အပိုင်း (၇၀.၁) - လက်ထပ်ပေးခြင်း

Start from the beginning
                                    

သူ့စကားဆုံးသည်နှင့် ဖူဝူထျန်း လက်ထဲမှ စာရွက်ကို ဆွဲယူလိုက်ပြီး ဘောလုံးအသွင် လုံးချေကာ အဝေးသို့ ပစ်လွှင့်လိုက်သည်။

"နောက်တစ်ခုကရော ဘာလဲ?"

ဖူဝူထျန်း က မေးလိုက်၏။

အန်းကျီယန် သူ့ရှေ့ရှိ နောက်ထပ် စာရွက်တစ်ရွက်ကို ယူလိုက်သည်။ စုတ်တံ တစ်ချောင်းဖြင့် စာရွက်ပေါ်တွင် အက္ခရာ ကြီးကြီးတစ်လုံးကို စတင်ရေးသားလိုက်၏။

"ကျွန်တော် အသစ်ပြန်ရေးမလို့"

မြေယာပိုင်ဆိုင်မှုများမှတစ်ပါး ခန်းဝင်ပစ္စည်းစာရင်းထဲတွင် အရာအားလုံး ထည့်သွင်းထားကာ ခြံဝန်းတစ်ဒါဇင်မျှသော ပိုင်ဆိုင်မှုများ ပါဝင်နေပေသည်။ ဤသည်က အလွန်တရာ ရက်ရောလှသော ပမာဏ ဖြစ်သည်။ သို့သော် အန်းချန်ဖူ ပြင်ပေးခဲ့သည့် ထိုစာရင်းသည် အလွန်တရာ များပြားနေရခြင်းမှာ သူက သူ့သမီးကို အရာရှိနှင့် လက်ထပ်ပေးရန် ကြံရွယ်ထားသောကြောင့် ဖြစ်သည်။

အန်းကျီယန်၌ ထိုသို့သော အကြံအစည်များ မရှိပေ။

အန်းခယ့်ရှင်းကို ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်တစ်ဦးနှင့် လက်ထပ်ပေးရန်သည်သာ သူ အာမခံနိုင်ဆုံးအရာ ဖြစ်သည်။ သို့မှသာ အန်းခယ့်ရှင်း၏ တစ်ဘဝလုံး ငွေကြေးအတွက် ပူပန်စရာ မလိုအပ်တော့မည် ဖြစ်၏။ ဤသည်မှာ အမျိုးသမီးများစွာ အိမ်မက်မက်နေကြသည့် လက်ထပ်ပွဲမျိုးဖြစ်သည်။ အန်းခယ့်ရှင်းကဲ့သို့ ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက် က ရာထူးရာခံနှင့် အဆင့်အတန်းမြင့် အရာရှိ ကို လက်ထပ်ရန်မှာကား ဖြစ်နိုင်ချေမရှိပေ။ တစ်ဖက်လူ က သူမကို ကိုယ်လုပ်တော် အဖြစ်ပင် လက်မခံသည်မျိုး ဖြစ်လာနိုင်ပေ၏။

"ဝမ်ဖေးလေးက သူမကို တုန့်ထိုင်းစီရင်စုက လင်းမျိုးရိုးနဲ့ လက်ထပ်ပေးမလို့လား?"

ဖူဝူထျန်း၏ မျက်လုံးထဲ၌ မြူးကြွကြွ အရိပ်အယောင်များ ဖြတ်သန်းသွား၏။

အန်းကျီယန် ဤသည်ကို မငြင်းပယ်ပေ။ သူက ဤမျှသာ ပြောလေ၏။

"လင်းမိသားစုက အန်းမိသားစု လောက် မချမ်းသာဘူးဆိုပေမယ့် တုန့်ထိုင်းစီရင်စုမှာတော့ ထိပ်တန်းစာရင်းဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပဲလေ။ အန်းခယ့်ရှင်း သာ သူနဲ့ လက်ထပ်လိုက်မယ်ဆို ပဏာမဇနီး ဖြစ်လာလိမ့်မယ်။ လင်းရှင်း ကလည်း လင်းမိသားစုရဲ့ တစ်ဦးတည်းသောသားပဲ။ ကျွန်တော် သူ့ကို စုံစမ်းပြီးသွားပြီ...သူ့မှာ အခုထိ ဇနီးတစ်ယောက်မှ မရှိသေးဘူး။ အန်းခယ့်ရှင်း လက်ထပ်မယ်ဆို မမှားနိုင်ဘူး။ သူမမှာသာ အကြံအစည်ရှိပြီး ခေါင်းသုံးတတ်ရင် လင်းမိသားစုအတွက် ပထမဆုံး ကလေးကို မွေးပေးနိုင်လိမ့်မယ်။ အဲ့ခါကျရင် လင်းမိသားစုတစ်ခုလုံးက သူမအိတ်ထောင်ထဲ ရောက်သွားမှာပဲ"

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now