Part 17

469 70 5
                                    

ကမ္ဘာတစ်ဖက်ခြား
Part 17

"ကိုကို... မောနေပြီမလား... ဒီမှာ ခဏထိုင်နေဉီးနော်... ကျွန်တော် အချိုရည်သွားဝယ်လာခဲ့
မယ် ''

" အင်းအင်း... ရိပေါ်... အရမ်းမကြာနဲ့နော်... ''

" အင်းပါ... မကြာဘူး... ခဏပဲ... ''

သူ.... ရှောင်းကျန့်အား အပင်ရိပ်အောက်က ခုံတန်းတွင်ထိုင်စေပြီး အချိုရည်ရောင်းမည့်ဆိုင်
အား ရှာဖွေရန် ထွက်လာခဲ့သည်... သူတို့ လော့ယန်မြို့ကနေပြန်လာပြီး ရှီအန်းမြို့သို့ တစ်ခါ
ရောက်လာခဲ့ခြင်းပင်... သူကိုယ်တိုင်... ဒီသမိုင်းဝင်မြို့လေးကို နှစ်သက်မိသဖြင့် ဒေါ်လေး၏
နှစ်ပတ်လည်နေ့လာတိုင်း.တစ်ပတ်လောက်တော့ အမြဲနေထိုင်လည်ပတ်တတ်သည်.. ဒီမြို့လေး
က သူနဲ့ရေစက်ပါတယ်ဆိုမလား?ဒီမြို့ရောက်တိုင်း ရင်ထဲမှာ လွမ်းမောမှုနှင့်အတူ မခွဲနိုင်မခွာ
ရက် ဖြစ်တတ်သည်..

သူ.. အချိုရည်ဝယ်ပြီး ပြန်လာတော့ ရှောင်းကျန့်မှာ သူ.ထားခဲ့သောနေရာတွင် မရှိတော့ပါ..
စောင့်နေရတာကြာလို့ လျှောက်ကြည့်နေပြီ ထင်ပါရဲ့....  သူ... စိတ်ပူစွာပဲ ရှေးဟောင်းပန်းခြံ
ထဲတွင် လျှောက်ပတ်ရှာရသည်...

ကန်ရေပြင်ကို တိုက်ခတ်လာသော လေနုအေးလေးကြောင့် ကြာကန်ကြီးကို တစ်ချက်ငေးမော
ကြည့်လိုက်ရင်း ပြန်လည်ပြုပြင်ထားသော တံတားလေးပေါ်သို့ လျှောက်လာခဲ့လိုက်သည်..
ယခင်တစ်ခေါက် လာတုန်းက.. ရှောင်းကျန့်တစ်ယောက် တံတားပေါ်မှာတစ်ခုခု.ရေးနေသည်ကို
သိပေမယ့် သူ..မကြည့်ခဲ့သဖြင့် သတိရကာ..ထိုနေရာလေးအား.သတိတရ သွားပြီး ရှောင်းကျန့်
ဘာရေးထားလဲ ငုံ့ကြည့်လိုက်မိသည်....

"ဝမ်ရိပေါ်နဲ့ ဝေ့ဝူရှန့်...အလည်အပတ်ရောက်ခဲ့သည်...တဲ့...ဟမ်...ဝေ့ဝူရှန့်ဆိုတာ ဘယ်သူလဲ''

မှင်ဖျက်ဆေးအဖြူဖြင့်ရေးထားသော ထင်ရှားသည့်စာတမ်းအား မျက်မှောင်ကျုံ့ကာကြည့်နေရာမှ အောက်က မှုန်ပြာပြာ စာတစ်ကြောင်းအား တွေ့မိသဖြင့် သေချာငုံ့ကာ ဖတ်လိုက်ပြန်
သည်...

"ဝမ်ရိပေါ်.... ငါပါ.. ရှောင်းကျန့်..... အဲ့ဒီ.. ဝေ့ဝူရှန့်က.. ငါ့ခန္ဓာကိုယ်ထဲရောက်နေတာ.. သူက
ရှေးခေတ်ကလူတစ်ယောက်ပဲ... ငါက... အခု ....ဝေ့ဝူရှန့်ခန္ဓာကိုယ်ထဲရောက်နေတယ်.. ငါ့ကို
ကူညီပါ .... ဟမ်....  ဘာလဲ? "

ကမ္ဘာ တစ်ဖက်ခြားWhere stories live. Discover now