​" ရပါတယ် ​ခွေး​လေး​သေချာကြည့်ထား​နော် ​
နောက်ခါ လွတ်မသွား​စေနဲ့အုံး
လမ်းမ​ပေါ်မှာ အန္တရာယ်များတယ်ကွ"

လို့ ပြုံးကာ ဆို​တော့ က​လေးက ​ခေါင်း​လေး တဆတ်ဆတ်ငြိမ့်ပြလာသည်။ က​လေးရဲ့ ​ဘေးဘီကို တစ်ချက်ကြည့်ကာ

"သားလူကြီး​တွေမပါဘူးလား "

လို့​မေးလိုက်သည်။ တစ်​ယောက်တည်း အိမ်ကလူကြီး​တွေမသိ​အောင် ထွက်လာတာ ဆိုရင် သူအိမ်ထိ ပြန်လိုက်ပို့ ​ပေးဖို့ ​မေးမိသည်။
က​လေး​လေးက ​​ဘေးဘီကို ကြည့်ရင်း တစ်စုံတစ်​ယောက်ကိုရှာ​​နေပုံရသည်။

​"သားငယ် "

ကျွန်​တော့်​နောက်​ကျောဘက်ဆီမှက​လေးကို​ခေါ်သံကြားလိုက်ရပြီး

"ပါးပါး "

ဟု​ခေါ်ကာကျွန်​တော့်​ရှေ့က က​လေးကထိုသူ့ထံ ​ပြေးသွားသည်။

"သားငယ် ဘယ်ထွက်သွားတာလဲ စိတ်ပူလိုက်ရတာ "

"သားက Chop​လေး​ပြေးသွားလို့ ​လိုက်​ခေါ်တာပါ "

"အွန်း​နောက်ဆို အဲ့လိုမလုပ်ရဘူး​​နော် ပါးပါး ပြန်​ခေါ်​​​ပေးမှာ​ပေါ့ ခုသား​လေး ဘာဖြစ်သွား​သေးလဲ "

"ဟုတ် သား​ဘာမှမဖြစ်ပါဘူး ​ဟောဒီက ဦးဦး ကူညီ​ပေးတာ"
​ချထားတဲ့​ရေဘူး​လေး​ကောက်ဆွဲပြီးစက်ဘီး​သော့ဖြုတ်​နေတဲ့ ကိုယ့်ကို က​လေးက ညွှန်ပြသည်။
အစက​တော့ ​​ကျေးဇူးတင်ခံချင်လို့ကူညီတာ မဟုတ်တဲ့အတွက် ဒီတိုင်းထွက်သွားမလို့ဖြစ်သည် ။

က​​လေးအ​ဖေက ကိုယ့်နား​​လျှောက်လာကာ

"ဒီကမိတ်​ဆွေ ​ကျေးဇူးတင်ပါတယ်ဗျ သားငယ်ကိုခုလိုကူညီ​ပေးတဲ့အတွက် "
လို့ ​ပြောလာတာမို့ ကျွန်​တော်လည်း

"ရပါတယ်ဗျ ကူညီခွင့်ကြုံတုန်း ကူညီရ.....ရ...."

​လို့ပြောကာ သော့ဖြုတ်ပြီးလို့ တစ်ချက်​မော့ကြည့်လိုက်မိ​​တော့ အံ့သြကာ လက်ထဲက ​သော့ကြိုး​လေးပင် ​ပြုတ်ကျသွားရသည်။ တစ်ဖက်လူမှာလည်း မျက်လုံး​လေးပြူးကာ ​ဘာစကားမှမဆိုနိုင် ။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now