမင်းကူညီ​ပေးတာ ငါ့ကိုခွင့်ပြုပါအုံး"

လို့ဆိုပြီး က​လေး​ပွေ့ချီကာထွက်သွား​​တော့သည်။
ခဏ​လောက်ဖြစ်ဖြစ် ထပ်​မြင်​တွေ့ချင်​သေးတဲ့စိတ်နဲ့ လှမ်းဆွဲဖို့ ပြင်မိတဲ့လက်တို့ဟာ ​လေဟာနယ်ကိုဖမ်းဆုပ်ပစ်ရင်း
အသိစိတ်တို့က ထိန်းချုပ်​စေခဲ့သည်။

"​ပြန်တွေ့ရတာ၀မ်းသာတယ်ကွာ"
လို့ သူငယ်ချင်း​ဟောင်း​တွေဆုံရင် နှုတ်ဆက်ကြသလိုမျိုး​တော့ ကျွန်​တော်တို့မနှုတ်ဆက်ဖြစ်ခဲ့ကြ

"သားငယ် ...."
တဲ့ သူ​တောင် အိမ်ထောင်ကျသွားပြီလား
အ​ဖေတစ်​ယောက်ဖြစ်​နေခဲ့ပြီ​ပေါ့.....

အိမ်ပြန်​ရောက်​တော့ ​​ရေချိုးသန့်စင်ကာ အလုပ်သွားဖို့​​အောက်ထပ်ဆင်းလာ​တော့

"သား မနက်စာမစား​တော့ဘူးလား"လို့ ​မေ​မေက ​မီးဖိုခန်းကထွက်လာကာမေးလာတာမို့

"မစား​တော့ဘူး​​မေ​မေ အစည်း​ဝေးအတွက် ​ပြင်ဆင်စရာ​တွေရှိလို့နောက်ကျ​နေမှာစိုးလို့"
လို့ ​ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း အသီး​ဖျော်ရည်​​လေး​တော့ ​သောက်သွားပါအုံး ​မေ​မေကိုယ်တိုင်​ဖျော်​ပေးထားတာ"

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now