(1)

14 2 0
                                    

ပထမဆုံး
အနံ့ရရင်တောင်အန်ချင်တဲ့ ready made coffee ကို တယုတယ ဖျော်တယ်။
ကြိုက်ပါတယ် လို့ ကိုယ့်ကိုယ်ကိုယ် ညာပြီး အတင်းကြိတ်မှိတ်သောက်တော့ ချိုအီအီအရသာက အန်ချင်စရာကောင်းလောက်အောင် လည်ချောင်းထဲကို
အလုံးအရင်းဝင်ရောက်ကုန်တယ်။

မကြာခင်မှာ လည်ချောင်းထဲပြန်လည်ပျို့တက်လာမယ့်ကိစ္စကို လျစ်လျူရှုရင်း နဂိုကတည်းက အနှုတ်ဘက်ရောက်နေတဲ့ စာကျက်ချင်စိတ်ကို အတင်းအဓမ္မဖျစ်ညှစ်ထုတ်တော့ ဘာမှလည်းမဆိုင်ဘဲ သူ့ကိုသွားသတိရတယ်။

ဒီလိုမှန်းသိ espresso ပဲသောက်ပါတယ်...။

ဦးနှောက်က အသည်းအသန်ငိုနေတဲ့ နှလုံးသားကို မသိချင်ဟန်ဆောင်လို့မရတော့တဲ့အဆုံး *124# ကို ဆင်ခြေလုပ်ပြီး ကုတင်ပေါ်ပစ်စလက်ခက် တင်ထားတဲ့ဖုန်းကို ခပ်တည်တည်နဲ့ကောက်ကိုင်တယ်။
ထွက်လာမယ့်အဖြေက ကျေနပ်စရာမဟုတ်မှန်းသိသိကြီးနဲ့။

နောက်ဆုံးတော့လည်း
ထုံးစံအတိုင်း...
MPT Agri net ကို စိတ်ရှည်ရှည်ထားမေတ္တာပို့ရင်း၊
IG မှာ သူမသုံးတော့တဲ့ acc လေးကို တစ်စိမ့်စိမ့်ကြည့်ရင်း၊
အပြင်ဘက်ကကြားနေရတဲ့ စာကျက်သံတွေကိုဆဲရေးရင်း၊
စာကြည့်စားပွဲခုံပေါ်ထိုင်ပြီးကတည်းက အခုထိအဖက်မလုပ်ရသေးဘဲ ဖွင့်ထားခဲ့တဲ့ agro စာအုပ်ပေါ် မျက်ရည်တစ်စက် ခါးသီးစွာကျသွားခဲ့တယ်။

20170201

*****
(Zawgyi)

ပထမဆုံး
အနံ႔ရရင္ေတာင္အန္ခ်င္တဲ့ ready made coffee ကို တယုတယ ေဖ်ာ္တယ္။
ႀကိဳက္ပါတယ္ လို႔ ကိုယ့္ကိုယ္ကိုယ္ ညာၿပီး အတင္းႀကိတ္မွိတ္ေသာက္ေတာ့ ခ်ိဳအီအီအရသာက အန္ခ်င္စရာေကာင္းေလာက္ေအာင္ လည္ေခ်ာင္းထဲကို
အလုံးအရင္းဝင္ေရာက္ကုန္တယ္။

မၾကာခင္မွာ လည္ေခ်ာင္းထဲျပန္လည္ပ်ိဳ႕တက္လာမယ့္ကိစၥကို လ်စ္လ်ဴရႈရင္း နဂိုကတည္းက အႏႈတ္ဘက္ေရာက္ေနတဲ့ စာက်က္ခ်င္စိတ္ကို အတင္းအဓမၼဖ်စ္ညႇစ္ထုတ္ေတာ့ ဘာမွလည္းမဆိုင္ဘဲ သူ႔ကိုသြားသတိရတယ္။

ဒီလိုမွန္းသိ espresso ပဲေသာက္ပါတယ္...။

ဦးေႏွာက္က အသည္းအသန္ငိုေနတဲ့ ႏွလုံးသားကို မသိခ်င္ဟန္ေဆာင္လို႔မရေတာ့တဲ့အဆုံး *124# ကို ဆင္ေျခလုပ္ၿပီး ကုတင္ေပၚပစ္စလက္ခက္ တင္ထားတဲ့ဖုန္းကို ခပ္တည္တည္နဲ႔ေကာက္ကိုင္တယ္။
ထြက္လာမယ့္အေျဖက ေက်နပ္စရာမဟုတ္မွန္းသိသိႀကီးနဲ႔။

ေနာက္ဆုံးေတာ့လည္း
ထုံးစံအတိုင္း...
MPT Agri net ကို စိတ္ရွည္ရွည္ထားေမတၱာပို႔ရင္း၊
IG မွာ သူမသုံးေတာ့တဲ့ acc ေလးကို တစ္စိမ့္စိမ့္ၾကည့္ရင္း၊
အျပင္ဘက္ကၾကားေနရတဲ့ စာက်က္သံေတြကိုဆဲေရးရင္း၊
စာၾကည့္စားပြဲခုံေပၚထိုင္ၿပီးကတည္းက အခုထိအဖက္မလုပ္ရေသးဘဲ ဖြင့္ထားခဲ့တဲ့ agro စာအုပ္ေပၚ မ်က္ရည္တစ္စက္ ခါးသီးစြာက်သြားခဲ့တယ္။

20170201

You've reached the end of published parts.

⏰ Last updated: Sep 27, 2021 ⏰

Add this story to your Library to get notified about new parts!

AwkwardlyWhere stories live. Discover now