Part 13

471 44 0
                                    

ကမ္ဘာတစ်ဖက်ခြား
Parrt 13

"သားငယ် .. ဒေါ်လေး ရဲ့ နှစ်ပတ်လည်နေ့ရောက်တော့မယ်...  ဒီနှစ်တော့ သားငယ် သွားလိုက်
နော်... မေမေက ကုမ္ပဏီကို ကြည့်ထားလိုက်မယ် ''

"ဟုတ်ကဲ့...  မေမေ...  ဒါဆို ဒီနှစ် ကျွန်တော် သွားလိုက်မယ်... ကိုကို့ကို အလည်အပတ် ခေါ်သွားရင် ကောင်းမလားလို့ ''

"အင်း... သားငယ်  အဆင်ပြေရင်တော့ ခေါ်သွားလေ... ''

"ကိုကိုက ရှီအန်းမြို့ကို အရင်ကလည်း ရောက်ဖူးထားမှာ မဟုတ်တော့ စိတ်ပြေလက်ပျောက်လေးဖြစ်အောင်ပါ..မဟုတ်ရင် အိမ်ထဲမှာချည်းနေရတော့ပျင်းနေရှာမှာ... ''

ရိပေါ်၏ အဒေါ်ဖြစ်သူ ကွယ်လွန်ခဲ့သည်မှာ ၂၅ နှစ်ပင် ပြည့်ခဲ့လေပြီ....အရွယ်ရောက်ခါစက
ဘာကြောင့် အဒေါ်ရဲ့ နှစ်ပတ်လည်နေ့ကို ဂါရဝပြုရသလဲဟု မေးမြန်းခဲ့ဖူးသည်... ထိုစဥ်က
မေမေက သူ့ကို စိတ်မဆိုးစဖူး စိတ်ဆိုးကာ ခေါင်းခေါက်ခြင်းကိုခံလိုက်ရပြီး...ဖေဖေကတော့
သားအဒေါ်က သားအမေနဲ့မခြား သားကိုချစ်ခဲ့တာ... သားအသက်ကို ကယ်တင်ဖို့ သူ့အသက်
ကို အဆုံးရှုံးခံခဲ့တာဟု ရှင်းပြခဲ့သည်...

မိခင်ဖြစ်သူ စိတ်ဆိုးနေသဖြင့် ဘာကြောင့် ဆိုတာကို ထပ်မမေးဖြစ်တော့သည်မှာ ယနေ့အထိ
ပင်... ယခုထိလည်း ဖခင်နှင့်ဒေါ်လေးတို့၏ နှစ်ပတ်လည်နေ့ရောက်တိုင်း ဖခင်ခေါင်းချရာ
သူ၏မွေးရပ်ဇာတိဖြစ်သော လော့ယန်မြို့သို့လည်းကောင်း ဒေါ်လေးခေါင်းချရာ ရှီအန်းမြို့သို့
လည်းကောင်း ဂါရဝပြုရန် အရောက်သွားလေ့ရှိသည်...

ဝမ်ရိပေါ်သည် ကလေးတစ်ယောက်လို ဖြစ်နေသော ရှောင်းကျန့်အား ခေါ်ဆောင်၍ ရှီအန်းမြို့ သို့ လေယာဥ်နှင့် ထွက်ခွာခဲ့လေသည်... လေယာဥ် စီးရခြင်းအားအထူးတလည် ကြောက်လန့်နေရှာသော ရှောင်းကျန့်လက်သွယ်သွယ်အား လက်ခြင်းယှက်ကာ ဆုပ်ကိုင်ထားလျှက် ကြောက်စရာမလိုကြောင်း အားပေးနေခဲ့သည်...

"ဒါကြီးက ... မိုးပေါ်ကို ခုနကလို ပျံတက်သွားမှာလားဟင် ... အဲ့တာက တကယ်ကြောက်ဖို့
ကောင်းမှာပဲ... ''

လေယာဥ်ကွင်းသို့အဝင်တွင်.. သူတို့ရှေ့မှ ထွက်ခွာသွားသော လေယာဥ်အား ရှောင်းကျန့်မြင်
လိုက်သဖြင့် မျက်လုံးအဝိုင်းသားနှင့် သူ့ကိုလှည့်ကြည့်ကာ ပြောနေသည်...ရှောင်းကျန့်က...
တကယ်ကို နောက်တစ်ယောက်ဖြစ်သွားသလိုပါပဲ.... သူ... ရှောင်းကျန့်လက်ကို တင်းတင်းဆုပ်
ကိုင်လိုက်ပြီး နုညံ့စွာ ပြုံးပြလိုက်သည်...

ကမ္ဘာ တစ်ဖက်ခြားWhere stories live. Discover now