ငါ မင်းကို နောက်တာပါကွာ တကယ်မဟုတ်ဘူး
လို့ ပဲ ပြောစေချင်ခဲ့တာ

သူဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အကြောင်းပြချက်တွေပဲ ကြားရဖို့ စိတ်လောနေခဲ့တာ

ဘယ်လိုစိတ်နဲ့များ ဒီလောက်ထိပြောထွက်ခဲ့ရခြင်းရဲ့ အဓိက တရားခံက ဘယ်သူကြောင့်လဲ
ဆိုပြီး မေးချင်နေခဲ့တာ

မင်း အိမ်ရှေ့ရောက်ရောက်ချင်း ကား တံခါးကိုတောင်သေချာမပိတ်နိုင်ပဲ အိမ်ပေါ်တက်ဆီကို အလျင်စလိုပြေးတက်သွားမိလိုက်တာ အရူး
တစ်ယောက်လို ငါပါလေ
မင်းရဲ့ အခန်းဆီသို့ရောက်ရန်
ခြေလှမ်းတွေကို ပိုပြီး ခပ်ကျဲကျဲလျှောက်မိတယ်

"ဟားဟားး ဟုတ်ပါပြီ Jaemin Hyung ရယ်"

"အင်း သေချာပေါက်လိုက်ခဲ့မှာပေါ့
အဲ့ကို အတူတူသွားစားကြမယ်လေ Hyung"

"ကြိုက်ပါတယ်ဆိုဗျာ Jaemin Hyung
ဘယ်သူမလို့လဲ "

အခန်း၀မှာတင် ငါမဟုတ်တဲ့ တခြားသူနာမည်ကို ဘယ်နှခါမှန်းမသိ ရေရွတ်ရင်း ပျော်ရွှင်နေတဲ့ မင်းရဲ့ အသံ
ငါရောက်မလာခင်အချိန်မှာကော မင်းဘယ်
နှကြိမ်များ ‌ရေရွတ်ပြီးပြီလဲ Hoseok ရယ်
ပြုံးရယ်နေတဲ့ မင်းရဲ့ မျက်နှာကိုပါ အလိုလို
ပုံဖော်မိရင်း ငါ့မဟုတ်တဲ့ တခြားတစ်ယောက်ဆိုတဲ့ အသိစိတ်ကြီးကြောင့် ငါ သေမလိုပဲ
တွေးလေ ရူးလေ ငါ့ရဲ့ စိတ်တွေက အဲ့ဒါတွေကြောင့်ပဲ ပိုပြီး အရိုင်းဆန်လာတယ်

တံခါးကို အကြမ်းပတမ်း ဆွဲဖွင့်လိုက်ပြီး
မင်းရဲ့ အနားကို ရောက်သွားတာနဲ့တစ်ပြိုင်နက်
ပါးပြင်မှာ ကပ်ထားတဲ့ ဖုန်းကိုပါ တစ်ဖက် နံရံဆီ
ပစ်ပေါက်ပစ်တယ်

အံ့ဩမှု‌နဲ့အတူ မယုံကြည်နိုင်စွာ ငါ့ကို
ငေးကြည့်နေတဲ့ မင်း
ကြောက်ရွံခြင်းတွေ စိုးရိမ်ခြင်းတွေ ဟာ မင်းရဲ့ ပကတိရိုးသားစင်ကြယ်တဲ့ မျက်၀န်းထဲမှာ ပြည့်နှက်နေလိုက်တာ
ဒါနဲ့များ ငါ့ကို ကမ္ဘာပျက်အောင်လုပ်ခဲ့ပြီး
မင်းက ဒီမှာ ဘာတစ်ခုမှမသိတဲ့ လူတစ်ယောက်
လိုမျိုး နေနိုင်အောင် ကြိုးစားအုံးမယ်ပေါ့
အဟက် ! သိပ်ရီရတာပဲနော် ပြီးတော့ ဒါဟာ မင်းအတွက် သိပ်ကိုလွယ်ကူပြီး စောက်ရမ်း
အဆင်ပြေနေတဲ့ ပုံပဲ

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now