ဖြည်း ငြိမ့် အေး သိမ့်

20 2 0
                                    

(Unicode)

သတိရတယ်။

နွေဦးလေပြေမဟုတ်တဲ့
လေရူးလေပွေတွေ
ရင်ကို နှစ်ချက် သုံးချက်ဆင့် ရိုက်ခတ်တော့
အသဲထဲကို လှိုက်ခနဲ မောခနဲရယ်။

လွင့်ထွက်မတတ်မို့
ရင်ခွင်ထဲကသားကို အမှတ်တမဲ့ ငုံ့အကြည့်
သူကတော့ ထုံးစံမပျက်
အေးလို့.. ငြိမ်လို့.. တည်လို့..
ဘေးက ငုတ်တုတ်ဘီယာဘူးကို မသိမသာ မျက်စပစ်လို့ရယ်။

ဒို..ဆို..လာ..ဖာ..
သူ့အမေ ဘီယာလေးနည်းနည်းဝင်ရင် အသံထွက်သိပ်ကောင်းတဲ့ သားနဲ့အတူတူ
ခရီးများအဆုံးထိလျှောက် တယ်။

ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်ကလေး..
သံစဉ်တွေကို မှတ်ကျောက်ထွင်းရင်း၊
ခင်ဗျားကို သတိရရင်းပေါ့..။

အေးအေးလေးနဲ့ သိမ့်သိမ့်ကလေး..
အညာရဲ့လိ‌‌မ္မော်နီရောင်နေဝင်ခြင်းကို မျက်နှာမူထားရင်း၊
ပါးပြင်ကို ကလူတဲ့ လေပြေအေးတစ်စကဝောာ့ ရှိပါစေတော့ပေါ့..။

ရှိပါစေတော့..
ထန်းပင်တန်းကြား တရိပ်ရိပ် ငုပ်လျှိုးသွားတဲ့ သင်္ခါရတရားဟာလည်း ပျောက်ကွယ်တော့မှာမို့၊
သူပြောဖူးတဲ့ ကိုယ့်ရဲ့ကျိန်စာယောင်ယောင် တောင်းဆုတစ်ခုနဲ့အတူ၊
အလွမ်းတွေကို အကျအန ထုပ်သိမ်းခဲ့တယ်။

ခင်ဗျား ကျုပ်ကို လွမ်းနေပါစေ။

202003301450

*****
(Zawgyi)
ျဖည္း ၿငိမ့္ ေအး သိမ့္

သတိရတယ္။

ေႏြဦးေလေျပမဟုတ္တဲ့
ေလ႐ူးေလေပြေတြ
ရင္ကို ႏွစ္ခ်က္ သုံးခ်က္ဆင့္ ႐ိုက္ခတ္ေတာ့
အသဲထဲကို လႈိက္ခနဲ ေမာခနဲရယ္။

လြင့္ထြက္မတတ္မို႔
ရင္ခြင္ထဲကသားကို အမွတ္တမဲ့ ငုံ႔အၾကည့္
သူကေတာ့ ထုံးစံမပ်က္
ေအးလို႔.. ၿငိမ္လို႔.. တည္လို႔..
ေဘးက ငုတ္တုတ္ဘီယာဘူးကို မသိမသာ မ်က္စပစ္လို႔ရယ္။

ဒို..ဆို..လာ..ဖာ..
သူ႔အေမ ဘီယာေလးနည္းနည္းဝင္ရင္ အသံထြက္သိပ္ေကာင္းတဲ့ သားနဲ႔အတူတူ
ခရီးမ်ားအဆုံးထိေလွ်ာက္ တယ္။

ျဖည္းျဖည္းေလးနဲ႔ ၿငိမ့္ၿငိမ့္ကေလး..
သံစဥ္ေတြကို မွတ္ေက်ာက္ထြင္းရင္း၊
ခင္ဗ်ားကို သတိရရင္းေပါ့..။

ေအးေအးေလးနဲ႔ သိမ့္သိမ့္ကေလး..
အညာရဲ႕လိ‌‌ေမၼာ္နီေရာင္ေနဝင္ျခင္းကို မ်က္ႏွာမူထားရင္း၊
ပါးျပင္ကို ကလူတဲ့ ေလေျပေအးတစ္စကေဝာာ့ ရွိပါေစေတာ့ေပါ့..။

ရွိပါေစေတာ့..
ထန္းပင္တန္းၾကား တရိပ္ရိပ္ ငုပ္လွ်ိဳးသြားတဲ့ သခၤါရတရားဟာလည္း ေပ်ာက္ကြယ္ေတာ့မွာမို႔၊
သူေျပာဖူးတဲ့ ကိုယ့္ရဲ႕က်ိန္စာေယာင္ေယာင္ ေတာင္းဆုတစ္ခုနဲ႔အတူ၊
အလြမ္းေတြကို အက်အန ထုပ္သိမ္းခဲ့တယ္။

ခင္ဗ်ား က်ဳပ္ကို လြမ္းေနပါေစ။

202003301450

AwkwardlyWhere stories live. Discover now