Part 6 (uni)

662 77 1
                                    

ကမ္ဘာတစ်ဖက်ခြား
Parrt 6

AD 220 ဟန်မင်းဆက်
ဟန် ဧကရာဇ် ဂေါင်ဇူ လက်ထက်
ချန်အန်းမြို့တော်

ချင်မင်းဆက် ပျက်သုန်းပြီးနောက် ပေါ်ပေါက်လာသော မင်းဆက်ဖြစ်ပြီး နှစ်ပေါင်း ၄၀၀ ကျော် ကြာမြင့်ခဲ့သည့် ဟန်မင်းဆက်သို့.... သူ.... အချိန်ခရီးသွားကာ ရောက်ရှိလာခြင်းဖြစ်
လေသည်....

သူ....  ဆိုတာ အသက် ၂၈နှစ်အရွယ် ဒေါက်တာ ရှောင်းကျန့်.....

လက်ရှိ သူ... ပိုင်ဆိုင်ထားရသည့် ခန္ဓာကိုယ်မှာ သူ့ထက် အသက် ၈နှစ်ငယ်သော သူနှင့် ခွဲမရ
အောင်တူသည့် ရုပ်ရည်ချောမောလှပသော်လည်း ပေတေစုတ်ပြတ်သည့်ဘဝကို ပိုင်ဆိုင်ထား
သော ဝေ့ဝူရှန့် ခေါ် ဝေ့ရင်းဟူသည့် လုလင်ငယ်လေး၏ ခန္ဓာကိုယ်ပင်...

အချိန်ခရီးသွားသည်ဟု ယူဆခဲ့သော်လည်း ရုပ်ရည်သာမက ခန္ဓာကိုယ်အားလုံးရှိ အမှတ်တချို့
နှင့် မှဲ့များပင် နေရာမလွဲအောင် တူနေခြင်းကိုတော့ အဖြေရှာမရခဲ့...

တစ်ဖက်က ကားအက်စီးဒင့်ဖြစ်ခဲ့သော ခန္ဓာကိုယ်ကတော့ သေဆုံးခဲ့ပြီလား မသေချာ....
ယခု အရပ်ရှည်သော်လည်း ပိန်လှီသေးကွေးသော ခန္ဓာကိုယ်ပိုင်ရှင်ကတော့ ရေနစ်၍ သေဆုံး
ခဲ့ပြီ ထင်ပါရဲ့..... ထိုသူ့ဘဝက အသက်ရှင်နေရတာထက် သေသွားတာကမှ ပိုကောင်းဉီးမည်..

အဘယ်ကြောင့်ဆိုသော်...
ဝေ့ဝူရှန့်ဆိုသော လုလင်ငယ်မှာ မွေးမွေးချင်းပင် မိခင်ဖြစ်သူ မီးတွင်းထဲတွင် သေဆုံးသွား
သဖြင့် ဖခင်ဖြစ်သူ ဝေ့သခင်ကြီး၏ မုန်းတီးခြင်းခံခဲ့ရကာ သူ့အားပြုစုစောင့်ရှောက်ရန်အတွက်
နောက်အိမ်ထောင်ပြုခဲ့လေသည်...

နောက်အိမ်ထောင်မှ သူနှင့် သိပ်မကွာလှသော သားနှင့် သမီး မွေးဖွားခဲ့ပြီးနောက် သူ့အား ဖခင်
ကွယ်ရာတွင် အစေခံသာသာ ထားခဲ့လေသည်... ကံဆိုးစွာပဲ သူ... အသက် ၁၀နှစ်အရွယ်တွင်
ဝေ့သခင်ကြီး သေဆုံးခဲ့ပြန်သည် ...

နောက်ဆုံး စင်ဒရဲလားဆန်စွာပင် ဝေ့သခင်လေးအနေဖြင့် လူပေါ်ကျော့နေကာ ပညာသင်ကြား
နေရမည့်သူမှာ အသက် ၁၀နှစ်ထိပင် ပညာသင်ခဲ့ရပြီး ဝေ့အိမ်တော်၏ အစေခံဘဝသို့ ရောက်
ရှိခဲ့လေသည်...

ကမ္ဘာ တစ်ဖက်ခြားWo Geschichten leben. Entdecke jetzt