Part 2

244 39 4
                                    

[Zawgyi]🍑🍑🍑

၃ရက်ကြာပြီးနောက်........

Seoul Incheon Airport..

ခရီးသွားမယ့်လူတွေနဲ့ ရှုပ်နေတဲ့ကြားက ထင်းထင်းလင်းလင်း မြင်နေရတဲ့ လူငယ်လေးတစ်ယောက်..

စထွက်လာကတည်းက လေဆိပ်ရှိ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို လှုပ်ခါသွားလေသည်.

လေဆိပ်ထဲရှိ လူတွေရဲ့မျက်နှာကို လက်ဖျားလေးနဲ့ ခပ်ပါးလေးလေး ပွတ်သပ်သွားသလိုပင်.

ဒီလူကို ချောလှပါတယ်လို့ ပြောမိရင် မိုးနတ်မင်းကတောင် ဆင်းလာပြီး သူတို့စကားကို ထောက်ခံမှာ သေချာတယ်.

ကမ္ဘာပေါ်မှာ တချို့သူတွေက အေးချမ်းတည်ငြိမ်စွာ လှတယ်. တစ်ချို့လူတွေကျတော့ ရူးသွပ်စရာကောင်းလောက်အောင်လှတယ်.

အခု သူတို့မျက်စိရှေ့ကလူကတော့ ရေခဲရုပ်ထုလိုမျိုး အလှ. ထိုလူ့ရဲ့ မျက်စံအတွင်းမှာလည်း ဘာမထီတဲ့အကြည့်တွေ ထင်ဟပ်နေသည်.

သူတို့ကသာ ထိုလူသားကို ငေးကြည့်နေမိတာ. ထိုလူသားကတော့ သိမယ်တောင်မထင်. ဘေးကနေ အေးဆေးစွာပဲ တစ်လှမ်းခြင်း ဖြတ်လျှောက်သွားသည်.

သူ့ရဲ့ ခြေလှမ်းတွေက မနှေးလွန်း မမြန်လွန်းပဲ ညင်သာသည်. တစ်ချက်တစ်ချက် အလှမ်းမှာ ရွှေမှုန်လေးတွေ ဖြာကျသွားသလိုပင်.

သူ့ရဲ့ အရှိန်အဝါကလည်း ရတနာတစ်ခုအလားတဖြတ်ဖြတ် လပ်နေလေသည်.

စကားတစ်ခွန်းပြောတိုင်း ကြုံ့ဝင်သွားတဲ့မျက်ခုံးလေး. အလိုမကျဟန် တွန့်တက်နေတဲ့ နှုတ်ခမ်းသားတစ်စုံ. သူက သဘာဝနတ်ဘုရားတစ်ပါးလိုပဲ. ပြီးပြည့်စုံလွန်းတယ်.

တစ်ခုပဲ. စကားပြောတာတော့ နည်းနည်းလေး...
ကြမ်းတယ်ပဲ ပြောရမလား.

ရုပ်ချောချောလေးနဲ့ မလိုက်. ထွက်လာတဲ့စကားတွေက နားမရှုချင်စရာပဲ..

"ငါ အခုလာနေပြီ. မင်းတို့တွေ အဆင်သင့်ပြင်ထား. တစ်ယောက်လျော့နေတာနဲ့ သေပြီသာမှတ်. အကုန်လုံးကို သတ်ပစ်မှာ!"

သူ့စကားအဆုံး ရောက်ချလာတဲ့ အလုံးတွေ..

သူ..မသိချင်ယောင်ဆောင်ကာ ဆက်သွားနေလိုက်တယ်.

Don't Look BackWhere stories live. Discover now