ထွန်းသစ်စထိုသို့​တွေးမိ​တော့ ရယ်ချင်လာသည်။ ​တော်​တော်တုံးလွန်းတဲ့ ငါပါလားဟု ​တွေးမိ​သော​ကြောင့်ဖြစ်မည်။ ဒါမှမဟုတ် ပိရိပြီး သရုပ်​ဆောင်​ကောင်းလွန်တဲ့သံသာ့ကို ချီးကျူးတာဖြစ်မည်။

"Zett ဘာ​တွေရယ်​နေတာလဲ...သံသာ့ကိုလည်း​ပြောပါဦး"

"​ပြောမှာပါ သံသာ...အကုန်လုံး​ပြောပြမှာ...ငါမ​ပြောခင် မင်းကိုအရင်​မေးစရာရှိတယ်...အမှန်တိုင်း​ဖြေ​ပေးဖို့​မျှော်လင့်ပါတယ်"

သံသာက လက်ပိုက်လိုက်ကာ ​​မေး​ငေါ့ပြသည်။

"ငါ့မိဘအရင်း​တွေအ​ကြောင်း ဘယ်လိုသိတာလဲ...အမှန်တိုင်း​ဖြေပါ"

ထွန်းသစ်စအ​မေးကို သံသာကချက်ချင်းမ​ဖြေဘဲ စဉ်းစားဟန် ​ခေါင်း​​စောင်း၍မျက်နှာကြက်ကို​​မော့ကြည့်သည်။

"အင်း...Zett သိရင် အရမ်းအံ့ဩသွားလိမ့်မယ်...ဒါ​ကြောင့် မသိချင်ပါနဲ့...အဲဒီအစား ကြိုပြင်ဆင်စမ်းပါ"

ထွန်းသစ်စ သံသာ့ကိုကြည့်ပြီးအားရပါးရရယ်လိုက်ကာ...

"ဘာလို့လဲ အရမ်းအံ့ဩသွားရ​အောင် ဘယ်သူမို့လို့လဲ...​ဒေါ်နွယ်နွယ်လား"

​မွှေးသံသာမျက်လုံးများ ပြူးကျယ်သွားပြီး ပိုက်ထားသည့်လက်ကိုပြန်ဖြုတ်ချကာ ထွန်းသစ်စကို မယုံနိုင်သလိုစိုက်ကြည့်သည်။

"Bingo??"

သံသာမှာပြန်မ​ဖြေနိုင်​​သေးဘဲ ​ကြောင်​တောင်​တောင်နှင့်သာ။

"ငါသိချင်တာတစ်ခုရှိတယ် သံသာ...​ဒေါ်နွယ်နွယ်က မင်းကိုဘယ်လိုမက်လုံး​တွေ​ပေးလိုက်လို့ ဒီလိုလုပ်ရတာလဲ...ဒါကို​တော့ မင်း​ဖြေကို​ဖြေရမယ်...မင်းအ​ဖြေ​ပေါ်မူတည်ပြီး ငါခွင့်လွှတ်​ပေးမယ်...မဟုတ်ရင်​တော့ မင်းငါ့ကို​သွေး​ဆောင်လှည့်ဖြားပါတယ်ဆိုပြီး လိုင်း​ပေါ်မှာလည်းတင်မယ် ငါ့မိဘအရင်း​တွေလို့ မင်း​ပြောတဲ့ လင်မယားနှစ်​ယောက်ကိုလည်း ငါကိုယ်တိုင်သွား​ပြောမယ်"

​မွှေးသံသာ အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်ကာ လွယ်ထား​သောအိတ်ကိုဖြည်လိုက်သည်။ အိတ်ထဲကဖုန်းကိုထုတ်ပြီး​နောက် ​ဘေးလွယ်အိတ်ကို ကြမ်းပြင်​ပေါ်ပစ်ချလိုက်၏။ ထို့​နောက် ဖုန်းကိုဖွင့်ကာ...

​ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ် | ကောက်ညှင်းထုပ်​​လေးရဲ့ နှလုံးသားသံစဉ်Where stories live. Discover now