Extra

13K 978 113
                                    

Zawgyi Version

"မိဘမဲ့ဂေဟာလေးကော အဆင်ပြေရဲ့လား ဒေါ်လေး...?"

"အဆင်ပြေပါတယ် ထယ်လေးရယ်၊ ထယ်လေးကလိုလေသေးမရှိအောင် လုပ်ပေးထားတာပဲကို..."

ဒေါ်လေးကင်နဲ့အတူ ဧည့်ခန်းထဲမှာထိုင်ရင်း ကော်ဖီလေးသောက်ကာ စကားစမြည်ပြောဖြစ်ကြသည်...။
ကိုယ်တို့မိသားစုနေခဲ့တဲ့အိမ်လေးကို မိဘမဲ့ဂေဟာလေးအဖြစ်အသက်သွင်းခဲ့ပြီး ဒယ်ဂူမှာရှိတဲ့ ဒေါ်လေးကင်ရဲ့ဂေဟာလေးနဲ့ ပေါင်းခဲ့တာ ငါးနှစ်လောက်တောင်ရှိလောက်ရောပေါ့...။
အခုတော့ ဒေါ်လေးကင်က ဆိုးလ်မှာပဲနေပြီး အဲ့ဂေဟာလေးကိုဦးစီးနေသည်...။
ဒေါ်လေးမပင်ပန်းအောင်လည်း အကူမိန်းကလေးတွေလည်းထည့်ပေးထားသေးပါသည်...။

"ဒါနဲ့ သား ဂျောင်ကုရော...? Company ကနေ ပြန်မရောက်သေးဘူးလား...?"

ဒေါ်လေးရဲ့အမေးစကားကြောင့် ပြန်ဖြေမလို့လုပ်ရုံရှိသေး၊ အိမ်ရှေ့ကားရပ်သံကြားလိုက်ရလေတော့

"ဟိုမှာလာပါပြီ၊ ဒေါ်လေးရဲ့စကားတောင်မဆုံးသေးဘူး..."

ပြောနေတုန်းရှိသေး ကားတံခါးလေးကိုလက်ကလေးတွေနဲ့တွန်းဖွင့်ရင်း အိမ်ထဲ တောက်တောက်တောက်တောက်နဲ့ ပြေးဝင်လာပါသော ခြေထောက်သေးသေးလေးတွေ...။

"ပါးပါး..! သားသားပြန်ရောက်ပြီ...!"

ထိုင်နေသော ကိုယ့်ဆီလုံးတုံးလုံးတုံးနဲ့ ပြေးလာတဲ့ လေးနှစ်အရွယ်သားလေးကို ကောက်ချီလိုက်ကာ ပါးဖောင်းဖောင်းလေးတွေဆီ အနမ်းပေးလိုက်တော့ သားရဲ့တခစ်ခစ်ရယ်သံလေးက ဧည့်ခန်းထဲ ပျံ့နှံ့လျက်...။
ဟုတ်ပါရဲ့၊ အခုဆို ကိုယ်နဲ့မောင့်ရဲ့ဘဝထဲ သားလေးရောက်လာခဲ့တာ လေးနှစ်တောင်ရှိပြီပေါ့...။
မှတ်မိပါသေးသည်၊ သားလေးကိုမွေးတဲ့နေ့က မောင့်မှာအပျော်တွေလွန်နေခဲ့တာ...။
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးကို တဖွဖွပြောပြီး ကိုယ့်နဖူးဆီခြွေချလာခဲ့တဲ့အနမ်းတွေက ရေတွက်လို့တောင်မရခဲ့ဘူး...။

"ဂျွန်ဂျယ်ယောင်းလေး...! ကျောင်းမှာစာသေချာလုပ်နိုင်ခဲ့ရဲ့လား...?"

"ဟုတ်ကဲ့ ပါးပါး..."

အရင်နေ့တွေဆို ကျောင်းပို့ကျောင်းကြိုကိုယ်လုပ်နေကျဆိုပေမယ့် ဒီနေ့တော့ မောင်က အလုပ်ကိစ္စနဲ့လမ်းကြုံတယ်ဆိုတာနဲ့ သူ့သားကိုဝင်ကြိုခဲ့လေရဲ့...။
လက်ထဲကသားကို ဟိုနမ်းဒီနမ်းနဲ့မြှူနေတုန်း ခြေသံအကျယ်ကြီးနဲ့ အိမ်ထဲဝင်လာတဲ့မောင်...။
ဘာများဖြစ်လို့လဲဆိုပြီးကြည့်လိုက်မိတော့ မျက်မှောင်ကျုံ့လျက် အလိုမကျဖြစ်နေသော မောင့်မျက်နှာကြီးကိုတွေ့လိုက်ရပေတော့သည်...။

Tragically Beautiful [Completed]Where stories live. Discover now