Part 3

145 23 0
                                    

[Zawgyi]🐣🐣🐣🐣🐣

ဆေးရုံမှာရှိတဲ့ အခန်းတစ်ခု..VIP ဆိုတဲ့အတိုင်း အခန်းကျယ်ကြီးထဲမှာ ပစ္စည်းတွေမျိုးစုံနေကာ စံအိမ်အခန်းငယ်လေးအတိုင်း ဖြစ်နေသည်..

ဆေးရုံကုတင်အစား ၂ယောက်အိပ် မို့ရာတစ်ခု ထည့်သွင်းထားသည်.. ပန်းပင်ငယ်လေးတွေကို အခန်းထောင့်လေးတွေမှာ ထိုင်ခုံငယ်လေးတွေနဲ့ အလှဆင်ထားတာကြောင့် အခန်းတွင်းလေထုမှာ ပန်းရနံ့တွေ ဖြာဝေနေသည်..

ဆေးရုံရဲ့ VIP roomမှာ ပန်းပင်ငယ်လေးတွေရှိနေတာမထူးဆန်းပေမယ့် အဲ့ဒီပန်းပင်တွေက သိန်း၃၀ နီးပါးလောက်ရှိနေတဲ့ ရှားပါးမျိုးပင်တွေဆိုရင်တော့ ထူးဆန်းသွားပြီ..

ဆေးရုံက ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ VIP roomတိုင်းကို သိန်းဆယ်ကျော်တန်တဲ့ ပန်းပင်တွေထားမယ်ဆိုရင်တော့ နည်းနည်း များနေပြီလေ..

ပြောရရင် ဒီအခန်းထဲမှာတင်ကို ပန်းပင်၅ပင်လောက်ရှိနေပြီဖြစ်သည်..

ထူးဆန်းတာတစ်ခုက အခန်းထဲမှာရှိနေကြသည့် လူတစ်စုပင်..

ပန်းပင်တွေရဲ့ အလှအပကို မခံစားနိုင်တာလား..ဒါမှမဟုတ် ပန်းပင်တွေထက် ကြမ်းပြင်က ကျောက်ပြားတွေကပဲ ပိုလှနေသလားတော့ မပြောတတ်ပေ..

ရှိနေကြသည့် လူတိုင်း ခေါင်းတွေ ငုံ့နေကြကာ ကျောက်ရုပ်တွေနဲ့ အလားသဏ္ဍာန်တူနေလေသည်..

အဖြူဝတ်လူတစ်စု နဲ့ အမည်းဝတ်လူတစ်စုကို ပေါင်းစပ်လိုက်တော့ အခန်းတွင်းပြင်ဆင်မှုက ပိုပြီး တောက်ပြောင်သွားသလိုပင်..

သို့ပေမည့် ခေါင်းငုံ့ထားသည့် ထိုလူနှစ်စု၏ လားရာမှာရှိနေသည့် လူတစ်ယောက်ကို ထည့်တွက်လိုက်ရင်တော့ လက်ရှိ, ပြီးပြည့်စုံနေသည့် Setting အနေအထားကို အကျည်းတန်သွားစေသည်..

ခက်ထန်တင်းမာနေသည့် အနေအထားနှင့် အရှိန်အဝါတို့က ထိုလူ့ရဲ့ ပတ်ဝန်းကျင်တစ်ဝိုက် ပျံ့ကြဲနေကာ ထိုအုပ်စု၂စုမှာရှိနေသည့် လူအားလုံးကို ဖိအားပေးနေလေသည်..

ကျောပေးထားတဲ့အတွက်ကြောင့် ထိုလူ၏မျက်နှာကို သိသိသာသာမမြင်ရပေမည့် ဘေးဘက္မှာချထားသည့် ထိုလူ၏ လက်တွေ ခပ်တင်းတင်းဆုပ်ကိုင်ထားသည်ကို ကြည့်လိုက်ရရင်ဖြင့် ဒေါသထွက်နေမယ်ဆိုတာကတော့ သေချာသလောက်ပင်..

Don't Look BackWhere stories live. Discover now